* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, June 30, 2009

လူဝင်စားခြင်းကိုသိပ္ပံနည်းကျလက်ခံခြင်း(၃)

လူဝင်စားခြင်းကိုသိပ္ပံနည်းကျလက်ခံခြင်း

(သိပ္ပံပညာတိုးတက်ရေး အတွက် ၂၈ နိုဝင်ဘာ ၁၉၉၆ တွင် ကျင်းပသော သီရိလကာင်္အစည်းအရုံး၏ နှစ်ပတ်လည်အစည်းအဝေး အခမ်းအနား၌ တင်သွင်းသော သုတေသန စာတမ်းကို အခြေခံပါသည်။ )

သိပ္ပံနဲ့သစ္စာ

လူဝင်စားခြင်းဟာ ဗုဒ္ဓဘာသာမှာ အခြေခံအကျဆုံးဖြစ်ပါတယ်။ သိပ္ပံပညာဟာ သဘာဝသစ္စာကိုသိရေး လမ်းစဉ်အတွက် ပညာဗဟုသုတ ရှာဖွေခြင်းဖြစ်တယ်။ သိပ္ပံသုတေသန လုပ်ငန်းတိုင်းဟာလည်း အနည်းဆုံး ခဏတဖြုတ်ပဲဖြစ်ဖြစ် လူသားရဲ့ ပညာဗဟုသုတကို အဆိုပါဦးတည်ချက်အတိုင်း သွားစေဖို့ မျှော်မှန်းထားတာ ဖြစ်တယ်။ သဘာဝရဲ့ ပရမတ္တသစ္စာ ကို ရှာဖွေခဲ့တဲ့ မဟာပညာကျော်တွေကို ဘာသာရေး အစွဲကင်းကင်းနဲ့ လေ့လာကြည့်တဲ့အခါ ဗုဒ္ဓဟာ စကြာဝဠာရဲ့ တကယ့်သဘာဝ ကို အပြည့်အ၀နားလည်ခဲ့တဲ့ တစ်ပါးတည်းသော ပုဂ္ဂိုလ်အဖြစ် ထွက်ပေါ်လာပါတယ်။ ဒါပေမဲ့ ဗုဒ္ဓရဲ့ ပညာရှာနည်းဟာ အနောက်တိုင်းသိပ္ပံက အသိအမှတ်ထားတဲ့ နည်းတော့ မဟုတ်ပေဘူး။ ဗုဒ္ဓဟာ ပညာကို ထိုးထွင်းသိနဲ့ ရှာဖွေရရှိခဲ့တာ ဖြစ်တယ်။ အရှေ့တိုင်းနည်းဖြစ်တယ်။ သိပ္ပံပညာရှင်တွေကတော့ ပညာဗဟုသုတကို ကြောင်းကျိုးသိနဲ့ ရှာတာဖြစ်တယ်။ ဒါကို သိပ္ပံနည်းကျနည်းစနစ် လို့ သိထားကြတယ်။

သိပ္ပံနည်းကျ နည်းစနစ်မှ တဆင့်သာ ပညာကိုရှာဖွေတတ်တဲ့ အနောက်တိုင်းသိပ္ပံဟာ ဗုဒ္ဓဟောကြားတဲ့ အရေးကြီးတဲ့ အယူအဆတွေ သဘာဝဖြစ်စဉ်တွေကို နားလည်ဖို့ ခက်နေတယ်။ ရင်းနှီးနေကျ အနောက်တိုင်းသိပ္ပံရဲ့ လက်ခံနိုင်စွမ်း အပြင်အပမှာ ရှိတာတွေကတော့ ဘ၀သစ်ကို ဖြစ်စေခြင်း(ပေါနောဗ္ဘ၀ိကာ) ၊ မမြဲခြင်း(အနိစ္စ)၊ အတ္တမရှိခြင်း(အနတ္တ)၊ တန်ခိုးအဘိဥာဉ် (ဥပမာ စိတ်ချင်းဆက်သွယ်ခြင်း၊ အကြားအမြင်၊ အနာဂတ်ကိုသိခြင်း၊ တန်ခိုးအမျိုးမျိုးဖန်ဆင်းနိုင်ခြင်း) တွေပဲ ဖြစ်ပါတယ်။[ ဆက်ဖတ်ရန် +/- ]

သိပ္ပံပညာဟာ ၂၀ရာစု အစောပိုင်းမှာ အလှမ်းကျယ်ကြီး ခုန်ကျော်လိုက်ပြီး ပထမဦးဆုံးအနေနဲ့ သိပ္ပံပညာရှင်တွေကို အရင်ကသူတို့နားမလည်ခဲ့တဲ့ အထက်က ကိစ္စတွေကို နားလည်ဖို့ မျှော်လင့်ချက် ပေးလိုက်တယ်။ ဒီစာတမ်းဟာ ၂၀ရာစု မော်ဒန်သိပ္ပံက လူဝင်စားခြင်းကို ဘယ်လိုသက်သေပြနိုင်သလဲဆိုတာ ရှင်းလင်းထားခြင်းဖြစ်တယ်။ သိပ္ပံပညာရဲ့ ၂၀ရာစု ခုန်ကျော်မှုဟာ အဓိက ကျတဲ့ ပါရာဒိုင်းပြောင်းလဲခြင်းကို ဖြစ်စေတယ်။ (အတွေးအမြင်၊ နားလည် လက်ခံမှု၊ အမှန်တရားအပေါ် သိမြင်မှုတွေ သိသာစွာ ပြောင်းလဲတယ်။)

ဒါတွေဟာ သိပ္ပံပညာရဲ့ အခြေခံအုတ်မြစ်ကို လုံးဝ ပြောင်းလဲသွားစေတယ်။ ဒါ့အပြင် သိပ္ပံပညာကို အ၀ိဇ္ဖာ လူသားရဲ့ အာရုံငါးပါးခံစားမှုကနေ ကျော်လွန်အောင် မြှင့်တင်ပစ်လိုက်တယ်။ ကျွန်ုပ်တို့ရဲ့ ယေဘုယျ အမြင် ဟာ သုံးရာစုလုံးလုံး လွှမ်းမိုးလာတဲ့ ရှေးရိုးသိပ္ပံကို မှီခိုနေခဲ့တာဖြစ်တယ်။ ဒီပါရာဒိုင်းပြောင်းလဲခြင်းက သိပ္ပံပညာရှင်တွေရဲ့ ယေဘုယျ အမြင်တွေကို ရုတ်ချည်း ဒုက္ခ ပေးလိုက်တယ်။ သိပ္ပံပညာရှင်တွေဟာ မော်ဒန်သိပ္ပံက ဖော်ထုတ်လိုက်တဲ့ ပါရာဒိုင်းအသစ်နဲ့ ကိုက်အောင် ကြိုးစားနေရဆဲ ဖြစ်ပါတယ်။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP