* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, June 5, 2009

ပညာ၏ ကြီးပွါးခြင်းဖြင့်ကြီးပွါးခြင်း...

ပမာဒါဒိဝဂ်...

ပညာ၏ ကြီးပွါးခြင်းဖြင့်ကြီးပွါးခြင်း...
ရဟန်းတို့ အကြင် အခြံအရံ၏ ကြီးပွါးခြင်းသည် ရှိ၏၊ ဤကြီးပွါးခြင်းသည် အနည်း ငယ်မျှသာဖြစ်၏။ ရဟန်းတို့ အကြင် ပညာ၏ ကြီးပွါးခြင်းသည် ရှိ၏၊ ဤကြီးပွါးခြင်း သည် ကြီးပွါးခြင်းတကာတို့တွင် အမြတ်ဆုံးတည်း။ ရဟန်းတို့ ထို့ကြောင့် ဤ သာသနာတော်၌ ''ပညာ၏ ကြီးပွါးခြင်းဖြင့်ကြီးပွါး ကုန်အံ့'' ဟု နှလုံးသွင်း၍ ကျင့်ရ မည်။ ရဟန်းတို့ သင်တို့သည် ဤအတိုင်းသာ ကျင့်ရမည်ဟု မိန့်တော်မူ၏။81


မေ့လျော့ခြင်း...
ရဟန်းတို့ ဤမေ့လျော့ခြင်း 'ပမာဒ'တရားသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာအကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မေ့လျော့ခြင်း 'ပမာဒ'တရားသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။82


မမေ့မလျော့ခြင်း...
ရဟန်းတို့ ဤမမေ့မလျော့ခြင်း 'အပ္ပမာဒ'တရားသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မမေ့မလျော့ခြင်း 'အပ္ပမာဒ'တရားသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု မိန့်တော်မူ၏။83


ပျင်းရိခြင်း...
ရဟန်းတို့ ဤပျင်းရိခြင်း 'ကောသဇ္ဇ'တရားသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့ သို့၊ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှ လည်း ငါမမြင်။ ရဟန်းတို့ ပျင်းရိခြင်း 'ကောသဇ္ဇ'တရားသည် များစွာ အကျိုးမဲ့ခြင်း ငှါ ဖြစ်၏ဟု မိန့်တော်မူ၏။ 84


ထက်သန်သော လုံ့လရှိခြင်း...
ရဟန်းတို့ ဤထက်သန်သော လုံ့လ 'ဝီရိယာရမ္ဘ' တရားသည် များစွာအကျိုးရှိ ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ထက်သန်သော လုံ့လ 'ဝီရိယာရမ္ဘ' တရား သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု မိန့်တော်မူ၏။ 85


အလိုကြီးခြင်း...
ရဟန်းတို့ ဤအလိုကြီးခြင်း 'မဟိစ္ဆတာ' တရားသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ အလိုကြီးခြင်း 'မဟိစ္ဆတာ'တရားသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု မိန့်တော်မူ၏။ 86


အလိုနည်းခြင်း...
ရဟန်းတို့ ဤအလိုနည်းခြင်း 'အပ္ပိစ္ဆတာ'တရားသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရား ကိုမျှလည်း ငါမမြင်။ ရဟန်းတို့ အလိုနည်းခြင်း 'အပ္ပိစ္ဆတာ'တရားသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု (မိန့်တော်မူ၏)။ 87


မရောင့်ရဲခြင်း...
ရဟန်းတို့ ဤမရောင့်ရဲခြင်း 'အသန္တုဋ္ဌိတာ'တရားသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရား ကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မရောင့်ရဲခြင်း 'အသန္တုဋ္ဌိတာ'တရားသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု မိန့်တော်မူ၏။ 88


ရောင့်ရဲခြင်း...
ရဟန်းတို့ ဤရောင့်ရဲခြင်း 'သန္တုဋ္ဌိတာ' တရားသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ရောင့်ရဲခြင်း 'သန္တုဋ္ဌိတာ'တရားသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု မိန့်တော်မူ၏။89


နှလုံးသွင်းခြင်း မကောင်းခြင်း...
ရဟန်းတို့ ဤမသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်း 'အယောနိ သော မနသိကာရ' တရားသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်းသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု မိန့်တော်မူ၏။90


နှလုံးသွင်းခြင်း ကောင်းခြင်း...
ရဟန်းတို့ ဤသင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်း 'ယောနိသော မနသိကာရ'တရားသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ သင့်လျော်သော အကြောင်းအားဖြင့် နှလုံးသွင်းခြင်းသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု မိန့်တော်မူ၏။91


မဆင်ခြင်ခြင်း...
ရဟန်းတို့ ဤမဆင်ခြင်ခြင်း 'အသမ္ပဇည'တရားသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ မဆင်ခြင်ခြင်း 'အသမ္ပဇည'တရားသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု မိန့်တော်မူ၏။92


ဆင်ခြင်ခြင်း...
ရဟန်းတို့ ဤဆင်ခြင်ခြင်း 'သမ္ပဇည'တရားသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့ သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကို မျှလည်း ငါမမြင်။ ရဟန်းတို့ ဆင်ခြင်ခြင်း 'သမ္ပဇည'တရားသည် များစွာ အကျိုး ရှိခြင်းငှါ ဖြစ်၏ဟု မိန့်တော်မူ၏။93


အဆွေခင်ပွန်းယုတ်ရှိခြင်း...
ရဟန်းတို့ ဤအဆွေခင်ပွန်းယုတ်ရှိခြင်း 'ပါပမိတ္တတာ'တရားသည် များစွာ အကျိုး မဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သော အခြားတစ်ခု သော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ အဆွေခင်ပွန်းယုတ်ရှိခြင်းသည် များ စွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု မိန့်တော်မူ၏။94


အဆွေခင်ပွန်းကောင်းရှိခြင်း...
ရဟန်းတို့ ဤအဆွေခင်ပွန်းကောင်းရှိခြင်း 'ကလျာဏမိတ္တတာ'တရားသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိခြင်းငှါ ဖြစ်သော အခြား တစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ အဆွေခင်ပွန်းကောင်း ရှိခြင်း သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု မိန့်တော်မူ၏။95


အကုသိုလ်ပြုခြင်း... ကုသိုလ်မပြုခြင်း...
ရဟန်းတို့ ဤအကုသိုလ်တရားတို့ကို အားထုတ်ခြင်း ကုသိုလ်တရားတို့ကို အားမ ထုတ်ခြင်းသည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးမဲ့ ခြင်းငှါ ဖြစ်သော အခြား တစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ အကုသိုလ်တရားတို့ကို အားထုတ်ခြင်း ကုသိုလ်တရားတို့ကို အားမထုတ်ခြင်း သည် များစွာ အကျိုးမဲ့ခြင်းငှါ ဖြစ်၏ဟု မိန့်တော်မူ၏။96


ကုသိုလ်ပြုခြင်း... အကုသိုလ်မပြုခြင်း...
ရဟန်းတို့ ဤကုသိုလ်တရားတို့ကို အားထုတ်ခြင်း အကုသိုလ်တရားတို့ကို အား မထုတ်ခြင်းသည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်သကဲ့သို့၊ ဤအတူ များစွာ အကျိုးရှိ ခြင်းငှါ ဖြစ်သော အခြားတစ်ခုသော တရားကိုမျှလည်း ငါမမြင်။ ရဟန်းတို့ ကုသိုလ်တရားတို့ကို အားထုတ်ခြင်း အကုသိုလ်တရားတို့ကို အားမထုတ်ခြင်း သည် များစွာ အကျိုးရှိခြင်းငှါ ဖြစ်၏ဟု မိန့်တော်မူ၏။

၉- ပမာဒါဒိဝဂ်၊ ဧကကနိပါတ်၊ အင်္ဂုတ္တိုရ်။



ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP