ထင်၇တာပေါ့
ထင်၇တာပေါ့
( လူနာ ) ။ ။ ဒေါက်တာ၊ ကျွန်တော် အသက် ၁၀၀ နေရအောင် ဘာလုပ်ရမလဲ။
( ဒေါက်တာ ) ။ ။ အဆီအဆိမ့်တွေ မစားနဲ့၊ အရက်မသောက်နဲ့၊ အပျော်အပါး မလိုက်စားနဲ့။
( လူနာ ) ။ ။ ဒီလိုဆိုရင် အသက် ၁၀၀-အထိ နေရရော့လား။
( ဒေါက်တာ ) ။ ။ မနေရပါဘူး၊ ဒါပေမဲ့ နေရတယ်လို့ ထင်ရတာပေါ့ဗျာ ။
( ခင်မောင်တိုး-မိုးမိတ် )

ချိန်းမိသည့် ၀န်တာ
ဒေါက်တာ-ကျုပ်နာမည် ဂျော့ပါ၊ ကျုပ် ဒေါက်တာနဲ့တွေ့ဖို့ လွန်ခဲ့တဲ့ ၅-လလုံးလုံး ကြိုးစားခဲ့တယ်လေ။ အခုတွေ့ဖို့ အချိန်းအချက် လုပ်နိုင်ပါသလား။
ေါးက်တာက-မတ်မတ်ထိုင်လိုက်သည်။
ဒီမယ်-မစ္စတာဂျော့ အရင်က ကျွန်တော်ပြောခဲ့ပြီးပြီပဲဗျာ၊ ကျွန်တော့် သူနာပြု ဆရာမလေး၊ ဒါမှမဟုတ် အတွင်းရေးမှူးမလေးနဲ့ အရင်ချိန်းလိုက်ပါလို့။
မစ္စတာဂျော့-လေးလေးပင်ပင်ကြီး ထိုင်ချလိုက်၏။
ချိန်းပါတယ် ဒေါက်တာ ချိန်းပါတယ်၊ နှစ်ယောက်စလုံးနဲ့ တလလုံးချိန်းပါတယ်၊ သိပ်ပျော်စရာကောင်းတာပဲ ဒေါက်တာရယ်၊ အခုတော့ ဒေါက်တာနဲ့တွေ့ဖို့ တကယ်လိုအပ်နေပြီလေ။

အားတက်စရာ
စိတ်ပူနေသော လူနာက ဆရာဝန်အား-
ဒေါက်တာ ကျွန်တော် ပြန်ကျန်းမာလာဖို့ သေချာတယ် မဟုတ်လားဗျာ။
ရောဂါအမျိုးအစား ခွဲတာမှားပြီး ကုသခဲ့တဲ့အကြောင်းတွေ ကျွန်တော် ကြားဖူးခဲ့ပါတယ်။
ဆရာဝန်တယောက်ဆိုရင် နမိုးနီးယားထင်ပြီး လူနာကို ကုတယ်၊ အဲဒီ လူနာဆုံးတော့ တိုက်ဖွိုက်တဲ့ ဒေါက်တာရဲ့။
( ဒေါက်တာ ) ။ ။ ကျွန်တော် အဲဒီလို ဘယ်တော့မှ မဖြစ်ဘူး၊ ကျွန်တော်ကုတဲ့ လူနာဟာ နမိုးနီးယား ဖြစ်နေတယ်ဆိုရင် နမိုးနီးယားနဲ့ သေသွားတာချည်းပဲဗျ။

ဆေးကောင်း
ဆရာဝန်တယောက်က ကျွန်တော့်အား ပြောပြနေသည်။
ကျုပ်-ဆေးပညာကို လေ့လာလိုက်စားခဲ့တာ အနှစ်သုံးဆယ် ရှိသွားပြီ။ လူနာတွေကို အမျိုးမျိုး ညွှန်ကြားခဲ့ဘူးပြီ။ အင်း--ကြာတော့ တခုသိလာတယ်ဗျ။
လူတွေ ဘယ်လိုဝေဒနာမျိုးပဲ ခံစားရ ခံစားရ အကောင်းဆုံးဆေးကတော့ အချစ်ပဲ။
အချစ်နဲ့ ကုစားလို့ မရရင် ဘယ်လိုလုပ်မလဲ
နှစ်ဆတိုး ကျွေးလိုက်ပေါ့ဗျာ။

ရှူး တိုးတိုး
( ဒေါက်တာ ) ။ ။ လူ့ခန္ဓာကိုယ်ထဲမှာ အရိးပေါင်း ၁၀၀၀-ကျော်ရှီတယ် ဆိုတာ ခင်ဗျားသိတယ် မဟုတ်လား။
( လူနာ ) ။ ။ ဟာ-ဒေါက်တာရယ် တိုးတိုး ပြောစမ်းပါဗျာ။ ကျွန်တော့်ခွေး အပြင်ဘက်မှာ ရှိနေတယ်ဗျ။

အစီအစဉ်ထဲမှာ မပါသူ
ခုမွေးလိုက်တဲ့ ကလေးကို အင်ကိုး ( Encore ) လို့ ဘာကြောင့် ခေါ်သလဲ-ဟု ဖခင်ဖြစ်သူအား မေးကြည့်ရာ ဖခင်က မျက်နှာ မကြည်မသာဖြင့်-
ရှင်းရှင်းပြောရရင် သူဟာ အစီအစဉ်ထဲမှာ မပါဘူးဗျ-ဟု ပြောပြလိုက်၏။
( Encore ) သည် အပို-ဟု အဓိပ္ပါယ်ရ၏။

တော်လိုက်တဲ့ စ်ဆေးရေး
တောင်ပစိဖိတ်မှာ အခြေစိုက်နေရတဲ့ ကျွန်မမောင် ဖြစ်သူက-
ဘော့ အမြဲသောက်တဲ့ ချောင်းဆိုးပျောက်ဆေးမျိုး လိုချင်ပါသည်-ဟု စာရေးလိုက်၏။
ကျွန်မ ခင်ပွန်းအား ပြလိုက်ရာ သူက-
မင့် မောင် လိုချင်တာက ကိုယ်သောက်နေတဲ့ ၀ီစကီကိုပြောတာကွ၊ ဒါပေမဲ့-အစစ်အဆေးတွေက ကျော်ဖြတ်သွားဖို့ သိပ်မလွယ်လှဘူး ထင်တယ်။
သို့သော်-- ကျွန်မတို့၏ မိတ်ဆွေ ဆေးရောင်သူတဦးက ဆေးပုလင်း အလွတ်တခုထဲ ၀ီစကီတွေထည့်ြ့ပီး ထိုပုလင်းပေါ်၌ ချောင်းဆိုးပျောက်ဆေး-ဟု ရေး၍ ကပ်ထားလိုက်၏။
မည်သို့ပင်ဖြစ်စေ ကျွန်မတို့၏ကြိုးပမ်းမှု အောင်မြင်လိုက်ပါသည်။ ကျွန်မမောင်သည် စစ်ဆေးရေးအရာရှိ၏ စာတိုကလေးကပ်ထားသော ပုလင်းလွတ်တလုံးကို တနေ့မှာ လက်ခံရရှိလိုက်သည် ဆိုပါ၏။ စစ်ဆေးရေး အရာရှိ ရေး၍ကပ်လိုက်သော စာတိုလေးမှာ-
ဆောရီးပဲ မိတ်ဆွေကြီးရေ၊ ခင်ဗျား ချောင်းဆိုးရောဂါထက် ကျုပ် ချောင်းဆိုးရောဂါက ပိုဆိုးနေတယ်ဗျ-ဟူ၏။

0 comments:
Post a Comment