* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, September 10, 2009

သစ္စာရှာဖို့ မြင်းစီးသူနောက်ဆက်တွဲ


ဒီနေ့ပဲ ညီငယ်ရဟန်းတစ်ပါးက သူငှါးနေထိုင်တဲ့ အိမ်လေးကို ရောက်လာပါတယ်။ ညီငယ်လေးရဲ့ ခရီးဆောင်အိပ်ကို ရင်းရင်းနှီးနှီးမွှေမိတော့ စာအုပ်လေးတစ်အုပ်ထွက်လာပါတယ်။ ညီငယ်ရဲ့ရဟန်းမိခင်က မှတ်မှတ်ရရ လက်ဆောင်ပေးထားတဲ့ စာအုပ်ရဲ့ ပထမဆုံးစာမျက်နှာမှာ ပညာတတ်သူ့သားကို သတိပေးထားပေးပါသေးတယ်။ “တစ်ခါတစ်ရံ အမေ့သား စိတ်ကူးပေါက်ရင် ဖတ်ဖို့” တဲ့။ တကယ်တော့ သူ့သားဆိုတာကလည်း ပါရဂူဘွဲ့အတွက် ကျမ်းပြုနေတဲ့ ရဟန်းတစ်ပါးဖြစ်သလို သူ့အမေစိတ်တိုင်းကျ အနာဂတ်အိပ်မက်တွေ အဆင်သင့် မက်ပြီးသားဖြစ်နေခဲ့တာပါ။

သူ့မိတ်ဆွေ ညီငယ်မောင်ပဇင်းလေးက သူ့ရပ်ရွာလေးမှာ လေးစားလောက်ဖွယ်လုပ်ရပ်တွေနဲ့ဂုဏ်ယူစရာစာမျက်နှာတွေကို ဖန်တီးနိုင်ခဲ့ပါတယ်။ ဇာတိရွာလေးမှာ အထင်ကရ သိမ်တော်ကြီးကို တည်ဆောက်ပေးနိုင်ခဲ့သလို ရွာလေးရဲ့ မျိုးဆက်သစ်လူငယ်လူရွယ်တွေအတွက် သင်တန်းမျိုးစုံတွေ ဦးဆောင်ဖွင့်လှစ်နိုင်ခဲ့တာ ပျော်စရာကြီးပါ ။မကြာမီမှာ သိမ်တော်ကြီးရေစက်ချကုသိုလ်တော်အလှူပွဲ ဆင်နွှဲနိုင်တော့မှာဆိုပဲ။
အံ့သြစရာကတော့ ကရုဏာဝိဟာရပညာရေးဗိမာန်တည်ထောင်ရေးစီမံကိန်းကတော့ သာသနာ့ညီငယ်လေးရဲ့ ခမ်းနားတဲ့ ပရောဂျက်တစ်ခုဖြစ်နေခဲ့ပါတယ်။ သူအရွယ်နဲ့ သူ လောကီထဲက လောကုတ္တရာကို လှအောင် ရေးဆွဲထားတဲ့ ပန်းချီကားတစ်ချပ်ပဲဖြစ်ပါလိမ့်မယ်။ ရွာလေးက ထူးချွန်ကလေးတွေကို ပညာရေးထောက်ပံ့ငွေတွေ နှစ်စဉ်ပေးနိုင်အောင် အားထုတ်နေတာ သူမို့ စွမ်းနိုင်တာပါ။

ပြောချင်တာက ညီငယ်လေးရဲ့ ကျောပိုးအိပ်ထဲက စာအုပ်ပါ။ အဲဒီစာအုပ်ရဲ့ ခေါင်းစဉ်က '' Buddhism made plain" တဲ့။ရွှေပြည်ကြီးရဲ့ လေးစားလောက်တဲ့ ဘာသာပြန်ဆရာ (ဦး) ကျော်ဝင်းကတော့ “ သစ္စာရှာဖို့ မြင်းစီးသူ” ဆိုပြီးလှအောင်လုပ်လိုက်တာပါ။ မောင်သာနိုးကြီးရဲ့ အာရှတိုက်အလင်းရောင်ဘာသာပြန်ထဲက စကားလုံးတွေကို ကြိုက်လို့ဆိုပဲ။

တကယ်တော့ ဆရာကျော်ဝင်းဘာသာပြန်ပြီးတဲ့ အချိန်မှာမှ မူရင်းစာရေးသူနဲ့ သူက တွေ့ခဲ့ရတာပါ။ အမှန်တကယ်ရေးသူက Mr. Antony Fernando ဖြစ်ပါတယ်။ ကြီးကြပ်သူက Leonard Swidler ဖြစ်ပါတယ်။ မစ္စတာဆွစ်ဒလားက ပါမောက္ခကြီးပါ။ ကျမ်းရေးသူက ကျောင်းသားအဆင့်ပဲရှိပါတယ်။ မစ္စတာဆွစ်ဒလားကတော့ ကျမ်းရေးဆရာရဲ့ ကျမ်ကြီးကြပ်သူဆရာဖြစ်ပါတယ်.။ မစ္စတာဆွစ်ဒလားမြန်မာပြည်ရောက်ချိန်မှာ သူနဲ့ တွေ့လိုက်ရပေမယ့် ဆရာကျော်ဝင်းရဲ့ သစ္စာရှာဖို့မြင်းစီးသူရဲ့ ဖန်တီးသူရယ်လို့ မသိခဲ့ပါဘူး။

ဘာပဲဖြစ်ဖြစ် မစ္စတာဆွစ်ဒလားရဲ့ နာမည်ကို ဂူးဂဲလ်မှာ ရိုက်ထည့်လိုက်ရင်တော့ သစ္စာရှာဖို့ မြင်းစီးသူ ဇာတ်ဝင်ခန်းထဲတော့ ကျော့ကျော့လေးရောက်သွားမှာပါ။ ပြောရရင်တော့ သူက မစ္စတာ ဆွစ်းဒလားနဲ့ နံနက်စာကို မြန်မာလေဆိပ်အနားက Milliom coins စားသောက်ဆိုင်လေးမှာ ထိုင်ဘုန်းပေးရင်း စကားစမြည်တွေပြောခဲ့ကြသေးတာကိုး။ ဆရာဂျက်ကွမ်းခြံကုန်းကြီးလုပ်သလို ငါကားဖြစ်ချေပြီအပေါက်မျိုးပေါ့။

ဆရာကြီးက ဒိုင်ယာလော့ခ်ဘာသာရပ်ကို ပို့ချခဲ့တာစိတ်ဝင်စားစရာပါ။ ဒီနေ့ခေတ်မှာ ဒီဘိတ်တွေ မရှိသင့်တော့ဘူးတဲ့။ ဒိုင်ယာလောခ်တွေနဲ့ နွေးထွေးရမယ့်အချိန်ရောက်ပြီတဲ့။ သူဆွေမျိုးစပ်ပြလိုက်တော့လည်း အဟုတ်သားပေါ့။ ဂျူး၊ ခရစ်ယာန်။ အစ္စလာမ်နဲ့ ဟိန္ဒူဘာသာတို့က ထာဝရဘုရားကိုးကွယ်သူအချင်းချင်းမို့ ပထမဆုံးစကားပြောရမယ်တဲ့။ ဗုဒ္ဓဘာသာတို့ ဂျိန်းဘာသာတို့ကတော့ ထာဝရဘုရားကိုးကွယ်မှုကနေ ဖောက်ထွက်လာတာဆိုတော့ ဆွေမျိုးစပ်မယ်ဆိုရင် မဝေးဘူးတဲ့။ ဒီတော့ ငြင်းခုန်ရန်ဖြစ် ဒီဘိတ်တွေထက် ဒိုင်ယာလော့ခ်သာ ဖြစ်သင့်တာပါတဲ့။ ကမ္ဘာ့မိသားစုအိမ်ကျဉ်းကျဉ်းလေးထဲမှာ ညီအကို မောင်နှမတွေ အတွေးအခေါ်မတူ အယူအဆကွဲရုံနဲ့ ထမင်းလက်ဆုံမစားနိုင်ကြတာတော့ ၀မ်းနည်းစရာကောင်းတာပေါ့တဲ့။ စသည် စသည်ပေါ့လေ။

ဆရာကြီးက အသက်ကလည်း (၇၉) နှစ်ရှိပါပြီ။ ချမ်းမြေ့ဆရာတော်နဲ့ စကားပြောဖို့ သူက မိတ်ဆက်ပေးခွင့်ရခဲ့ပါတယ်။ ဆရာတော်ကြီးက သက်တော် (၈၀) ရှိပါပြီ။ပညာရှင်ကြီးနှစ်ဦးကြားက စကားတွေက တစ်သက်တာအောက်မေ့ဖွယ်ရာ သာရဏီယကထာအစစ် ဖြစ်ခဲ့ပါတယ်။

ဆရာကြီးမစ္စတာဆွစ်ဒလားနဲ့ အင်းစိန်၊ကြို့ကုန်းမှာရှိတဲ့ ခရစ်ယန်ဓမ္မတက္ကသိုလ်မှာ တွေ့ခွင့်ရတာပါ။ သူကလည်း အဲဒီတက္ကသိုလ်ရဲ့ ဧည့်ကထိကအဖြစ် ကမ္ဘာ့ဘာသာကြီးများဌာနမှာ သောကြာနေ့တိုင်းရောက်ဖြစ်ခဲ့တာပါ။ သူက Humanism ဆိုတာကို ကြိုက်နှစ်သက်တော်မူတဲ့ ဗုဒ္ဓအရှင်အကြောင်း သတင်းကောင်းပါးဖို့ ကြိုးစားခဲ့တာပါ။ ခရစ်ယန်ဘာသာဝင်မိသားစုတွေနဲ့ အပြုံးတွေ စကားလုံးတွေ ဖလှယ်ခွင့်ရခဲ့တာ အမှတ်ရစရာပါပဲ။

ီဘာပဲဖြစ်ဖြစ်ပေါ့ ညီငယ်လေးလို တက်ကြွလေးနက်တဲ့ ရဟန်းတစ်ပါးရဲ့ ကျောပိုးအိပ်ထဲက စာအုပ်တစ်အုပ်ထဲမှာ တစ်ခုခုတော့ သိပ်သိပ်သည်းသည်း ပါဝင်နေခဲ့ပါလိမ့်မယ်။ အမေရိကားက ဖုန်းခေါ်သံတော့ ကြားရပါသေးတယ်။ မစ္စတာ ဆွစ်ဒလား ကျန်းမာလျက်ရှိကြောင်း။




0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP