* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, August 9, 2009

အကုသိုလ် ကို နယ်လေးပါး နှင့်ပိုင်းခြားခြင်း

ဓမ္မဓရ—ဤ နယ်လေးပါး ကိုကြားနာလိုက်ရတော့ တပည့်တော် မသိဘူးတဲ့ အသိထူးတွေ အများကြီး ရလိုက်ပါတယ် ဘုရား။ အဟုတ်ထင်ပြီး လေးပင်နေသော စိတ်လည်း ပေါ့ပေါ့ပါးပါး ဖြစ်သွားပါတယ်။ တပည့်တော်ဟာ အဝိဇ္ဇာမာနပညတ် နယ်မှာ ပင် အဟုတ်ထင်ပြီး တရားတောထဲ မျက်စိလည်ခဲ့ပါတယ်။ ယခုလို ကြားနာ လိုက်ရတော့ မှောက်ထားတဲ့ အိုးလှန်ပြလိုက်သလို မိုက်မှောင်နေသော နေရာမီးထွန်းပြလိုက်သလို စိတ်ထဲမှာ ရှင်းလင်းပေါ့ပါးသွားပါတယ်။ ပိုပြီးရှင်းလင်း သဘောပေါက်ရန် အကုသိုလ် ကိုနယ်လေးပါးနှင့် ပိုင်းခြားဟောကြားတော်မူပါဘုရား။

ဦးဝိဇယ—–အမှန်တရားကို လိုလိုချင်ချင် ဆောင်ထားချင်တဲ့ အရှင်ဘုရားလို ပုဂ္ဂိုလ်မျိုးကို တရား ဆွေးနွေး ပေးရတာ တပည့်တော်ရဲ့ စိတ်ထဲမှာ အရတော်တယ်။ ကံကောင်းတယ်ဟု ယူဆပါတယ်ဘုရား။အရှင်ဘုရား အတွက်လည်း အကျိုးရှိတယ်။တပည့်တော်အတွက်လည်း အကျိုးရှိတယ်၊မင်္ဂလာရှိပါတယ်။ ဘုရားသာသနာကို တတ်နိုင်သလောက် လက်တွဲပြီး ပြုကြတာပေါ့ ဘုရား။

အကုသိုလ် တရားကို နယ်လေးပါးခွဲခြားပုံ ဆက်လက်နာကြားကြည့် ပါဘုရား။ အကုသိုလ် တရား ဟုကြားလိုက်လျှင် (ဆိုးတယ်)ဟု အထင်အထည် စိတ်မှာပေါ်လာသော ပုဂ္ဂိုလ် ကတစ်စု၊ (ကောင်းတယ်) ဟု အထင်အထည် စိတ်မှာပေါ်လာသော ပုဂ္ဂိုလ်က တစ်စု ၊(ဘာမှန်းမသိဘူး) ဟု အထင်အထည် စိတ်မှာ ပေါ်လာ သော ပုဂ္ဂိုလ်က တစ်စု အားဖြင့် သတ္တဝါတွေကို စုလိုက်ရင် (၃) စုပဲရပါတယ်။စိတ်ထဲမှာ ပေါ်လာသော ထို အထင်အထည် တွေဟာ အဝိဇ္ဇာမာနပညတ်နယ် ဖြစ်ပါတယ်။

(စွဲလန်းခြင်း၊ဆင်းရဲခြင်း) ဟူသော အမှတ်အသား လက္ခဏာ စိတ်မှာတွေ့ပြီး အစဉ် သန္တန် အဖြစ်စိတ်မှာ အထင်အထည် ပေါ်လာခြင်းသည် အဝိဇ္ဇာမာနပညတ်နယ် ဖြစ်ပါတယ်။

ထိုအထင်အထည် (၂)မျိုးအနက် (အဟုတ်ရှိ၊ အမှန်ရှိ) ဟု အဟုတ်ထင်ခြင်းကို အဝိဇ္ဇာ ဟုခေါ်ပါတယ်။(အဟုတ်အမှန်မရှိ၊ အထင်အထည်မျှသာ ရှိတယ်) ဟု အမှန်အတိုင်းသိမြင်ခြင်းကို (ဝိဇ္ဇာဉာဏ်) ဟုခေါ်ပါတယ်။

တစ်စက္ကန့်ဟူသော ဘဝကို ကုဋေ တစ်သိန်းစိတ်ပြီး ထိုတစ်ခုသော ကုသိုလ်စိတ်၏ ဖြစ်ပျက်ခြင်းမျှ သဘောသည် (သဘောနယ်)ဖြစ်ပါတယ်။ ထိုဘာမှ မဟုတ်သော ဖြစ်ပျက်ခြင်းသဘော၏ အယောနိသောမနသိကာရ အကြောင်း မပါပဲ ဖြစ်မရ သောကြောင့် ကိုယ်ပိုင် အနှစ်သာရ များ ကာလသုံးပါး လုံးတွင် မပါဝင်သော မူလပျက်သဘောသည် (သုညနယ်)ဖြစ်ပါတယ်။

ထိုသဘောနယ် မှာရှိသော ဖြစ်-ပျက် သဘောကို (ကိုယ်ပိုင် အနှစ်သာရ ရှိတယ် ) ဟု အဟုတ်ထင်ခြင်း ကို အဝိဇ္ဇာ လို့ခေါ်ပါတယ်။ သဘောနယ်မှာ ရှိသော ဖြစ်-ပျက် သဘောကို မူလပျက် သဘောဟု မူလပျက်သဘော တစ်ခုနှင့် သိမြင်ခြင်းကို (ဝိဇ္ဇာဉာဏ်) ဟုခေါ်ပါတယ်။

ကုသိုလ်တရား တစ်ခုကို ပညတ်(၂)မျိုး နယ်က မရှိသောကြောင့် ထင်ရုံမျှဖြစ်၍ ဘာမှ မဟုတ်ခြင်း သဘောနှင့် သုညနယ်က အထည်မရှိ ဉာဏ်ဖြင့် သိလို့သာ ရသောကြောင့် ဘာမှမဟုတ် ခြင်းဟု သိမြင်ခြင်းသည် ဝိဇ္ဇာဉာဏ် ဖြစ်ပြီး အဟုတ် ထင်ခြင်းကို (အဝိဇ္ဇာ)လို့ ခေါ်ပါတယ် ဘုရား။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP