* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, May 13, 2009

*ကျွန်တော့်ကို Heart ထိစေသော ရိုက်ချက်များ*

ဓမ္မမောင်နှမတို့ ရေ

ဒီနေ့ အွန်လိုင်း တက်လိုက်တော့ ဘုန်းဘုန်း ဦးတိက္ခဉာဏာ လင်္ကာရ (ယော ဆရာတော်) ကလည်း လိုင်းပေါ်မှာ ရှိနေတာနှင့် ဘုန်းဘုန်းကို နှုတ်ဆက်ရင်း ရောက်တက် ရာရာ ပြောဖြစ်ပါတယ်။ ဒါပေမယ့် ဗဟုသုတ ဖြစ်စရာ မှတ်သား စရာတွေ ဘုန်းဘုန်း ပြောတဲ့အထဲမှာ တော်တော် များများ ပါနေတာမို့  အားလုံးကို ပြန်လည် ဝေငှလိုက် ပါတယ်။

ခင်မင်စွာဖြင့်
ဝိမုတ္တိသုခ

***********************************************************

1:06 PM me: ဘုန်းဘုန်း၊ မင်္ဂလာပါ။ နေကောင်းပါရဲ့ လားဘုရား

bhikkhu.tikkhanana: မင်္ဂလာပါ ကိုဝိမုတ္တိ
နေကောင်းပါတယ်
1:07 PM ကိုဝိမုတ္တိကော နေကောင်းလား

me: ဘုန်းဘုန်း ဆွမ်းဘုန်းပြီးပြီလားဘုရား

bhikkhu.tikkhanana: မပြီးသေးဘူး ဒကာ

me: အချိန်တော့ နီးပြီထင်တယ်

bhikkhu.tikkhanana: ဟုတ်

1:08 PM me: တပည့်တော် ဒီရက်ပိုင်း အွန်လိုင်း သိပ်မတက်ဖြစ်တာနဲ့ ဘုရား

bhikkhu.tikkhanana: ဟုတ်လား
အလုပ်တွေ ရှုပ်နေတယ်နဲ့ တူတယ်

1:09 PM me: အလုပ်မရှုပ်ဘူး ဘုရား။ နားနေရတာ။ အဲဒါနှင့် ကိုယ့်ဖာသာ တရားလေးနှင့် နေနေလို့ဘုရား
1:10 PM Mind Tuning ပြန်လုပ်နေတာပါ ဘုရား။ :)

bhikkhu.tikkhanana: ဟား.. ကောင်းတယ်လေ.. ဘာဖြစ်ဖြစ် လုပ်ဖြစ်ဖို့လိုတာပါ

1:11 PM me: တင်ပါ့ ဘုရား
1:12 PM ဘုန်းဘုန်း ဆိုက်ဒ်အသစ် တော်တော်လေး ပြီးနေပြီလားဘုရား

bhikkhu.tikkhanana: ပြီးနေပါပြီ
ဘုန်းဘုန်း လုပ်နေတာတော့ မဟုတ်ပါဘူးလေ
ကိုဝင်းမြင့် တို့ လုပ်နေတာပါ

1:13 PM me: တင်ပါ့။
ကောင်းပါတယ် ဘုရား

1:14 PM bhikkhu.tikkhanana: အခု အဲဒီမှာ ဘယ်အချိန်ရှိပြီလဲ
me: ၁နာရီ ၁၅ ပါဘုရား

1:15 PM တပည့်တော် ဘုန်းဘုန်း ဘလော့ဂ်က ဓနိယသုတ် ကို ပြန်ရေး ထားတာ လေးကို ဖတ်သွားတယ် ဘုရား။

bhikkhu.tikkhanana: အော် ပြောရအုံမယ်... ကိုဝိမုတ္တိပို့တဲ့ အီးမေးလ်တွေကို ဘုန်းဘုန်းဆိုက် သတင်းလွှာ ကဏ္ဍရယ် တရားကဏ္ဍ ရယ်မှာ တင်ထား လိုက်တယ်

me: တင်ပါ့ ရပါတယ် ဘုရား

bhikkhu.tikkhanana: ဘုရားဒကာလေး မို့ပါ

me: ဘုန်းဘုန်း အသုံးဝင်တယ်ဆို တပည့်တော် ၀မ်းသာပါတယ် ဘုရား
1:16 PM ဟားဟား
မနေ့ ကတော့ ဦးလောက သူ့ ဆိုက်မှာ တပည့်တော် ရိုက်ထားတဲ့ ဘုရားပုံ တင်ထားတယ်

bhikkhu.tikkhanana: အော်

1:17 PM me: ခုန စကား ဆက်လိုက်အုံးမယ်။ မြတ်စွာဘုရား ဥဒါန်းတော်ကို ဖတ်ပြီး တပည့်တော် ပီတိတွေဖြစ် မျက်ရည်တွေ ကျလာတယ် ဘုရား

တကိုယ်လုံး တုန်တက်ပြီးတော့။ တော်တော်ကို ထူးဆန်းတယ်
1:18 PM ဒီတခါတော့ တပည့်တော် Heart ထိတဲ့အလှည့်လားမသိဘူး

bhikkhu.tikkhanana: ဟုတ်လား

me: တင်ပါ့။

bhikkhu.tikkhanana: သဒ္ဓါတရားတွေ အရမ်းမြင့်နေတဲ့ ကာလတွေပါလေ

1:19 PM me: တင်ပါ့။ ဘုန်းဘုန်းဆီက ပို့စ်ကိုဖတ်ပြီး မူရင်း ဖတ်ချင်တာနှင့် ဦးလောကနာထ ဆီကို လှမ်းတောင်းတော့ မူရင်းသုတ် မြန်မာပြန် ဖတ်ရတယ်ဘုရား

1:20 PM bhikkhu.tikkhanana: ဦးလောက က ဘယ်မှာ သီတင်းသုံးတာလဲ

me: ဆန်ဖရန်စစ္စကို ထင်တယ်ဘုရား

1:21 PM bhikkhu.tikkhanana: အော်

me: အဲဒါ ဖတ်နေရင်း မျက်ရည် တွေကျလာလို့ ။ ဦးလောကကို ချက်ချင်း လှမ်းပြောမိတယ်။ အဲဒါ သူက ပီတိကို ပြန်မှတ်၊ ပြန်မှတ်ဆိုပြီး သတိလှမ်းပေးတယ်

bhikkhu.tikkhanana: အင်း ဟုတ်ပါတယ်

1:22 PM me: တပည့်တော် အဲဒီဥဒါန်းလေးနှင့်စပ်ပြီး ဆောင်းပါးလေး တစ်ပုဒ်တော့ ရေးဖြစ်မယ် ထင်ပါတယ်ဘုရား

1:23 PM မနေ့က တပည့်တော်ပို့ လိုက်တဲ့ အယောင်ဆောင်ခြင်း (၃၇)ပါး ကလည်း တပည့်တော် ဖတ်ဖြစ်တော့ တော်တော်လေး လန့်သွားတယ်ဘုရား။

bhikkhu.tikkhanana: ကောင်းတယ် ရေးဖြစ်အောင်ရေးပါ

1:24 PM me: တင်ပါ့

bhikkhu.tikkhanana: အေးဗျာ ဒါ သတိထားစရာတွေချည်းပဲ
အယောင်ဆောင်ခြင်း ၃၇ ပါးကလေ

me: တင်ပါ့။ အဲဒါ ဘုန်းဘုန်းတို့ အားလုံးကိုလည်း သတိရသွားတာနှင့်
တရားမလုပ် တဲ့သူမှာ ဒါတွေ ဖြစ်စရာမရှိဘူး ဘုရား။ လုပ်နေတဲ့ သူတွေမှာ ဖြစ်မှာလေ
1:25 PM သူတော်ကောင်း တရားလုပ်နေရင်းနှင့် အကုသိုလ် ဖြစ်ကြရတာဆိုတော့

bhikkhu.tikkhanana: ဟုတ်ပါတယ်
တကယ့်ကို သတိပြုစရာတွေပါ

me: ဘုန်းဘုန်းတို့ သိပြီးသားလို့ တော့ထင်ပါတယ်ဘုရား

1:26 PM bhikkhu.tikkhanana: ဘုရားရှင်ဟောတဲ့ ဟိုနေရာ ဒီနေရာကနေ ဆရာကြီးက ကောက်နုတ် စုပေါင်း ထားတာပါ.. သိထားတာတော့ များပါတယ်

me: တင်ပါ့

bhikkhu.tikkhanana: ပြန်ဖတ် လိုက်တော့ ပြန်သတိ ပေးပြီးသား ဖြစ်သွားတာပေါ့

me: တင်ပါ့ဘုရား

1:28 PM အထူးသဖြင့် တရားအားထုတ်ပြီးခါစ အချိန်တွေမှာ ယောဂီတွေ သဒ္ဓါတရား တက်ပြီး ဖြစ်တတ်ကြတဲ့ ပြဿနာတွေ ရှိတာကိုးဘုရား

bhikkhu.tikkhanana: ဟုတ်တယ်
1:29 PM အဲဒီ အယောင်ဆောင်ခြင်း ၃၇ ပါးကိုလဲ ဆိုက်သစ်မှာ တင်ထားလိုက်သေးတယ်

me: တင်ပါ့ဘုရား။ ၀မ်းသာပါတယ်ဘုရား

1:31 PM တပည့်တော် တစ်ခု သတိထားမိတာက တရား အားထုတ်တဲ့ သူတွေက တရားအပြင် ကိုယ့်ထက် ၀ါရင့်တဲ့ ဓမ္မမိတ်ဆွေဖြစ်ဖြစ်၊ ဆရာသမား တစ်ဦးဦးဘဲ ဖြစ်ဖြစ် သူတို့ရဲ့ နေပုံထိုင်ပုံ ပြောဆို ဆက်ဆံပုံတွေကို ပါ အတုယူ လေ့လာသင့် တယ်လို့ ထင်ပါတယ် ဘုရား

မဟုတ်ရင် လူတွေကြားထဲ သိပ်အချိုး မကျ ဖြစ်ဖြစ်နေတတ် ကြလို့ 

1:32 PM bhikkhu.tikkhanana: ဟုတ်ပ ကိုဝိမုတ္တိ
ဒီလိုတွေ အများကြီး တွေ့ရတယ်
သတိထား သင့်တဲ့အရာပါ

me: ဟုတ်တယ်ဘုရား။ တပည့်တော် ကိုယ်တိုင်လည်း အဲဒီလို ဖြစ်ခဲ့ဖူးလို့ ဘုရား
1:33 PM တရား အားထုတ်ပြီး ခါစမှာ တွေ့ရာလူကို တရားစကားဘဲ ပြောချင်နေ။
ကိုယ်က နားထောင်ဖို့ ကို အားမသန်

bhikkhu.tikkhanana: အဲဒါ သတိပြုစရာပါ

me: အဲလိုဖြစ်တာဘုရား

bhikkhu.tikkhanana: ဦးဇင်းတို့ကတော့ တော်တော်တွေ့ရတယ်

1:35 PM me: အဲဒါ တပည့်တော် သူငယ်ချင်း တစ်ယောက်က သူလည်း တရား လုပ်ထားတာပါ။ တပည့်တော်ကို နောက်သလို ပြောင်သလို နှင့် တစ်ခွန်း ပြောလိုက်တော့ တပည့်တော် တော်တော်လေး သတိထားလိုက်ရ တော့တယ်

သူက “တရားဝါနုတဲ့ သူတွေက တအား ပြောချင် ကြတယ်တဲ့။ ၀ါရင့်တဲ့ သူတွေက နားဘဲ ထောင်တော့တယ်” တဲ့

1:36 PM သူက လူတွေကြားထဲ ဘယ်တော့မှ တရားအကြောင်း မပြောဘူးဘုရား

bhikkhu.tikkhanana: တရားအလုပ် လုပ်စမှာ ငြိမ်းအေးမှု လေးတွေ့တယ် ကျန်တဲ့ လူတွေကိုလည်း ခံစားစေချင် တွေ့စေချင်တယ်.. သူရဲ့ စေတနာ သဒ္ဓါတွေကို ပညာနဲ့ ထိန်းပေးမှ နေရ ထိုင်ရတာ အဆင်ပြေတယ်

me: အဲဒါ တပည့်တော်ကို တစ်ခွန်းတည်း ထည့်လိုက်တာ တပည့်တော် တခါတည်း နင်သွားတယ်။

bhikkhu.tikkhanana: အင်းပေါ့

1:37 PM me: နောင်တပည့်တော် အဲဒါ ဆင်ခြင် ဖြစ်သွားရော
1:38 PM နောက်ပြီး ဆရာတော် ကြီးတွေရဲ့ ထေရုပတ္တိတွေ လိုက်ဖတ်ဖြစ်တော့ သူတို့ရဲ့ နေပုံ ထိုင်ပုံ ပြောဆိုပုံတွေ အတုယူဖြစ်တယ်
အဲဒီကျမှ တော်တော် ဟန်ကျသွားတာ။

1:39 PM bhikkhu.tikkhanana: ဟုတ်တယ်
ဆရာတော်ကြီးတွေက သိပ်ပြီး သိုသို သိပ်သိပ်နေတော် မူကြတာ

1:40 PM ရေပြည့်သွားရင် ဘောင်ဘင် သိပ်မခတ် တော့ဘူးလို့ ပြောရမယ် ထင်ပါတယ်
လိုအပ်ရင်တော့လဲ ပြောရတာပေါ့လေ


1:41 PM me: ဟုတ်ပါတယ်ဘုရား။ တီးမှမြည်တယ်ဆိုတာ

bhikkhu.tikkhanana: ဟုတ်တယ် စည်ကြီးနဲ့တူသွားတယ်

1:42 PM me: နောက်ပြီး ဖြစ်တတ်ကြတာ ကိုယ်သိတာ တွေကဘဲ အမှန်ဆိုပြီး သူများက ထပ်ပြောလာရင် စဉ်းစားတောင် မကြည့်တော့ဘဲ လက်မခံကြ တာမျိုးဘုရား

1:43 PM bhikkhu.tikkhanana: အလယ် အလတ်ကို ရှာတယ် လျှောက်တယ်ဆိုပြီး ဘေးကိုတော့ မရောက် သင့်ပေဘူး ပေါ့

1:45 PM me: တင်ပါ့ဘုရား။ ဇင်ပုံပြင်ထဲက ဥပမာလို့ ကိုယ့်ရေခွက်ကို ဖုံးထားမယ် (သို့) အပြည့်ကြီး ထားထားတော့ တခြားသူက ကိုယ့်ခွက်ထဲကို လာထည့်ပေးလို့ မရဘူး ဖြစ်ကြတာ ဘုရား

bhikkhu.tikkhanana: ကောင်းလိုက်တဲ့ စကား

me: အဲဒါ နစ်နာမှုလို့ ထင်ပါတယ်ဘုရား

bhikkhu.tikkhanana: သေချာတာပေါ့
ရင်ကို အမြဲဖွင့် ကြိုဆိုရမယ်

1:46 PM me: တင်ပါ့။

1:47 PM တပည့်တော် သတိထားမိတာ တရားသမားတွေ ကိုယ်အားထုတ်တဲ့ တရားကို ပြန်သွားစွဲတဲ့ အစွဲဖြစ်တာကိုပါ ဘုရား

1:48 PM bhikkhu.tikkhanana: အစွဲကတော့ ဘာမှ မကောင်းပါဘူး. ဒါပေမယ့် ပျော့ပြောင်းတဲ့ အစွဲဆို တော်သေးရဲ့...

ပြင်းထန်လွန်းရင် မကောင်းတော့ဘူး

1:49 PM me: ဟုတ်တယ်ဘုရား။ တပည့်တော် သေသေချာချာ မမှတ်မိတော့လို့ ။ ဘယ် ဆရာတော်လည်း မသိဘူး ဆုံးမထားတာ။ အစွဲကင်းချင်လို့ တရား အားထုတ်ပါတယ် ဆိုကာမှ တရားကို ပြန်စွဲ၊ ရိပ်သာပြန်စွဲ၊ နည်းစနစ်ကို ပြန်စွဲ မဖြစ်သင့်ဘူးလို့ ပြောထားတာ

1:50 PM bhikkhu.tikkhanana: ဦးဇင်းလဲ ဘယ်ဆရာတော်လို့ မသိဘူး ကြားဖူးပါတယ်.. ဖောင်ဆိုတာ သုံးပြီးရင် ထားခဲ့ရတာ လို့ နားလည်မိပါတယ်
1:51 PM me: ဟုတ်တယ်ဘုရား။ ဘုန်းဘုန်း အချိန်ရရင် တပည့်တော်ကို အဲဒီတရား မူရင်းလေး ရှာပေးလို့ ရမလားဘုရား

bhikkhu.tikkhanana: ညပိုင်းလောက် ပို့ထားပေးလိုက်မယ်လေ
1:52 PM ခုတော့ နည်းနည်း လုပ်စရာတွေရှိနေသေးလို့

me: တင်ပါ့ဘုရား။ ချက်ချင်းကြီး မဟုတ်ပါဘူးဘုရား
ဘုန်းဘုန်းအားမှပါ

1:53 PM ဘုန်းဘုန်းဆွမ်းချိန်နီးနေပြီလားဘုရား

1:54 PM bhikkhu.tikkhanana: ဟုတ် ၁၅ မိနစ်လောက် ကျန်ပါသေးတယ်

1:56 PM me: တပည့်တော် ကို ဆရာတော်ကြီး တစ်ပါးက ပြောဖူးတယ်ဘုရား။ တချို့ ရိပ်သာ ဆရာတော်တွေက ကိုယ့်ကိုယ်ကို ရဟန္တာ ကြီးတွေလို နေနေကြတယ်တဲ့။ အဲဒါ ဟန်ဆောင်မှု ဘဲလို့ သူကပြောတယ်။ အဲဒါကို ဘုန်းဘုန်း ဘယ်လို သဘောရလဲ ဘုရား

1:57 PM bhikkhu.tikkhanana: အဲလိုတော့ အရမ်းမပြောသင့်ဘူး

1:58 PM ဦးဇင်းတို့ဆရာ တိပိဋကဆရာတော် ဦးသုမင်္ဂလ ကမိန့်ဖူးတယ်

me: တပည့်တော်က စဉ်းစားကြည့်တာ သူတို့က ၀ိနည်း တအားထိန်း တာရယ်။ သတိကို အချိန်တိုင်း ထိန်းနေတာ ရယ်ကြောင့်လို့ ထင်တာဘဲဘုရား

bhikkhu.tikkhanana: တချို့က မဟာစည် ဆရာတော် တရားထူးမရဘူး လိမ်ပြောတာနဲ့ စွပ်စွဲကြတာကိုး

me: တင်ပါ့

1:59 PM bhikkhu.tikkhanana: စာပေ သုံးသပ်ချက်နဲ့ ပြောရ ရင်တော့ အဓိမာန သူ့ဟာသူ ရပြီလို့ထင်ပြီး နေတာအပြစ်မရှိဘူး

me: တင်ပါ့

bhikkhu.tikkhanana: အဲဒီ သိက္ခာပုဒ်မှာ အပြစ်လွတ်သူ စာရင်းထဲပါတယ်

me: တင်ပါ့

bhikkhu.tikkhanana: ဆိုလိုတာက လိမ်ညာ ဖြီးဖြန်းတာ မဟုတ်ပဲ
သူ့ဟာသူ နေတတ်တဲ့ ပုံစံနဲ့နေတာကို အပြစ်လို့ မပြောသင့်ဘူး

2:00 PM me: တင်ပါ့
မှတ်သားစရာပါဘုရား

bhikkhu.tikkhanana: ပြောရင် ပြောတဲ့သူရဲ့ အနေအထားကို ဖော်ပြတာပါပဲ

me: ခုန ဆရာတော် ကတော့ သူက ဒါ သာဌေယျ လို့ ပြောချင်တဲ့ပုံဘဲဘုရား

2:01 PM bhikkhu.tikkhanana: “မာယာ ပြစ်ဖုံး ဟိတ်ဟန်သုံး ခေါ်ထုံး သာဌေယျ”
သေချာတာ ကတော့ဗျာ သူတော်ကောင်း ဆိုတာ လူများအပြစ်ကို မပြောဘူး

2:02 PM မေးခဲ့ရင်တော့ နည်းနည်းပဲ ပြောတယ်

me: တင်ပါ့။ ဒါလည်း တိုင်းဖို့ ပေတံတစ်ခုပါဘဲဘုရား

bhikkhu.tikkhanana: သပ္ပုရိသ သုတ္တန်တဲ့
2:03 PM အဂုင်္တ္တရနိကာယ်
စတုက္ကနိပတ်မှာ ရှာကြည့်လို့ဖတ်နိုင်တယ်
တိုင်းတာစရာ ပေတံလေးတွေပေါ့လေ

me: တင်ပါ့ဘုရား
တင်ပါ့ဘုရား

bhikkhu.tikkhanana: ကိုယ်က ဘယ်အရာကိုမှ လွယ်လွယ် မပြောမိဖို့လိုတယ်
2:04 PM တကယ်လို့ ကိုယ်ပြောတဲ့ လူ သို့ ကိုယ်တော်က အရိယာအစစ် ဖြစ်နေရင်
အလကားနေရင်း အပြစ်တွေကြီးကုန်ရော

me: တင်ပါ့။ သတိထားရမှာပါ ဘုရား။

bhikkhu.tikkhanana: အရိယာအစစ် အတုကလဲ အနေအထိုင်နဲ့ ဆုံးဖြတ်လို့မရဘူး
2:05 PM ဆိုပါစို့ စွန်းလွန်း ဆရာတော် ကြီးတို့ ပုံစံက ရဟန်း အချင်းချင်း ကြည်ညို စရာမှ မရှိတာ
ဝတ်ပုံ စားပုံပြောပါတယ်

me: တင်ပါ့။ ဟုတ်ပါတယ်ဘုရား

bhikkhu.tikkhanana: ဒါပေမယ့် သူက တကယ့်ကို ဘ၀လွတ်မြောက်သူပဲ

me: ဟုတ်ပါတယ်ဘုရား

bhikkhu.tikkhanana: ဘုရားဟော တွေလည်း ရှိပါသေးတယ်

2:06 PM ဒီလိုဆိုတော့ လိမ်ညာနေတာ မဟုတ်ဘူး....ပြီးတော့ သာသနာကို နှောက်ယှက် နေတာ မဟုတ်ဘူးဆိုရင်..
သိပ်ပြောစရာ မလိုပါဘူး

2:07 PM me: “သာသနာကို နှောက်ယှက်နေတာ မဟုတ်ဘူး ဆိုရင်” ဆိုတာ လေးက တော်တော်လေး မှတ်သား ထိုက်တယ် ဘုရား

2:08 PM bhikkhu.tikkhanana: ဆရာတော် တွေထဲမှာလည်း ရိပ်သာမုန်း
ပြီးတော့ စာသင်တိုက်မုန်း တွေကလည်း ရှိတတ်လို့
သတိနဲ့ ချိန်နိုင်အောင် ထောက်ပြတာပါ

တကယ်ဆို ဦးဇင်းတို့လဲ ပရိယတ်ကို အားသန်ခဲ့သူပါ

2:09 PM me: တပည့်တော် ကောင်းကောင်း သိတယ်ဘုရား။ ဘုန်းဘုန်း တော်တော်များများနှင့် ရင်းရင်းနှီးနှီး နေဖူးတယ်

2:10 PM တခါတလေ ဘုန်းဘုန်းတွေ ပြောထည့်လိုက်တဲ့ စကားတွေက တပည့်တော်ကို တွန့်သွားစေတယ်။

2:12 PM bhikkhu.tikkhanana: မျိုးစုံ နားလည်နိုင် ပါတယ်.. နားလည်ထားသင့် ပါတယ်..ဒါပေမယ့် ကိုယ်လုပ်ရမယ့် အလုပ်... ပြီးတော့ ဆည်းကပ် သင့်တဲ့ သူ....ပြီးတော့ လောကထဲ နေသမျှ လောက၀တ် ကျေပွန်မှုတွေ ရှိအောင် ကြိုးစား နေနိုင်အောင် အားထုတ် သင့်တယ်လို့ မြင်မိပါတယ်

လောက၀တ် မကျေရင် အနေခက်တယ်. ဓမ္မ၀တ်မကျေရင် အသေခက်တယ်” လို့ ဆရာများ ဆုံးမတာကို နာခံဖူးပါတယ်

2:13 PM me: တင်ပါ့။ မှတ်သားစရာပါဘုရား

2:14 PM ဘုန်းဘုန်း ဆွမ်းဘုန်းရအုံးမယ်။ တပည့်တော် နောက်မှ ဆက်ပါတော့မယ်ဘုရား။
2:15 PM ဒီနေ့ ဘုန်းဘုန်းနှင့် ပြောရတာ အင်မတန် အကျိုးများ ပါတယ်ဘုရား

bhikkhu.tikkhanana: တွေ့ရတာ ၀မ်းသာပါတယ် ကိုဝိမုတ္တိ
နောက်မှ ဆက်ပြောကျမယ်လေ
ဟန်ချက်ညီညီ လျှောက်နိုင်ပါစေ လို့တော့ ဆန္ဒပြုချင်ပါတယ်

me: တပည့်တော် ရိုသေစွာ ဦးတင်ကန်တော့ပါတယ်ဘုရား
2:16 PM တင်ပါ့ဘုရား။ တပည့်တော် ကြိုးစားပါ့မယ်ဘုရား

==============================

ဘုန်းဘုန်း ဦးတိက္ခဉာဏာ လင်္ကာရနှင့် ကိုဝိမုတ္တိသုခ တို့အား ခွင့်ပန်ပြီး ဤပို့စ်ကို မျှဝေပါသည်။ အကျိုး တစ်စုံတစ်ရာ ရနိုင်ကြပါစေ။

လေးစားစွာဖြင့်
ဖိုးသား

5/13/2009, WED:, 3:51:56 PM



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP