* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, June 26, 2009

၁၉။ ကပိလဝတ် မဟာဝုန်၌ မြစ်ရေခွဲဝေမှု၊ နှစ်နိုင်ငံတိုက်ပွဲ ငြိမ်းချမ်းမှု အထိမ်းအမှတ်အဖြစ် တစ်နိုင်ငံမှ နှစ်ရာ့ငါးဆယ်စီ၊ နှစ်နိုင်ငံပေါင်း မင်းသားငါးရာ ရဟ

သုဒ္ဓ ၁။ “ဗုဒ္ဓအသျှင်မြတ်ဘုရား၊ တပည့်တော်ဟာ အောက်သံယောဇဉ် ကုန်ပြီးတဲ့ သုဒ္ဓါဝါသ ပုဂ္ဂိုလ် ဖြစ်ပါတယ်။ သည်အစည်းအဝေးကြီးမှာ လျှောက်ထားပါမယ်။ သည်အစည်းအဝေးဟာ နတ် ဗြဟ္မာ အစည်းအဝေး လို့  ကင်ပွန်းတပ်လိုက်ပါတယ်။ သည်အစည်းအဝေးဟာ အောင်မြင်ပြီးသူ တွေကို ဖူးမြော်တဲ့ အစည်းအဝေး ဖြစ်တဲ့ အတွက် ဖြစ်ပါတယ်။”

သုဒ္ဓ ၂။ “ဗုဒ္ဓအသျှင်မြတ်ဘုရား၊ တပည့်တော်လည်း သံယောဇဉ်ကုန်ပြီး တဲ့ သုဒ္ဓါဝါသ ပုဂ္ဂိုလ် တစ်ဦး ဖြစ်ပါတယ်။ သည်အစည်းအဝေးမှာ မြင်းဇက် ကိုထိန်းတဲ့ ရထားထိန်းလို ရဟန်းတွေ ဣနြေ္ဒထိန်းကြပါတယ် ဘုရား”

သုဒ္ဓ ၃။ “ ဗုဒ္ဓအသျှင်မြတ်ဘုရား၊ တပည့်တော်လည်း ကိလေသာ အာသဝေါကင်းပြီးတဲ့ သုဒ္ဓါဝါသ ဗြဟ္မာပုဂ္ဂိုလ်ပင် ဖြစ်ပါတယ်။ တဏှာကင်း ပြီး သန့် ရှင်းကြတဲ့ ရဟန္တာငယ်များဟာ ရာဂစတဲ့ တံခါးကို ဖျက်ပြီး တံခါး တိုင် နုတ်ပြီး နေကြပါပြီ ဘုရား။”

သုဒ္ဓ ၄။ “ဗုဒ္ဓအသျှင်မြတ်ဘုရား၊ တပည့်တော်လည်း လျှောက်ထားပါ တယ်။ တပည့်တော်ကလည်း သုဒ္ဓါဝါသ ဗြဟ္မာအသင်းဝင် ပုဂ္ဂိုလ်ပဲ ဖြစ်ပါတယ်။ မြတ်စွာဘုရား ဆည်းကပ်သူ အားလုံးတို့ ဟာ ပျက်စီးမှု မဖြစ်တော့ဘဲ မြင့်မြတ်တဲ့ နတ်ဗြဟ္မာတွေ အများအပြားပဲ ဖူးတွေ့ ကြ တယ်”
“နတ်ဗြဟ္မာ ပရိတ်သတ်နဲ့  အမည်တွေကို နာကြားလိုပါတယ် ဗုဒ္ဓအသျှင်”

“ရဟန်းတို့  - သည်အစည်းအဝေးမှာ ကပိလဝတ်က မြင့်မြတ်သူ အရေအတွက် ခုနစ်ထောင် တက်ရောက်နေတယ်။ ဟိမဝန္တာ ခြောက်ထောင်။ သာတတောင်က ခုနစ်ထောင်။ ဝေသာမိတတောင်က ငါးရာ။ ရာဇဂြိုဟ်က အသိန်းမက။ ဓတရဌ၊ ဝိရူဠ၊ ဝရုပက္ခ၊ ကုဝေရ တို့ နဲ့  သူတို့ သား၊ ကျွန်၊ အခြံအရံများ။ ဝေသာလီက နာဂများနဲ့  အခြားအမျိုးမျိုး နတ်များအပြင် သုဗြဟ္မ၊ ပရမတ္ထ၊ တဿ၊ သနင်္ကုမာရ၊ မဟာဗြဟ္မာများ၊ မာရ်များပဲ ရဟန်းတို့  ”

“ကောင်းလှပါပြီ ဗုဒ္ဓအသျှင်”

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP