* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, June 21, 2009

စကားကိုနားထောင်ခြင်းငှာ အလိုရှိသည်...

သုဿူသတိသုတ်...




စကားကိုနားထောင်ခြင်းငှာ အလိုရှိသည်...

ရဟန်းတို့ တရားခြောက်မျိုးတို့နှင့် ပြည့်စုံသူသည် သူတော်ကောင်း တရားကို

ကြားနာရသော်လည်း ကုသိုလ် တရားတို့၌ မဖောက်ပြန်သော သဘောဟု
ဆိုအပ်သော နိယာမ(မဂ်)သို့ သက်ဝင်ရန် မထိုက်တန်။

အဘယ်ခြောက်မျိုးတို့နည်းဟူမူ…

မြတ်စွာဘုရား ဟောကြားတော် မူအပ်သော ဓမ္မဝိနယကို ဟောတော် မူအပ်သည်
ရှိသော် မနာယူ၊ နားမစိုက်၊ သိခြင်းငှါ စိတ်ကို မဖြစ်စေ၊ အကျိုးမဲ့ကို ယူ၏၊ အကျိုး
ရှိသည်ကို စွန့်၏၊ (သာသနာတော်နှင့်) မလျော်သော ပညာနှင့် ပြည့်စုံ၏။
ရဟန်းတို့ ဤတရား ခြောက်မျိုးတို့နှင့် ပြည့်စုံသူသည် သူတော်ကောင်း တရားကို
ကြားနာရပါသော်လည်း ကုသိုလ် တရားတို့၌ မဖောက်ပြန်သော သဘောဟု
ဆိုအပ်သော နိယာမ(မဂ်)သို့ သက်ဝင်ရန် မထိုက်တန်။

ရဟန်းတို့ တရား ခြောက်မျိုးတို့နှင့် ပြည့်စုံသူသည် သူတော်ကောင်း တရားကို
ကြားနာရသည်ရှိသော် ကုသိုလ် တရားတို့၌ မဖောက်ပြန်သော သဘောဟု
ဆိုအပ် သော နိယာမ (မဂ်)သို့ သက်ဝင်ရန် ထိုက်တန်၏။

အဘယ်ခြောက်မျိုးတို့နည်းဟူမူမြတ်စွာဘုရား ဟောကြားတော် မူအပ်သော
ဓမ္မဝိနယကို ဟောတော် မူအပ်သည် ရှိသော် နာယူ၏၊ နားစိုက်၏၊ သိခြင်းငှါ
စိတ်ကို ဖြစ်စေ၏၊ အကျိုး ရှိသည်ကို ယူ၏၊ အကျိုး မရှိသည်ကို စွန့်၏၊
(သာသနာတော်နှင့်) လျော်သော ပညာနှင့် ပြည့်စုံ၏။

ရဟန်းတို့ ဤတရား ခြောက်မျိုးတို့နှင့် ပြည့်စုံသူသည် သူတော်ကောင်း တရားကို
ကြားနာရသည်ရှိသော် ကုသိုလ်တရားတို့၌ မဖောက်ပြန်သော သဘောဟု
ဆိုအပ်သော နိယာမ (မဂ်)သို့ သက်ဝင်ရန် ထိုက်တန်၏ ဟု (မိန့်တော်မူ၏)။ 88

၎ - သုဿူသတိသုတ်၊ သီတိဝဂ်၊ ဆက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။







ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP