နှစ်ကြိမ်မချိုးနိုင်သောမြစ်ရေ,သို့မဟုတ်,သိပ္ပံပညာ(၆)
မော်ဒန်သိပ္ပံမွေးဖွားခြင်း
ပရမတ္တသစ္စာ ဟာ သူ့အပေါ်မှာထားတဲ့ ချုပ်ချယ်မှုနှစ်ခုကြောင့် ရှေးရိုးသိပ္ပံကနေ ရုန်းထွက် လွတ်မြောက်ခဲ့တယ်။ အနုမြူသိပ္ပံ (Nuclear science) ဟာ ဒီချုပ်ချယ်မှုတွေ ကြားမှာ မထွန်းကားနိုင်ခဲ့ဘူးလေ။
၁၉ ရာစုအလယ်ပိုင်းမှာ ရှေးရိုးသိပ္ပံပညာရှင်တွေဟာ သဘာဝတရားရဲ့ တကယ့်သစ္စာကို သူတို့ အပြည့်အ၀နားလည်ခဲ့ပြီလို့ ယုံကြည်ခဲ့ကြတယ်။ သိပ္ပံဆိုင်ရာ တွေ့စရာရှိတာတွေအားလုံး ရှာတွေ့ခဲ့ပြီ။ သုတေသန အသစ်တွေ့ရှိမှုတွေဟာ ရှိရင်းစွဲကို အပြစ်ရှာ ဖာထေးရုံသာလို့ ယုံကြည်ခဲ့ကြတယ် ။ ထင်ရှားတဲ့ ၁၉ ရာစု ရူပဗေဒ ပညာရှင် မိုက်ကယ်ဆန် (A.A.Michaelson) က ၁၉ ရာစုအကုန်မှာ အနာဂတ် ရူပဗဒ အကြောင်းကို ခုလို ပြောခဲ့ဖူးတယ်။ “ယခုရပြီးသား အဖြေကို ဒသမ အနည်းငယ် ဖြည့်စွက်ရုံနဲ့ ပြီးပါတယ်” တဲ့။ အဲဒီအချိန်တုန်းက လော့ဒ်ကယ်လ်ဗင် ( Lord Kelvin) က ပြောခဲ့ဖူးတယ်။ ရူပဗေဒရဲ့ အမြင်မှာ တိမ်တိုက်မည်းမည်း နှစ်ခုက လွဲရင် အရာအားလုံးဟာ ပြည့်စုံနေပါပြီတဲ့။[ ဆက်ဖတ်ရန် +/- ]
ဖြစ်နိုင်တာက အနုမြူရူပဗေဒ (Nuclear physics)ရဲ့ လုံးဝသစ်လွင်တဲ့ ကမ္ဘာဟာ ရှေးရိုးသိပ္ပံရဲ့ မြင်ကွင်းရဲ့ အပြင်မှာ ရှိနေခဲ့ပြီး အဲဒီကာလတုန်းက မြင်တွေ့ခြင်းခံခဲ့ရဖူးဟန် မတူဘူး။ အဖန်ဖန်မွေးဖွားခြင်းနဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဆိုတဲ့ သုံးဖက်မြင်က လွန်မြောက်နေတဲ့ ဖြစ်ရပ်တွေကို ရှေးရိုးသိပ္ပံက လက်သင့်မခံတဲ့ နည်းတူ အနုမြူသိပ္ပံဆိုတဲ့ သုံးဖက်မြင်လွန် မြင်ကွင်းကိုလည်း ရှေးရိုးသိပ္ပံက လက်သင့်မခံခဲ့ပါဘူး။
၁၉ ရာစုအကုန်မှာ အနုမြူသိပ္ပံ ဖြစ်ရပ်အချို့ဟာ ပေါ်လွင်ထင်ရှားလာပြီး သကာလ ရှေးရိုးသိပ္ပံရဲ့ ပြည့်စုံပြီးသား လောက မှာ ရှင်းလင်းချက်တွေ ရှာဖို့ မဖြစ်နိုင်တော့ဘူးလို့ သိပ္ပံပညာရှင်များ တွေ့လာကြတယ်။ ၁၈၉၆ မှာ ဟင်နရီ ဘက်ကွာရေး( Henry Becquerel) ရဲ့ ရေဒီယိုသတ္တိကြွတွေ့ရှိမှု က ရှေးရိုးသိပ္ပံလောကကို ခြေမွှပစ်ခဲ့တယ်။ နေ ကို နှစ်သန်းပေါင်းများစွာတိုင် ပူအောင်၊ တောက်ပအောင် လုပ်ပေးတဲ့ အနုမြူ သတ္တိကြွခြင်းဟာ ရှေးရိုးသိပ္ပံပညာရှင် တွေကို စိတ်ရှုပ်ထွေးစေတယ်။
နေရောင်ခြည်ဟာ အချိန်တိုအတွင်းမှာ အကျွန်ုပ်တို့ အသားအရည်ကို ညိုမှောင်သွားစေတယ်။ ဒါပေမဲ့ မီးဟာ ကာလအကြာကြီး တွေ့ထိနေရတာတောင် အသားအရည်ကို ညိုမှောင်အောင် မပြုနိုင်ဘူး။ နေရောင်ခြည်ရဲ့ အသားညိုမှောင်စေတဲ့ အက်တမ် ဆိုင်ရာ ဖြစ်စဉ်ဟာ ရှေးရိုးသိပ္ပံက လက်ခံထားတဲ့ အကန့်အသတ်ရဲ့ အလွန်မှာ ဖြစ်နေတာကို တွေ့ခဲ့ရတယ်။
ရှေးရိုးသိပ္ပံရဲ့ အားနည်းချက်တွေဟာ ပိုမိုသိသာလာတဲ့ တိုင်အောင် သူ့ရဲ့အကာအရံကို ထိုးဖောက် ဖျက်ဆီးပစ်ဖို့က မလွယ်ပါဘူး။ သိပ္ပံပညာရှင်တွေကို မရဏလမ်းဆုံးမှာ တုပ်နှောင်ထားတဲ့ ရှေးရိုးသိပ္ပံရဲ့ ( ဖော်ပြခဲ့ပြီးဖြစ်သော) အဓိကချုပ်ချယ်မှု နှစ်ခု မရှိတော့ပြီဖြစ်တဲ့ မော်ဒန်သိပ္ပံကမ္ဘာ ကို ခေါ်ဆောင်ဖို့ရန် အတွက် အိုင်းစတိုင်း (Albert Einstein) ထက်မညံ့ တဲ့ ပုဂ္ဂိုလ်တစ်ဦး ထွက်ပေါ်လာဖို့ လိုပါတယ်။
Written-Dr.Granville Dharmawardena
Translated-Ahlataya



0 comments:
Post a Comment