အမှန်တရား
လောကကြီးတွင်
(၁)ကောင်းသောအလုပ်ကိုလုပ်သဖြင့်ကောင်းကျိုးပေးသည်
လည်းတစ်ရပ်၊
(၂)ကောင်းသောအလုပ်ကိုလုပ်သော်လည်းမကောင်းကျိုးပေးသည်
လည်းတစ်ရပ်၊
(၃)မကောင်းသောအလုပ်ကို လုပ်သဖြင့် မကောင်းကျိုးပေးသည်
လည်း တစ်ရပ်၊
(၄)မကောင်းသောအလုပ်ကိုလုပ်သော်လည်းကောင်းကျိုးပေးသည်
လည်းတစ်ရပ်၊
ထိုဖြစ့်ရပ် များကို လူသားတို့ ဘ၀တွင် တွေကြုံခံစားနေရပါသည်
အဘယ်ကြောင့်ထိုသိုဖြစ်ရခြင်း အကြောင်းကို လည်း လူသားတို့  သိချင်လှသည်၊ ထိုအကျပ်အတည်း မေးခွန်းများကို မြတ်စွာဘုရားသည် ကျေနပ်ဖွယ် ဖြစ်အောင်ဖြေကြားတော်မူခဲ့၏
(၁) ပထမ အကြောင်းအရာ =ထိုသူသည် ဒုစရိုက်ကံ၏ ရှေ့ ကဖြစ်စေ ၊နောက်မှ ဖြစ်စေ၊ဒုက္ခ ဝေဒနာ ကိုဖြစ့်စေတတ်သော(အကြောင်း)ယုတ်မာ သော ကံကိုပြု၏၊ သေခါနီး ကာလ ထိုသူသည် မိစ္ဆာ အယူကို ပြည်ပြည်စုံစုံ ဆောက်တည်၏၊ ထိုယုတ်မာသော ကံကြောင့် ငရဲ သို့ ရောက်ရ၏၊ လူပြည်တွင် ပြုခဲ့သည် ဒုစရိုက်ကံ ၏အကျိုးကို မျက်မှောက် ဘ၀ဖြစ်စေ ၊တစ်ပါးသော ထိုထို ဘ၀တွင် ဖြစ်စေ ခံစားရ၏၊
(၂) ဒုတိယ အကြောင်းအရာ= ထိုသူသည် ဒုစရိုက်ကံ ၏ရှေ့ ကဖြစ်စေ၊ နောက်မှ ဖြစ်စေ၊သုခ ဝေဒနာကို ဖြစ်စေ တတ်သော( အကြောင်း) ကောင်းသော မြတ်သော ကံကို ပြု၏၊ သေခါနီး ကာလ မှန်သော အယူကို လည်း ပြည်ပြည်စုံစုံ ဆောက်တည်၏၊ ထိုကောင်းသော ကံကြောင့် နတ်ပြည် သို့ ရောက်ရ၏၊
လူပြည်တွင် ထိုသူ ပြုခဲ့ သော ဒုစရိုက် ကံအကျိုး ကိုကား မျက်မှောက် ဘ၀တွင် ဖြစ်စေ၊ ဒုတိယ ဘ၀တွင်ဖြစ်စေ၊ တစ်ပါးသော ထိုထို ဘ၀တွင် ဖြစ်စေ ခံစားရ၏၊
(၃)တတိယ အကြောင်းအရာ= ထိုသူသည် သုစရိုက်ကံ ၏ ရှေ့ ကဖြစ်စေ ၊နောက်မှ ဖြစ်စေ၊ သုခ ဝေဒနာ ကိုဖြစ်စေတတ်သော(အကြောင်း) ကောင်းသောကံ ကြောင့် နတ်ပြည် သို့ ရောက်ရ၏၊ လူဘ၀ တွက်ပြု ခဲ့သော သုစရိုက် ကံအကျိုးကို မျက်မှောက် ဘ၀တွင် ဖြစ်စေ၊ဒုတိယ ဘ၀ တွင်ဖြုစ်စေ
တစ်ပါးသော ထိုထို ဘ၀တွင် ဖြစ်စေ ခံစားရ၏၊
(၄) စတုတ္ထုအကြောင်းအရာ=ထိုသူသည် သုစရိုက် ကံ၏ ရှေ့ ကဖြစ်စေ
နောက်မှ ဖြစ်စေ၊ ဒုက္ခဝေဒနာ၏(အကြောင်း)မကောင်းသော ယုတ်မာသောကံ ကိုပြု ခဲ့၏၊ သေခါနီး ကာလ တွင်လည်း မှားယွင်းသော အယူ ၀ါဒ များကို ပြည်ပြည်စုံစုံ ဆောက်တည်၏၊ ထိုယုတ်မာသော ကံကြောင့် ငရဲ သို့ ရောက်ရ၏၊
လူဘ၀ တွင်ပြုခဲ့သော ကောင်းမြတ်သော သုစရိုက် ကံ အကျိုး ကိုက မျက်မှောက် ဘ၀တွင် ဖြစ်စေ ၊ဒုတိယ ဘ၀ တွင် ဖြစ်စေ၊ တစ်ပါးသော ထိုထို ဘ၀တွင် ဖြစ်စေ ခံစားရ၏၊
ထိုထို အဖြေ များကြောင့်  မကောင်းမူပြုသောလည်း မကောင်းမူကို မခံစား ရပဲ
ကောင်းကျိုးကိုသာ ခံစားနေရတဲ့ လူများ အပေါ်၌ တွေးမြင်နေသော အမြင်များ အမှန်တရားပေါ် ၌ သာတွေ့ မြင်နိုင် ကြပါစေ

0 comments:
Post a Comment