* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, July 4, 2009

2009 flu pandemic (၂၀၀၉ ကပ်ရောဂါအသွင်တုပ်ကွေး) နောက်ဆက်တွဲ မေးခွန်းနှင့်အဖြေများ

၎ရက် ဇွန်လ ၂၀၀၉-Pndemic time line အရ
ဓာတ်ခွဲခန်းအတည်ပြုရောဂါရှိကေ့စ်-၉၃၄၇၆
သေဆုံးသူကေ့စ်-၄၅၂
သေပျောက်မှုနှုန်း-၀.၄၈ ရာခိုင်နှုန်း( ရောဂါရှိသူ တစ်ထောင်တွင် လေးယောက်-ငါးယောက်)

မြန်မာ
ရောဂါရှိကေ့စ်-၁( သတင်းပို့နေ့စွဲ ၂၇ ဇွန်လ ၂၀၀၉)
သေဆုံးမှုကေ့စ်-မရှိ။

(၁)
မေး။ ။မြန်မာနိုင်ငံမှာ ကုသဖို့ ဆေးဝါး အမျိုးစား အမှန်သိစေဖို့ နှင့် ဘယ်မှာရနိုင် လဲဆိုတာ ဖော်ပြပေးနိုင်မလားခင်ဗျာ။

ဖြေ။ ။ သတိမူရန်မှာ တုပ်ကွေး ဗိုင်းရပ်စ်သည် ဗိုင်းရပ်စ်သတ်ဆေး သောက်သုံးရန်မလိုဘဲ ကိုယ်ခန္ဓာ ၏ ခုခံမှုစနစ်အရ အလိုလို ပျောက်ကင်းနိုင်သော ရောဂါဖြစ်သည်။ သေဆုံးရခြင်းမှာ ဗိုင်းရပ်စ်အသက်ရှင်နေခြင်းကြောင့်ထက် လူနာ၏ မူလရောဂါကြောင့်၊ သို့မဟုတ် အသက်ငယ်သော ကလေးငယ် ဖြစ်သောကြောင့်၊ အသက်အလွန်ကြီးသော သူဖြစ်သောကြောင့်၊ ခံနိုင်ရည် နည်းပါးသောသူ ဖြစ်သောကြောင့် ပို၍အသက်ဆုံးရှုံးရခြင်း ဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဋ္ဌာန ကမ္ဘာ့လူတုပ်ကွေးကပ်ရောဂါ သိကောင်းစရာ pamphlet(ဇွန်လ၊၂၀၀၉) ထုတ်ပြန်ချက် အပိုဒ် ၁၃ အရ "ကမ္ဘာ့လူတုပ်ကွေးရောဂါအတွက် Tamiflu(Oseltamivir) နှင့် Relenza(Zanamivir) ဆေး (၂)မျိုးသည် ဤရောဂါပိုးအတွက် ကုသနိုင်စွမ်းရှိကြောင်း အထောက်အထားရှိပါသည်။ ဤဆေးဝါးများကို ရောဂါ စတင်ဖြစ်ပွားချိန်မှ ၄၈ နာရီအတွင်း သုံးစွဲပါက ပိုမိုထိရောက်မှု ရှိပါသည်။" ဟု ထုတ်ပြန်ထားပါသည်။


ယင်းအနက် Tamiflu သည် တုပ်ကွေးအမျိုးအစား အားလုံးအတွက် တွင်ကျယ်စွာ အသုံးပြုနေသော ဆေး အမျိုးအစား ဖြစ်ပါသည်။ ၀ယ်ယူရန်လွယ်ကူပါသည်။ Capsule အမျိုးအစား ဖြစ်ပြီးတစ်ကဒ်တွင် ဆယ်လုံး ပါသည်။ ပထမအဆင့်တွင် အသုံးပြုသင့်သော ဆေးဖြစ်ပါသည်။

Relenza သည် အသက်ရှုကိရိယာကိုသုံးသော Inhalar အမျိုးအစား ဖြစ်သဖြင့် ဒုတိယအဆင့်တွင် သုံးကြပါသည်။

ဆေးများတွင် ဘေးထွက်ဆိုးကျိုးများနှင့် ဆောင်ရန် ရှောင်ရန်များ ရှိပါသည်။ ဆရာဝန်၏ ညွှန်ကြားချက်အတိုင်း သုံးစွဲရမည့် ဆေးဖြစ်ပါသည်။

သတိပြုရန်အချက်မှာ WHO မှ ထုတ်ပြန်ထားသည်မှာ ဤဆေးများကို ရောဂါပြင်းထန်ဆိုးဝါးသော အဆင့်တွင် အသုံးပြုရန် ဖြစ်သည်။ ကျန်းမာရေးဝန်ကြီးဋ္ဌာနမှ ဤဆေးများအပေါ် သီးသန့် ညွှန်ကြားချက် ထုတ်ပြန်ခြင်းကို ရရှိပါက အသိပေးပါမည်။


(၂)
မေး။ ။အိမ်မှာနေပြီးကု ဆိုပေမယ့် ဘာဆေးနှင့် ကုရမှာလဲ၊ ဘယ်လိုရွေးချယ်ရမလဲ ၊ ဘယ်မှာရနိုင်မလဲ ဆိုတာ သိစေချင်ပါတယ်။

ဖြေ။ ။ကျန်းမာရေးဝန်ကြီးဋ္ဌာန မှ ထုတ်ပြန်ချက် အပိုဒ် ၁ မှ ၈ အရ

သာမာန်ရောဂါလက္ခဏာများအတွက် ဆေးရုံသွားရန်မလိုပါ။
သာမန် တုပ်ကွေးရောဂါလက္ခဏာများမှာ-
အဖျားကြီးခြင်း(အပူချိန် ၃၇.၈ စင်တီဂရိတ် အထက်ရှိခြင်း)
နှာရည်ယိုခြင်း၊နှာချေခြင်း
ချောင်းဆိုးခြင်း
လည်ချောင်းနာခြင်း
ကိုယ်လက်ကိုက်ခဲခြင်း
ခေါင်းကိုက်ခြင်း
အစားအသောက်ပျက်ခြင်း
တစ်ခါတစ်ရံပျို့ခြင်း၊အန်ခြင်း၊၀မ်းသွားခြင်း

စသည်ဖြင့် အခြားတုပ်ကွေးရော၈ါ လက္ခဏာများနှင့် ဆင်တူပါသည်။ ဤသာမာန်ရောဂါလက္ခဏာများအတွက် ဆေးရုံသွားရန်မလိုပါ။


ပြင်းထန်တုပ်ကွေးရော၈ါ လက္ခဏာများမှာ

အသက်ရှူမ၀ခြင်း
အသက်ရှူကြပ်ခြင်း
အရည်မသောက်နိုင်ခြင်း
အဖျားပိုကြီးခြင်း
သတိလစ်ခြင်း
ပြင်းထန်တုပ်ကွေးရော၈ါ လက္ခဏာများအတွက် ဆေးရုံတက်ရောက်ကုသရမည် ဖြစ်ပါသည်။

နေအိမ်တွင်ကုသနည်း

၁-တုပ်ကွေးရောဂါဖြစ်လျှင် မိမိအိမ်တွင်နေထိုင်ပါ။
၂-ရုံး၊ကျောင်းနှင့် လုပ်ငန်းခွင်များသို့ မသွားပါနှင့်။
၃-ခရီးသွားလာခြင်းကို ရှောင်ကြဉ်ပါ။
၎-ပါးစပ်နှာခေါင်စည်းတပ်ဆင်ထားပါ။
၅-နှာချေချောင်းဆိုးပြီးတိုင်း တစ်ရှူးနှင့် လက်ကိုင်ပ၀ါကို အသုံးပြုပါ။ ပြီးမှ ဆပ်ပြာဖြင့် လက်ဆေးပါ။
၆-အာဟာရဖြစ်ပြီး ကျေညက်လွယ်သော အစားအစာများစားပါ။
၇-အရည်များများ သောက်ပါ။
၈-ဖြစ်နိုင်ပါက လေကောင်းလေသန့် ရရှိအောင် ဆောင်ရွက်နေထိုင်ပါ။
၉-လိုအပ်ပါက ကျန်းမာရေးဋ္ဌာနများတွင် ကုသမှုခံယူပါ။
(စာရေးသူ၏ သီးခြား မှတ်ချက် ။ ။အကိုက်အခဲ ပျောက်ဆေးအနေနှင့် အစာအိမ်ရောဂါ နှင့် သွေးယိုစီးမှု ရော၈ါများ နှင့် အခြားဆေးမသောက်သင့်သော ရောဂါများ မရှိပါက Asprin ကို ၁၃ နှစ်အထက် တွင် သုံးပြုနိုင်ပါသည်။ ၁၃ နှစ်အောက် ဖြစ်ပါက ဆရာဝန်ညွှန်ကြားချက် လိုပါသည်။)
၁၀- ပြုစုသူများ လိုက်နာရန်

-ဖျားနာသူအား လေ၀င်လေထွက်ကောင်းသော သီးသန့်ခန်းတွင်ထား။
-မရှိပါက အိမ်သားများနှင့် (၆)ပေခန့်အကွာတွင်ထား။
-လူနာအား ပါးစပ်နှာခေါင်းစည်းတပ်ဆင်ထား။
-လူနာပြုစုသူ တစ်ဦးသာ သတ်သတ်မှတ်မှတ်ထား ပြီး ပြုစုသူသည် နှာ ခေါင်းစည်း လက်အိတ်အသုံးပြု။
-အခြားဧည့်သည် မိတ်ဆွေများနှင့် မတွေ့သင့်။
-လူနာချောင်းဆိုးနှာချေပါက တစ်ရှူး လက်ကိုင်ပ၀ါကို အသုံးပြုပါ။ အသုံးပြုပြီး စနစ်တကျ စွန့်ပစ်ပါ။
-လူနာအသုံးအဆောင် ပစ္စည်းများကို လျှော်ဖွတ်သူသည် နှာခေါင်းစည်း လက်အိတ်၊ ရင်ဖုံးအကာ ၀တ်ဆင်ပြီး ပိုးသတ်ဆေးဖြင့် စိမ်ပြီး လျှော်ဖွတ်။ နေပူလှမ်း၊ မီးပူတိုက်။
-ကျန်းမာေ၇းဋ္ဌာနက ချမှတ်ထားသော အချက်အလလက်များအတိုင်း (၁၀) ရက်အထိ လိုက်နာ ဆောင်ရွက်ပါ။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP