* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, June 5, 2009

ထမင်းချိုးကို လှူဒါန်းခဲ့သောကြောင့်...

အာစာမဒါယိကာဝိမာနဝတ္ထု...

ရှေးလူဖြစ်စဉ် ဆွေမျိုးပျက်စီး အထီးကျန်သော သူဆင်းရဲမဖြစ်ကာ သူတပါးအိမ် အဖီကို အမှီပြုနေရသူ ဖြစ်ပါလျက် အသျှင်မဟာကဿပအား ထမင်းချိုးကို ကိုယ်ထိလက်ရောက် လှူဒါန်းခဲ့သောကြောင့် ကွယ်လွန်သောအခါ နိမ္မာနရတိ နတ်ပြည်၌ ချမ်းသာပျော်ရွှင်စွာ ဖြစ်ရသော နတ်သမီးအကြောင်း...

စည်းစိမ်ဥစ္စာ ဆွေမျိုးပြုန်းတီး၍ အထီးကျန်သော ဆင်းရဲသော သူတစ်ပါးအိမ် အဖီကိုမှီ၍ နေရသော မိန်းမသည် ဆွမ်းအလို့ငှါ လှည့်လည်လျက် ဆိတ်ဆိတ်နေ ကာ ရပ်တည်သော အရှင်ဘုရားအား ကြည်ညိုစိတ်ရှိသည်ဖြစ်၍ ထမင်းချိုးကို ကိုယ်ထိလက်ရောက် ပေးလှူဖူးပါပြီ၊ ထိုမိန်းမသည် လူ့ကိုယ်ခန္ဓာကို စွန့်၍ အဘယ်ဘဝသို့ လားရောက်ရ လေသနည်း ဟု သိကြားမင်းကမေး၏။ 185-6

စည်းစိမ်ဥစ္စာ ဆွေမျိုးပြုန်းတီး၍) အထီးကျန်သော ဆင်းရဲသော သူတစ်ပါးအိမ် အဖီကိုမှီ၍ နေရသော မိန်းမသည် ဆွမ်းအလို့ငှါ လှည့်လည်လျက် ဆိတ်ဆိတ် နေကာ ရပ်တည်သော ငါ့အား ကြည်ညိုစိတ် ရှိသည်ဖြစ်၍ ထမင်းချိုးကို ကိုယ်ထိ လက်ရောက် ပေးလှူခဲ့ဖူး၏၊ ထိုမိန်းမသည် လူ့ကိုယ်ခန္ဓာကို စွန့်၍ ဤလူ့ဘဝမှ ကင်းလွတ် စုတေသောအခါ တန်ခိုးကြီးသော နတ်တို့ရှိရာ နိမ္မာနရတိနတ်ပြည်၌ ချမ်းသာခြင်းသို့ ရောက်၍ မွေ့လျော်စံပျော် နေရ၏ဟု အသျှင်မဟာကဿပ မိန့်တော်မူ၏။ 187-9

အသျှင်မဟာကဿပ၌ ကောင်းစွာ တည်စေသော အထီးကျန်သော မိန်းမ၏ အလှူသည် အံ့ဖွယ်ရှိပေစွ၊ သူတစ်ပါးတို့ အိမ်မှ ဆောင်လာသော ထမင်းချိုးဟူ သော လှူဖွယ်ဝတ္ထုဖြင့် ပေးလှူအပ်သော အလှူသည် ပြည့်စုံပေစွ တကား။190

အချင်းတို့ အင်္ဂါကြီးငယ် အလုံးစုံ ကောင်းခြင်းရှိသော လင်၏ ရှုမငြီးသော မိန်းမ သည် စကြာမင်း၏ မိဖုရား ဖြစ်သော်လည်း ထိုမိဖုရားအဖြစ်သည် ဤသူဆင်းရဲမ ပေးလှူသော ထမင်းချိုး အလှူ၏ အကျိုးကို တစ်ဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ်လောက်မျှ တန်ဖိုးမရှိပေ။191

ရွှေစင်နိက္ခတစ်သိန်း, မြင်းတစ်သိန်း, အဿထိုရ်မြင်းကသော ရထားတစ်သိန်း, ပတ္တမြားနားတောင်း ဝတ်ဆင်ကုန်သော သမီးကညာတစ်သိန်း ဤအလုံးစုံတို့ သည်လည်း ဤသူဆင်းရဲ မပေးလှူသော ထမင်းချိုးအလှူ၏ အကျိုးကို တစ်ဆယ့် ခြောက်စိတ် စိတ်၍ တစ်စိတ်လောက်မျှ တန်ဖိုး မရှိကြပေကုန်။192

ဟိမဝန္တာတောင်၌ ဖြစ်ကုန်သော စဉ်းငယ်ညွတ်သော အစွယ်ရှိကုန်သော ကြီးစွာ သော စစ်ထိုးခြင်းကို ရွက်ဆောင်နိုင်ကုန်သော ရွှေကကြိုး တပ်အပ်ကုန်သော ရွှေတန်ဆာတို့ဖြင့် ဖွဲ့အပ်သော ကိုယ်ရှိကုန်သော မာတင်္ဂမျိုး၌ ဖြစ်ကုန်သော ဆင်အကောင်တစ်ရာတို့သည် ဤသူဆင်းရဲမ ပေးလှူသော ထမင်းချိုး အလှူ၏ (အကျိုးကို) တစ်ဆယ့် ခြောက်စိတ် စိတ်၍ တစ်စိတ်လောက်မျှ တန်ဖိုးမရှိကြပေ။

ဤလောက၌ အကြင်သူသည် ကျွန်းကြီးလေးကျွန်းတို့ကို အစိုးရခြင်းကို ပြုရာ၏၊ ထိုသူ၏ ထိုစကြာဝတေးမင်း စည်းစိမ်သည် ဤသူဆင်းရဲမ ပေးလှူသော ထမင်းချိုး အလှူ၏ အကျိုးကို တစ်ဆယ့်ခြောက်စိတ် စိတ်၍ တစ်စိတ်လောက်မျှ တန်ဖိုးမရှိပေ။194

၃ - အာစာမဒါယိကာဝိမာနဝတ္ထု၊ စိတ္တလတာဝဂ်၊ ၀ိမာန၀တ္ထုပါဠိတော်။

အာစာမ= ကစီရည်

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP