* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, August 3, 2009

နတ်လူသာဓုခေါ်စေသော် (သို့) အနာဂတ်ပန်းလေးများ ရှင်သန်နိုင်ဖို့ (၂)





မေတ္တာကမ္ဘာ လူမှုကူညီရေး အသင်းရဲ့ ပထမ ဦးဆုံး အလှူအဖြစ် လှည်းကူးမြို့နယ် ရဲမွန်မြို့ ရဲမွန်တပ်ဦး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ အမှန်တကယ် လိုအပ်နေတဲ့ လီတာ တစ်ထောင်ဆန့် ရေသန့်စက်ကို လှူဒါန်းခဲ့ပါတယ်၊ မြန်မာကျပ်ငွေ ရှစ်သိန်း ငါးသောင်းတန်ဖိုးရှိ သောက်ရေသန့်စက်ကို မေတ္တာကမ္ဘာ လူမှုကူညီရေး အသင်းက စေတနာအပြည့် မေတ္တာဖြည့်ပြီး လှူဒါန်းနိုင်ခဲ့ပြီ ဖြစ်လို့ မန်ဘာများ အလှူရှင်များနဲ့ ဓမ္မချစ်ခင် သူတော်စင်တို့ ၀မ်းမြောက်နုမော် သာဓုခေါ်ဆိုနိုင်ရန် မေတ္တာကမ္ဘာ လူမှုကူညီရေး အသင်းက မျှဝေအပ်ပါတယ်။

ကလေးငယ်ပေါင်း တစ်ရာကျော်ရဲ့ အသိဥာဏ်ရှင်သန်နိုင်ဖို့ ကြိုးစားနေတဲ့ အမှန်တကယ်လည်း လိုအပ်နေတဲ့ နေရာလေးမှာ ကူညီခွင့်ရလို့ တကယ့်ကို ၀မ်းသာပီတိ ဖြစ်ရပါတယ်၊ မေတ္တာကမ္ဘာရဲ့ ကူညီမှုဟာ ပုဂ္ဂိုလ်စွဲ ဒေသစွဲ ဆရာစွဲ ဂိုဏ်းစွဲမပါဘဲ မွန်မြတ်တဲ့ စေတနာနဲ့ ကူညီခဲ့တာမို့ ဒီကောင်းမှုရဲ့အကျိုးဟာ မွန်မြတ်သန့်စင်ပြီး အမြတ်ဆုံးဖြစ်တဲ့ ငြိမ်းအေးမှုကို လျင်မြန် လွယ်ကူစွာ ရရှိမှာဖြစ်ပါတယ်။

မေတ္တာကမ္ဘာ လူမှုကူညီရေး အသင်း ပုံမှန် လှူဒါန်းနိုင်ရန်အတွက်လည်း အလှူရှင်များကို ဖိတ်ခေါ်အပ်ပါတယ်. လက်တွေ့ကျတဲ့ မေတ္တာနှလုံးသားကို အတူတကွ ဖော်ဆောင်ကြပါစို့။ အလှူရှင်များ အနေဖြင့်လည်း မေတ္တာကမ္ဘာ လူမှုကူညီရေး အသင်းကို ပါဝင် လှူဒါန်းလိုတယ်ဆိုရင် အောက်ပါ အီးမေးလ် ဖုန်းနံပါတ်တွေကို ဆက်သွယ် လှူဒါန်းနိုင်ပါတယ်။ ။


အရှင်တိက္ခဥာဏာလင်္ကာရ
mail.. bhikkhu.tikkhanana@gmail.com
rev.tikkha@yahoo.com
Ph. 94-71 36 00 9 88
65-8266 2972

ကိုမျိုးမင်းကျော်
mail. myominkyaw2008@gmail.com
ph. 65-9235 5291

ကိုဝေယာလင်း
mail; waiyar@gmail.com
ph. 65-9295 0857

မအိမီကို
mail; eimeko@gmail.com
ph. 65-9189 5772



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP