* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, June 30, 2009

စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ဖိတ်ကြားခြင်း…

စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း ကျောင်းအကျိုးဆောင်များနှင့် ဘူဆန်-ဂင်မဲရှိ ရွှေညီအစ်ကိုများမှ ဦးဆောင်လျက် ကိုရီးယားရောက် မြန်မာများ၏ ပထမအကြိမ် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့် မြန်မာညီအစ်ကိုမောင်နှစ်မများ အနေဖြင့် အတူတကွ ကုသိုလ်ယူကာ တရားတော်များ နာယူနိုင်ကြစေရန်နှင့် အဝေးရောက် မြန်မာအချင်းချင်း ချစ်ခင်ရင်နှီးတွေ့ဆုံနိုင်ကြစေရန် အထူးအလေးထား၍ အသိပေးဖိတ်ကြားအပ်ပါသည်။

နေ့ရက် = ၅-၇-၂၀၀၉ (၀ါဆိုလဆန်း ၁၄ရက်)၊ တနင်္ဂနွေနေ့
သင်္ကန်းဆက်ကပ်ချိန်နှင့် တရားနာချိန် = နံနက် ၁၀ နာရီ
ဧည့်ခံကျွေးမွေးချိန် = နံနက် ၁၁ နာရီခွဲမှ နေ့လည် ၂ နာရီအထိ (အထူးစပါယ်ရှယ် ကြက်သားဒံပေါက်ဖြင့် ဧည့်ခံကျွေးမွေးပါမည်)
နေရာ = စိတ္တသုခ မြန်မာဘုန်းတော်ကြီးကျောင်း (ဒယ်ဂု၊ ဒါးလ်ဆောဂု၊ ရှင်းဒါန်းဒုံ၊ ၀ါးလျုံးရှိဂျန်း အနီး)

မှတ်ချက်။ ။ ၀ါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းလိုသူများသည် သင်္ကန်းတစ်စုံလျှင် ၀မ် ၃၀၀၀၀(သုံးသောင်း) ဖြင့် အလှူနေ့မှာပင် ဘုန်းတော်ကြီးကျောင်းတွင် တိုက်ရိုက်လှူဒါန်းဆက်ကပ်နိုင်ကြပါသည်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP