* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, June 21, 2009

နှစ်ကြိမ်မချိုးနိုင်သောမြစ်ရေ,သို့မဟုတ်,သိပ္ပံပညာ(၄) Abstract Colorful Universe Wallpaper - TTdesign

Abstract Colorful Universe Wallpaper - TTdesign

ဒီတာမင်းနစ်ဇမ်(Determinism)

ဒီတာမင်းနစ်ဇမ်ကတော့ သက်ရှိတွေအပါအ၀င် အကျွန်ုပ်တို့ တွေ့ကြုံရတဲ့ အရာတိုင်း ဟာ အမှုန်တွေရဲ့ လှုပ်ရှားမှုဖြစ်ပြီး ဒီအမှုန်တွေဟာလည်း တိကျတဲ့ မပြောင်းလဲတဲ့ နိယာမ တွေကို လိုက်နာကြတယ်လို့ ဆိုတယ်။ အကယ်၍ သတ်မှတ်ထားတဲ့ အချိန်တစ်ခုအတွင်းက အမှုန်အားလုံးရဲ့ အနေအထားကို သိခဲ့ရင် အနာဂတ် အချိန်တစ်ခုခု မှာဖြစ်မဲ့ စကြာဝဠာရဲ့ အနေအထားကို တွက်ချက်ကြည့်လို့ ရတယ်။ သဘာဝဖြစ်စဉ်အားလုံး ရဲ့ အခြေခံကို အတူတူ ထားပြီး စဉ်းစားတဲ့အတွက် ဒီဖြစ်စဉ်တွေ အားလုံးဟာ ကြိုတင်ဆုံးဖြတ် ထားပြီးသားလို ဖြစ်နေတယ်။ လူသားရဲ့ ဥာဏ်ပညာ၊ အသိတရား၊ ချစ်ခြင်းမေတ္တာ၊ အကြင်နာ နဲ့ ရည်မှန်းချက်ဆန္ဒ တွေကိုတော့ ရှေးရိုးသိပ္ပံရဲ့ ဒီယန္တယား စကြာဝဠာထဲမှာ နေရာမပေးထားဘူး။ စိတ်သဘောထား ကြီးမြတ်ခြင်းဟာ သူစိမ်းတရံစာ။

ဖရန်စစ်ဘေကွန်(Francis Bacon)ရဲ့ သဘာဝတရား အပေါ် အမြင် ဖြစ်တဲ့ " သဘာဝ တရားဟာ လွတ်လပ်စွာ လျှောက်ရင်း တောခြောက် ခံရတယ်၊ တာဝန် ထမ်းဆောင်ရင်း အစေခံ ဖြစ်ရတယ်" ဆိုတဲ့အမြင်ဟာ ရှေးရိုးသိပ္ပံ-နည်းနာနိဿရည်း တွေ အတွက် အဓိကအချက်ပါ။ သိပ္ပံပညာရှင် တွေက သဘာဝတရားရဲ့ လျှို့ဝှက်ချက်တွေကို သဘာဝတရား ထံကပဲ နှိုက်ထုတ်ကြတယ်။ သိပ္ပံပညာရဲ့ ရည်မှန်းချက်ဟာ သဘာဝကို လွှမ်းမိုးချုပ်ကိုင် ဖို့ရန် အသိပညာတွေ ဆည်းပူးရယူဖို့ ဖြစ်နေတယ်။ ယနေ့ခေတ် အထိကတော့ ရှေးရိုးသိပ္ပံနဲ့ သူ့ရဲ့ဆင့်ပွား နည်းပညာရပ်တွေဟာ ပတ်ဝန်းကျင် ဂေဟစနစ် ကို အကြီးအကျယ် ပျက်စီးစေအောင် အသုံးပြုခြင်း ခံနေရတာ ဖြစ်ပါတယ်။
[ ဆက်ဖတ်ရန် +/- ]

ဒီ ကြောင်းကျိုးသိ အတွေးအခေါ် တွေက အနောက်တိုင်းကို လွှမ်းမိုး ထိုးဖောက်ထားတယ်။ ဒါကြောင့် သိပ္ပံပညာရဲ့ ရည်ရွယ်ချက်ဟာ သဘာဝကို လွှမ်းမိုးချုပ်ကိုင်ဖို့ ဖြစ်ပါတယ်လို့ အနောက်တိုင်း လူ့အဖွဲ့အစည်းက ယုံကြည်ကြတယ်။ သူတို့ကိုယ် သူတို့ သဘာဝကို ပိုင်ဆိုင်သူ အရှင်သခင်တွေ အဖြစ် ရောက်အောင် သိပ္ပံဗဟုသုတ တွေကို အသုံးပြုနိုင်တယ် လို့ ယုံကြည်ကြတယ်။ သဘာဝတရားဟာ “မ” သဘာဝဆောင်တဲ့ တရားဖြစ်ပြီး သူ့အတွက် စွန့်စားဖို့ ထိုက်တန်တယ် လို့ ထင်မြင်ကြတယ်။

ကြောင်းကျိုးဆက် အတွေးအခေါ်က သက်ရှိတွေ အားလုံးကို စက်ယန္တယား သဖွယ်ပဲ ဆက်ဆံခဲ့တယ်။ ဒီတလွဲ ရီဒက်ရှင်းနစ် အတွေးအခေါ် ရဲ့ ဘေးထွက်ဆိုးကျိုးကို ဆေးပညာမှာ အဓိက သွားတွေ့ရတယ်။ ကာတက်စီနဲ့ နယူတန် ပုံစံ (Courtesian-Newtonian model) ဖြစ်တဲ့ လူ့ခန္ဓာကိုယ်ကို စက်နာရီအသွင် ယူဆထားသော အတွေးအမြင်ဟာ ဆရာဝန်တွေကို အဓိကရောဂါကြီး တွေကို ရှာလို့မတွေ့အောင် ပိတ်ပင်တားဆီးခဲ့တယ်။ အခု ရှေးရိုးသိပ္ပံပညာရဲ့ အဓိပ္ပါယ်မဲ့ အကန့်အသတ်တွေ နဲ့ အသက်ခန္ဓာရဲ့ စက်ယန္တယား အယူအဆကို စွန့်လွှတ်လိုက်တဲ့ အခါမှသာ ဒီအဓိကရောဂါကြီးတွေကို သိလာရတာဖြစ်တယ်။

Written-Dr.Granville Dharmawardena
Translated-Ahlataya


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP