လူဝင်စားခြင်းကို သိပ္ပံနည်းကျလက်ခံခြင်း(၁)
အလှတရား
မြန်မာပြန်
လူဝင်စားခြင်းကိုသိပ္ပံနည်းကျလက်ခံခြင်းScientific Acceptability Of Rebirth
Dr.Granville Dharmawardena
Ph.D.(Cambridge),M.I.Chem.C,C..Chem,FIAutoE
ကျမ်းဦးအမှာ
သိပ္ပံပညာရှင်များနဲ့ သိပ္ပံကိုသင်ထားတဲ့လူတွေဟာ ဒီသဘာဝဖြစ်စဉ်ကို လက်ခံဖို့ငြင်းဆန်ကြပါတယ်။ ဒါဟာ ဘာကြောင့်ဖြစ်ရတာလဲဆိုတော့ သူတို့ဟာ ရှေးရိုးသိပ္ပံ (Classical science) သက်သက်ကိုပဲ ကျွမ်းဝင်နေလို့ အဓိက ဖြစ်တယ်။ ရှေးရိုးသိပ္ပံဟာ လူဝင်စားခြင်း သဘာဝဖြစ်စဉ် ဖြစ်နိုင်တဲ့ နည်းလမ်းကို လက်ခံနိုင်ခြင်း မရှိဘူး။
ဒီစာအုပ်ကို ရေးသားတဲ့ ဒေါက်တာ ဂရန်ဗီလာ ဓမ္မ၀ါရဒေန (Dr.GranVille Dharmawardena)ဟာ ထင်ရှားတဲ့ သိပ္ပံပညာရှင် တစ်ဦးဖြစ်တယ်။ ဗြိတိန်နဲ့ အမေရိကန်နိုင်ငံတွေရဲ့ အနုမြူသိပ္ပံနဲ့ဆိုင်တဲ့ ပြဋ္ဌာန်းစာအုပ်တွေမှာ ရည်ညွှန်ခြင်းခံရတဲ့ ပုဂ္ဂိုလ် ဖြစ်တယ်။ သူဟာ ပညာရေးနဲ့ လေ့ကျင့်မှု ပိုင်းကို ဗြိတိန်နိုင်ငံ ကိန်းဘရစ်တက္ကသိုလ်နဲ့ အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်၊ သြစတြေးလျ School of Nuclear Technology နဲ့ ပြင်သစ်က Atomic Enengy Commision မှာ ရယူခဲ့တယ်။ ၂၀ရာစု မော်ဒန်သိပ္ပံနဲ့ ပိုအကျွမ်းဝင်သူဖြစ်တယ်။ ဒီစာအုပ်မှာ သူဟာ လူဝင်စားခြင်း နဲ့ပတ်သက်တဲ့ သူ့လေ့လာမှုကို တင်ပြထားတယ်။
[ ဆက်ဖတ်ရန် +/- ]
ဒေါက်တာဓမ္မ၀ါရဒေန က ရှေးရိုးသိပ္ပံဟာ ဘာကြောင့် လူဝင်စားခြင်းကို ရှင်းမပြနိုင်ရသလဲ ဆိုတာကို ရှေးရိုးသိပ္ပံမှာ မူလကတည်းက ရှိနေတဲ့ ကန့်သတ်ချက်တွေကြောင့် ဖြစ်ကြောင်း ထောက်ပြတယ်။ မော်ဒန်သိပ္ပံဟာ ဒီအကန့်အသတ်တွေကို ကျော်လွန်ခဲ့ပြီးတော့ လူဝင်စားခြင်းဟာ မော်ဒန်သိပ္ပံရဲ့ နယ်ပယ်မှာ ရှိတယ်လို့ ဆိုတယ်။ မော်ဒန်သိပ္ပံဟာ လူဝင်စားခြင်းကို လက်ခံတယ်။ ဒီလိုလက်ခံတယ်ဆိုတာဟာလည်း ယေဘုယျလက်ခံထားတဲ့ မော်ဒန်သိပ္ပံဖြစ်စဉ်ကို သက်သေပြတဲ့ နည်းတွေအတိုင်း စမ်းသပ်ပြီးမှ လက်ခံထားတာ ဖြစ်တယ်။
ဒေါက်တာ ဂရန်ဗီလာ ဓမ္မ၀ါရဒေန က သိပ္ပံပညာဟာ အမှန်တရားနဲ့ နီးသည်ထက်နီးလာအောင် အဆင့်မြင့်လာပြီ လို့ဆိုတယ်။ ပြီးတော့ သိပ္ပံပညာဟာ ဗုဒ္ဓရဲ့ တရားတော်တွေနား နီးသည်ထက် နီးလာအောင် ခေါ်လာတယ်လို့ ဆိုတယ်။
နောက်ဆုံးအနေနဲ့ ကျွန်တော်ပြောချင်တာက ကျွန်တော်ဟာ ဒီအမှာကို ရေးသားဖို့ သီရိလကာင်္နိုင်ငံသား သိပ္ပံပညာရှင်ဖြစ်သူ ဒေါက်တာဓမ္မ၀ါရဒေနရဲ့ ချီးမြှောက်ခြင်း ကိုခံရပါတယ်။ ကမ္ဘာတလွှားက ထင်ရှားတဲ့ သိပ္ပံပညာရှင်များက သုတေသန ပြုနေတဲ့ကြားက ဒေါက်တာဓမ္မ၀ါရဒေနဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၄၀က ရှိလာတဲ့ လူဝင်စားခြင်းအယူအဆကို သက်သေပြနိုင်ပြီး သူ့ရဲ့ ဥာဏ်ပညာအတွက် ဂုဏ်ပြုခံရပါပြီ။
အန်.အယ်လ်.ဘီ. ကိရိဧလ
(ဥဒဝေလအရပ်)

ဘေးဒုက္ခတွေမရှိပဲ ညီညွတ်စွာနေနိုင်မဲ့ ကမ္ဘာတစ်ခုကို ဗုဒ္ဓတရားတော်များ ကျင့်သုံးခြင်းဖြင့် တည်ဆောက်ကြရအောင်
အန်.အယ်လ်.ဘီ. ကိရိဧလ
(ဥဒဝေလအရပ်)

0 comments:
Post a Comment