* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, June 27, 2009

မကောင်းမှုကိုလည်း မှီဝဲလိမ့်မည် မဟုတ်တော့...

ဝဇ္ဇိပုတ္တသုတ်

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ဝေသာလီပြည် မဟာဝုန်တော ပြာသာဒ်ဆောင် ပေါက်သော ကျောင်း၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ ဝဇ္ဇီမင်းသား ရဟန်းတစ်ပါးသည် မြတ်စွာဘုရား အထံသို့ ချဉ်းကပ်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ တစ်ခုသော နေရာ၌ ထိုင်လျက် မြတ်စွာဘုရားအား …

''အသျှင်ဘုရား ဤသိက္ခာပုဒ် တစ်ရာ့ငါးဆယ်ကျော်သည် တစ်လခွဲတစ်ကြိမ် အကျဉ်းပြခြင်းသို့ ရောက်၏၊ အသျှင်ဘုရား တပည့်တော်သည် ဤသိက္ခာပုဒ်တို့၌ ကျင့်သုံးရန် မစွမ်းနိုင်ပါ'' ဟု လျှောက်၏။

ရဟန်း သို့ဖြစ်လျှင် သင်သည် …

၁… အဓိသီလသိက္ခာ
၂… အဓိစိတ္တသိက္ခာ
၃… အဓိပညာသိက္ခာ သုံးပါးတို့၌ ကျင့်နိုင်မည်လော ဟု မေးတော်မူ၏။

အသျှင်ဘုရား တပည့်တော်သည် ထို အဓိသီလ အဓိစိတ္တ အဓိပညာ သိက္ခာ သုံးပါးတို့၌ကား ကျင့်နိုင်ပါ၏ ဟု လျှောက်၏။

ရဟန်း ထို့ကြောင့် သင်သည် ဤသာသနာတော်၌ အဓိသီလ အဓိစိတ္တ အဓိပညာ သိက္ခာသုံးပါးတို့၌ ကျင့်လေလော့၊ ရဟန်း သင်သည် အဓိသီလသိက္ခာကို လည်းကောင်း၊ အဓိစိတ္တသိက္ခာကို လည်းကောင်း၊ အဓိပညာသိက္ခာကို လည်းကောင်း ကျင့်သောကြောင့် သင့်အား ရာဂ ဒေါသ မောဟ အလိုလို ပျောက်ကင်းလိမ့်မည်၊ ထိုသင်သည် ရာဂ ဒေါသ မောဟ အလိုလို ပျောက်ကင်း ခြင်းကြောင့် အကုသိုလ်ကို ပြုလိမ့်မည်မဟုတ်၊ မကောင်းမှုကိုလည်း မှီဝဲလိမ့်မည် မဟုတ်ဟု မိန့်တော်မူ၏။

ထိုအခါ ထိုရဟန်းသည် နောက်အခါ၌ အဓိသီလသိက္ခာကိုလည်း ကျင့်၏၊ အဓိစိတ္တသိက္ခာကိုလည်း ကျင့်၏၊ အဓိပညာသိက္ခာကိုလည်း ကျင့်၏၊ အဓိသီလ အဓိစိတ္တ အဓိပညာ သိက္ခာသုံးပါးကို ကျင့်သော ထိုရဟန်းအား ရာဂပျောက် ကင်းလေပြီ၊ ဒေါသပျောက်ကင်းလေပြီ၊ မောဟ ပျောက်ကင်းလေပြီ။

ထိုရဟန်းသည် ရာဂ ဒေါသ မောဟ ပျောက်ကင်းလေသောကြောင့် အကုသိုလ်ကို မပြုလုပ်ပြီ။ မကောင်းမှုကိုလည်း မမှီဝဲပြီ။ 85

၎ - ဝဇ္ဇိပုတ္တသုတ်၊ သမဏ၀ဂ်၊ တိကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP