လူဝင်စားခြင်းကိ သိပ္ပံနည်းကျလက်ခံခြင်း(၂)
ဗုဒ္ဓဘာသာသုတေသနဖောင်ဒေးရှင်း
အတွေးအခေါ်ပညာနဲ့ သိပ္ပံပညာရှင် ထောင်, ရာပေါင်းများစွာဟာ သဘာဝသစ္စာ ရှာဖွေမှုနောက်ကို နှစ်ထောင်ပေါင်းများစွာ ကြာအောင် လိုက်လံခဲ့ကြတယ်။ ဒါပေမဲ့ ရောက်ဖို့က အဝေးကြီးလိုသေးတာ ကလား။ တစ်ဖက်မှာ ဗုဒ္ဓဟာ သဘာဝရဲ့ တကယ့်သစ္စာကို သိပ္ပံပညာရှင်တွေရဲ့ လမ်းကွေ့ကွေ့ ကောက်ကောက် နောက်ကို လိုက်မနေဘဲနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကတည်းက ထိုးထွင်းသိမြင်ခဲ့တယ်။ ထိုးထွင်းသိနဲ့ ကြောင်းကျိုးသိဟာ လူ့မနော ဆောင်ရွက်တတ်တဲ့ နည်းလမ်း နှစ်သွယ် ဖြစ်တယ်။ ဗုဒ္ဓဟာ သဗ္ဗညုတဥာဏ် ကိုရတဲ့အခါမှာ ပရမတ္တသစ္စာကို ထိုးထွင်းသိမြင်ခဲ့တယ်။ သိပ္ပံပညာရှင် တွေကတော့ ဥာဏ်အလင်းမရတဲ့ စိတ်ထောင်ပေါင်းများစွာနဲ့ ကြောင်းကျိုးသိကို အသုံးပြုနေတာ ဖြစ်တယ်။
ယနေ့ခေတ် ကမ္ဘာတစ်ဝှမ်းလုံးက လူတွေအတွက် သိပ္ပံနည်းကျ နည်းနာတွေဟာ အလွန်ပေါ်ပြူလာ ဖြစ်နေတယ်။ လူတွေဟာ သိပ္ပံပညာရှင်တွေ ပြောတဲ့ ဘယ်အရာကိုမဆို လက်ခံကြတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းကတော့ သိပ္ပံပညာဟာ လူသားကို နည်းပညာတွေပေးပြီး ရုပ်ဝတ္ထုပစ္စည်းကြွယ်ဝမှု လူနေမှုအဆင့်အတန်းမြင့်မားမှုတို့ကို ခုန်ပျံကျော်လွှားပြီး ပေးလိုက်နိုင်လို့ပါပဲ။[ ဆက်ဖတ်ရန် +/- ]
ပေါ်ပြူလာဖြစ်လာတဲ့ သိပ္ပံပညာကိုတော့ ဒက်ကာတီစ် (Descartes) ဖရန်စစ်ဘေကွန်(Francis Bacon) အိုင်ဇက်နယူတန်(Isaac Newton) တို့က တည်ဆောက်ခဲ့ပါတယ်။ ဒီနယူတန်သိပ္ပံမှာ သိပ္ပံပညာရှင်တွေ ပရမတ္တသစ္စာကို မသွားနိုင်အောင် တားဆီးထားတဲ့ အကန့်အသတ်နှစ်ခု ရှိတယ်။ ယင်းတို့က သိပ္ပံပညာကို သုံးဖက်မြင်ရှုထောင့်ထဲမှာရှိတဲ့ ရုပ်ဝတ္ထုသက်သက်မှာ ကန့်သတ်ထားတယ်။ ထိုးထွင်းသိလမ်းစဉ်မှာတော့ ဒီအကန့်အသတ်တွေ မရှိဘူး။
ဒလိုင်လားမားက ခုလို မိန့်ကြားတယ်။
"သိပ္ပံနဲ့နည်းပညာဟာ လူ့အဖွဲ့အစည်းကို ကြီးမားတဲ့ အကျိုးကျေးဇူးပေးတယ်။ သို့သော် မြင့်မားတဲ့ နည်းပညာကြောင့်ပဲ တို့ဟာ စိတ်လှုပ်ရှား ကြောက်ရွံ့မှုတွေ ပိုရရှိတယ်။ စိတ်ဖွံ့ဖြိုးမှုနဲ့ ရုပ်ဖွံ့ဖြိုးမှုကို ဟန်ချက်ညီအောင် လုပ်ရမယ်လို့ ဘုန်းကြီး အမြဲခံစားရတယ်။ လူ့တန်ဖိုးတွေ ဆုံးရှုံးလိုက်ရရင် လူတွေဟာလည်း စက်ရဲ့ တစ်စိတ်တစ်ဒေသ ဖြစ်လာမယ်။ သုခ၊ ဒုက္ခကနေ လွတ်မြောက်မှာလည်း မဟုတ်ဘူး။ သုခ၊ဒုက္ခကနေ မလွတ်မြောက်ရင် အမှန်နဲ့ အမှားကိုလည်း ပိုင်းခြားဖို့ ခဲယဉ်းမယ်။ သုခနဲ့ဒုက္ခ ဆိုတာမှာ သဘာဝအားဖြင့် ဝေဒနာ၊ ၀ိဥာဏ်နဲ့ သညာ တို့ပါဝင်တယ်။”
သိပ္ပံနဲ့ နည်းပညာတို့နဲ့ ယှဉ်ပြီးသွားနေတဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ နားလည်ကျင့်ကြံမှုဟာ လူသားတွေကို ဟန်ချက်ညီအောင် ထိန်းသိမ်းဖို့ အတွက် အရေးကြီးတယ်။ အိမ်မှာ၊ လူ့အသိုင်းအ၀ိုင်းမှာ ကမ္ဘာကြီးမှာ ရှိအပ်တဲ့ ငြိမ်းချမ်းရေးဟာ ဟန်ချက်ညီ လူ့အဖွဲ့အစည်းမှာပဲ ပေါ်ပေါက်နိုင်တာဖြစ်တယ်။
အိုင်းစတိုင်း(Albert Einstein) နဲ့ ထင်ရှားတဲ့ ၂၀ ရာစု သိပ္ပံပညာရှင်တွေဟာ သိပ္ပံကို ဒီကန့်သတ်မှုတွေကနေ ဆွဲထုတ်ပြီး ဗုဒ္ဓတရားတော်နဲ့ ပိုမိုနီးစပ်တဲ့ မော်ဒန်သိပ္ပံကို တည်ထောင်ခဲ့တယ်။ ယင်းက သိပ္ပံကို လမ်းကြောင်းမှန်ပေါ် တင်ပေးလိုက်ပြီး ဗုဒ္ဓဘာသာဟာ သိပ္ပံကိုလမ်းညွှန်တဲ့ အလင်းဖြစ်ကြောင်း သက်သေပြခဲ့တယ်။
အိုင်းစတိုင်းနဲ့ ၂၀ရာစု သိပ္ပံပညာရှင်တွေ သယ်ဆောင်လာတဲ့ သိပ္ပံပညာပါရာဒိုင်း ပြောင်းလဲခြင်းကြောင့် ထိပ်တန်း သိပ္ပံပညာရှင်တွေ ကြားမှာ ဗုဒ္ဓဘာသာကို စိတ်ဝင်စားမှု အလျင်အမြန် ကျယ်ပြန့်လာတယ်။ ဒီဖြစ်စဉ်မျိုး အခြားပုဂ္ဂိုလ်တွေဆီ အလျင်အမြန် ပျံ့နှံ့ရအောင်၊ ဗုဒ္ဓတရားတော်တွေရဲ့ လမ်းစဉ်နဲ့ အနက်အဓိပ္ပါယ်ကို သိပ္ပံယုံကြည်သူတွေ နားလည်၊လက်ခံ၊ ယုံကြည်မဲ့ ဘာသာစကားအဖြစ် ရောက်ရှိအောင် သုတေသန လုပ်ဖို့ လိုအပ်တယ်။
ဗုဒ္ဓဘာသာသုတေသနဖောင်ဒေးရှင်းရဲ့ လုပ်ငန်းကတော့ ဗုဒ္ဓတရားတော်တွေကို ကမ္ဘာသူ ကမ္ဘာသားများနဲ့ သိပ္ပံကို ဗုဒ္ဓဘာသာထက် ပိုမိုယုံကြည်နေတဲ့ ကျွန်ုပ်တို့ ကျောင်းသားကလေးငယ် တွေ နားလည် လက်ခံပြီး အသုံးပြုတတ်မဲ့ လမ်းစဉ်နဲ့ အနက်အဓိပ္ပါယ်ရအောင် သုတေသန ပြုလုပ်ဖို့ပဲ ဖြစ်တယ်။ သီရိလင်္ကာမှာရှိတဲ့ ကျောင်းသားကလေးငယ်တွေဟာ တရားလွန် ရုပ်ဝါဒနဲ့ ယန္တယားပုံစကြာဝဠာကို တင်ပြထားတဲ့ ၁၉ ရာစု သိပ္ပံပညာကိုပဲ သင်နေကြရတယ်ဆိုတာ အသိအမှတ်ထားသင့်တယ်။ သူတို့ဟာ ၂၀ ရာစု သိပ္ပံပညာအတွင်း ပါရာဒိုင်းပြောင်းလဲခြင်း ဖြစ်ပေါ်ခဲ့တယ် ဆိုတာကို သိဖို့ အခွင့်အရေး မရကြရှာဘူး။
အရှင်မာဒါဝလဥပါလိ


0 comments:
Post a Comment