* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, August 9, 2009

အင်္ဂုလိမာလရဲ့ အကုသိုလ်ကံ အကျိုးပေးခွင့် မရရှိခြင်းအကြောင်း။

အမေး။ ။အရှင်ဘုရား….အင်္ဂုလိမာလဟာ လူကြမ်းကြီးဖြစ်ပြီး ညှင်းဆဲသတ်ဖြတ်တဲ့ အလုပ်ကို လုပ်ခဲ့ပါတယ်။ ကုန်ကုန်ပြောရရင် ဘုရားရှင်က ဆုံးမရတဲ့အထိ မိုက်မဲခဲ့တယ်လို့ ပြောရပါမယ်။ ဘုရားရှင်နဲ့တွေ့မှ အကျွတ်တရားရပြီး ရဟန္တာ ဖြစ်တော်မူခဲ့ရပါတယ်။ ဒါဆိုရင် အင်္ဂုလိမာလ ပြုခဲ့တဲ့ အကုသိုလ်တရားများဟာ အဘယ်ကြောင့် ပြန်လည် သက်ရောက်မှု မရှိရခြင်းအကြောင်းကို ကုသိုလ်ပွား လိုတဲ့အတွက် ဖြေကြားပေးတော်မူပါဘုရား……..။
မောင်ကျော်နိုင်
နေရပ်မရှိ

အဖြေ။ ။ ကံတရားများရဲ့ အကျိုးသက်ရောက်မှုရှိတာ -မရှိတာနဲ့ပတ်သက်ပြီး၊ သတ္တ၀ါတွေရဲ့ ကံတရားဟာ အလွန်ဆန်းကြယ် တယ်လို့ဆိုရပါမယ်။ သတ္တ၀ါတိုင်းမှာ ကုသိုလ်ကံ၊အကုသိုလ်ကံများ အထမြောက်အောင် ပြုလုပ်တဲ့နေရာမှာ ဇော(၇)ကြိမ် ဆိုတာရှိ ပါတယ်။ ဆိုပါစို့……မိမိပြုလုပ်တဲ့ ကုသိုလ်၊အကုသိုလ်ကံဟာ ဇော(၇)ခုအနက် ပထမဇောက အကျိုးပေးတယ်ဆိုရင် ယခုလက်ရှိဘ၀မှာပဲ အကျိုးပေးတာ ခံစားရပါတယ်။ ဒီကံကို ဒိဋ္ဌဓမ္မဝေဒနိယကံ လို့ခေါ်ပါတယ်။ တကယ်လို့ လက်ရှိဘ၀မှာ အကျိုးမပေးဘူးဆိုရင် ဒီကံဟာ ပြန်လည်သက်ရောက်မှုမရှိတော့ဘဲ အဟောသိကံ အဖြစ်သို့ ရောက်ရှိသွားပါတယ်။


သတ္တမဇောကတော့ ဒုတိယဘ၀မှာ အကျိုးပေးပါတယ်။ ဒီကံကို ဥပပဇ္ဇဝေဒနိယကံ လို့ခေါ်ပါတယ်။ တကယ်လို့ ဥပပဇ္ဇဝေဒနိယကံက ဒုတိယဘ၀မှာ အကျိုးပေးခွင့် မရလိုက်ဘူးဆိုပါက နောက်နောင်ဘ၀တွေမှာ ပြန်လည်သက်ရောက်မှုမရှိတဲ့ အဟောသိကံ ဖြစ်သွားပါတယ်။


ဒုတိယဇောမှ ဆဋ္ဌမဇောတိုင်အောင် အလယ်ဇောငါးချက်ကတော့ တတိယဘ၀မှ နိဗ္ဗာန်ရတဲ့အထိ အကျိုးပေးပါတယ်။ ဒီကံကို အပရာပရိယဝေဒနိယကံ လို့ခေါ်တယ်။ အပရာပရိယဝေဒနိယကံရဲ့ သဘောက တတိယဘ၀ကနေ နိဗ္ဗာန်မရမှီ ဘ၀တစ်ခုခုမှာ အကျိုးပေးပါတယ်။ ဒီလိုအကျိုးပေးပြီး နောက်ပိုင်းဘ၀တွေမှာ ဒီကံကုန်သွားတဲ့အတွက် အဟောသိကံ ဖြစ်သွားတယ်လို့ ဒီလိုယူဆလို့မရပါ ဘူး။
ဘာ့ကြောင့်လည်းဆိုရင် ကုသိုလ်၊အကုသိုလ်ကံများဟာ ပုထုဇဉ်၊ သောတာပန်၊သကဒါဂါမ်စတဲ့ အရိယာပုဂ္ဂိုလ်များမှာ မရေမတွက်နိုင်အောင် များလှပါတယ်။ ဘ၀တစ်ခုမှာ အကုသိုလ်ကံအားကြီးနေတယ်ဆိုရင် ကုသိုလ်ကံက လောလောဆယ်မှာ အကျိုးပေးခွင့်မရှိဘဲ မေးမိန်နေပါတယ်။ ကုသိုလ်ကံက အားကောင်းလာပြီဆိုရင် တစ်ဖက်မှာ အကုသိုလ်ကံဟာ မေးမိန်သွားပါတယ်။
ဘုရားရှင်ဟာ နောက်ဆုံးဘ၀မှာ ခါးနာ၊၀မ်းလျှော စတဲ့ ရောဂါများ ခံစားရတာဟော ယခင့်ယခင်ဘ၀များက ပြုခဲ့ဖူးတဲ့ အပရာပရိယ ဝေဒနိယကံများကြောင့် ဖြစ်တယ်ဆိုတာ မှတ်ယူရပါမယ်။


ယခုဘ၀မှာ အင်္ဂုလိမာလပြုလုပ်ခဲ့တဲ့ ကုသိုလ်၊အကုသလိုကံတရားများဟာ နောက်နောင်ဘ၀များမှာ ခံစားရမယ့်အနေ အထားမှာ ရှိပါတယ်။ သို့သော်လည်း ဘုရားရှင်ချေချွတ်မှုကြောင့် ယခုလက်ရှိဘ၀မှာ အရဟတ္တမဂ်ဖိုလ်သို့ ရောက်ရှိသွားပါတယ်။ထို အရဟတ္တမဂ်က ယခုဘ၀ သူပြုခဲ့တဲ့ ကံတရားများကို အကြွင်းမဲ့ ပယ်သတ်လိုက်ပါတယ်။ နောက်နောင် ဘ၀အသစ်ဖြစ်စရာအကြောင်းလည်း မရှိတော့ပါ။ ဒါကြောင့် အင်္ဂုလိမာလ ပြုခဲ့တဲ့ အကုသိုလ်တရား များဟာ ပြန်လည်သက်ရောက်မှု မရှိတော့ဘဲ အဟောသိကံ ဖြစ်သွားရတယ်လို့ ဖြေကြားပေးလိုက်ပါတယ်။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP