* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, July 13, 2009

စစ်ကိုင်းတောင်တွင် ဆွမ်းလောင်းအသင်းတစ်ခု တည်ထောင်မည်

စစ်ကိုင်းတောင်မှာ ဆွမ်းခံကြွတဲ့ သံဃာတော်များရဲ့ အခက်အခဲကို ဦးဇင်းလက်တွေ့ ကျကျ စာဖတ်သူများ မြင်စေချင်ပါတယ်။ ဦးဇင်းတို့ အလှူလုပ်တဲ့နေ့ ကသံဃာတော်လေးတွေ ဒံပေါက်ဆွမ်းများ အားပါးတရ ဘုန်းပေးနေကြတာကို စာဖတ်သူတို့ မြင်ရင် ဦးဇင်းလိုပဲ ၀မ်းမြောက်ဝမ်း သာသာဓုခေါ်ဆိုကြမှာပါ...။ အခု ဦးဇင်း စစ်ကိုင်းတောင်မှာဆွမ်းလောင်းအသင်းနဲ့ အရုဏ်ဆွမ်း ကပ်လှူမည့် အသင်းတစ်ခု တည်ထောင်မှာ ဖြစ်ပါတယ်။ အသင်းအမည်ကတော့ “မေတ္တာရှင် ဖောင်ဒေးရှင်း” ဖြစ်ပါတယ်။ စတင်မတည်တဲ့ အလှူရှင်တွေ ကတော့ မန္တလေးမြို့ ရွှေအိမ်ဖြူ ဖုန်းရောင်းဝယ်ရေးမှ ဒါယကာ ကိုဖြိုးနဲ့ ဒါယကာကိုထက်တို့ မိသားစုများပဲ ဖြစ်ပါတယ်။ အဆိုပါဒါယကာတို့မှ ဆွမ်းဆန်အတွက် တစ်လကို တစ်အိတ် လှူဒါန်းသွားခဲ့ပါတယ်.. ဒါယိကာမကြီး ဒေါ်ဝါ၀ါခိုင်မင်း၊ ကိုရန်အောင်၊ ကိုရွာသားလေး ytu တို့ မှ လှူဒါန်းခဲ့သော တယ်လီဖုန်း အတွက် ပိုသောအလှူငွေများမှ ဆွမ်းလောင်းအသင်းအတွက် အိုးများ၊ ပန်းကန်များ ၀ယ်ယူမှာဖြစ်ပါတယ်.. ဆက်လက်၍ ဆွမ်းဟင်းအတွက်နှင့် ခုံများအတွက် အလှူရှင်များ လိုအပ်လျှက်ရှိရာ လှူဒါန်းလိုသူများ ၀၉-၂၁၁၀၂၀၂ ကိုဆက်သွယ် လှူဒါန်းနိုင်ကြပါတယ်.။ ဆွမ်းလောင်းအသင်းမှာ အရုဏ်ဆွမ်း ကပ်လှူမှု နဲ့ ဆွမ်းလောင်းမှု စတဲ့ ကုသိုလ်မှုများကို ဆောင်ရွက်မှာ ဖြစ်ပါတယ်..။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP