* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, August 21, 2009

မြတ်စွာဘုရားရှင်၏နောက်ဆုံးစကား



ပမာဒ”မေ့လျော့ခြင်းလို့အဓိပ္ပါယ်ရပါတယ်။ကောင်းတဲ့အလုပ်မှန်သမျှကိုမေ့လျော့အားနည်းပြီးမ
လုပ်ဖြစ်တော့ဘဲမကောင်းတဲ့လုပ်ငန်းမှန်သမျှသာလုပ်ဖြစ်တယ်။ အဲဒါကို “ပမာဒ”မေ့လျော့ခြင်းလို့
ခေါ်ပါတယ်။ဒုစရိုက်ဆယ်ပါးကင်းတယ်၊ဒါန၊သီလမြဲတယ်ဆိုပေမယ့်“ပမာဒ”မေ့လျော့ခြင်းကင်းတာ
မဟုတ်ပါဘူး။မာဃဒေ၀လင်္ကာသစ်မှာ-“ကောင်းမှုကိုပင်၊မလိုစအား၊သားမယားနှင့်၊ပျော်ပါးလေ့ကျက်၊ဆောင်းတွင်းကြက်သို့၊နံနက်ညနေ၊
မြဲမသွေ့လျှင်၊အသေနီးစွာ၊တစ်သက်လျှာမျှ၊ပျော်ရာမှီလျှက်၊ခဏတွက်ကို၊တမက်တမော၊မေ့လျှက်
ပျော်၏” ဟုဆုံးမထားတာကိုတွေ့ရပါတယ်။ ဆိုလိုရင်းကတော့ရေပွက်ပမာခဏတာအသက်ရှင်ရ
တာကိုမသေတော့ဘူးထင်ပြီးသေခြင်းတရားကိုမေ့ပြီးသား၊မယားတွေနဲ့ပျော်နေတာလည်း“ပမာဒ
မေ့လျော့နေခြင်းဖြစ်ပါတယ်။အာရုံငါးပါးကိုအကြောင်းပြုပြီးလောဘ၊ဒေါသစတဲ့ကိလေသာတွေဖြစ်
နေကြ၍ကျွန်တော်တို့တစ်တွေမေ့လျော့နေတဲ့ “ပမာဒ” ကိုမမေ့မလျော့အမြဲသတိရှိအောင်မြတ်
စွာဘုရားရှင်က ပရိနိဗ္ဗာန်စံဝင်တော်မူခါနီးဆဲဆဲမှာလည်းနောက်ဆုံးစကားတော်အဖြစ် အပ္ပာမာဒ=“သတိ”တရားကိုအောက်ပါအတိုင်းဟောကြားတော်မူခဲ့ပါသည်။
ဟန္ဒဒါနိဘိက္ခဝေ၊အာမန္တယာမိဝေါ၊
ဝယဓမ္မာသင်္ခါရာ၊အပ္ပမာဒေနသမ္ပာဒေထ။

ဘိက္ခဝေ=သံသရာဘေးကိုမျှော်တွေးရှုနေကြကုန်သော အိုချစ်သားရဟန်းတို့၊ ဒါနီ=ဘုရားရှင်ပရိ
နိဗ္ဗာန်စံဝင်ခါနီးယခုအချိန်ကြီးမှာ၊ ဟန္ဒ=သင်ချစ်သားရဟန်းတို့အားမှားကြားလိုသည်မှာ၊ အာမန္တ
ယာမိ=အကျဉ်းချုပ်အားဖြင့်မှတ်သားထားစေလိုသည်မှာ(သင်္ခါရာ)=သံသရာဘေးဖြစ်အောင်ပြုပြင်
နှိပ်စက်နေကြကုန်သော(ရုပ်နာမ်)နှစ်ဝ(သင်္ခါရ)တရားတို့သည်ဝယဓမ္မာ=ပြိုပျက်နေသောသဘော
ရှိ၏။တသ္မာ=ထို့သို့(ခန္ဓာငါးပါး)သည်(သင်္ခါရ)ဖြစ်၍(သင်္ခါရ)ပျက်နေသောသဘောရှိသည့်(ရုပ်နာမ်)
ခန္ဓာ(ဖြစ်ပျက်)ကို အပ္ပာမာဒေန=မမေ့မလျော့သော“သတိ”တရားဖြင့် သမ္မာဒေထ=ပြည့်စုံရစ်ကြ
(သိ)ပြီးနေကြပါဟုမြတ်စွာဘုရားရှင်ကနောက်ဆုံးမိန့်ကြားတော်မူခဲ့ပါသည်။
သတ္တ၀ါအားလုံးမမေ့မလျော့သတိတရားထားရှိနိုင်ကြပါစေ။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP