* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, May 16, 2009

ဆဲရေးသူ၊ ရေရွတ်သူ၊ စွပ်စွဲသူ အက္ကောသကသုတ်


အက္ကောသကသုတ် - (ဆဲရေးတတ်သည်)

ရဟန်းတို့ သီတင်းသုံးဖော်တို့အား ဆဲရေးသူ၊ ရေရွတ်သူ၊ အရိယာတို့အား (အန္တိမဝတ္ထုဖြင့်) စွပ်စွဲသူ ရဟန်းသည် ဆယ်မျိုးသော ပျက်စီးခြင်းတို့တွင် တစ်မျိုးမျိုးသော ပျက်စီးခြင်းသို့ ရောက်ရာသော အကြောင်းအခွင့် ရှိသည် သာတည်း။ (အန္တိမ=အဆုံးစွန်)

အဘယ်ဆယ်မျိုးတို့နည်းဟူမူ...

၁။ မရသေးသည့် တရားထူးကို မရ၊
၂။ ရပြီးသော တရားထူးမှ ဆုတ်ယုတ်၏၊
၃။ ထိုရဟန်း၏ သူတော်ကောင်းတရားတို့သည် မဖြူစင်ကုန်၊
၎။ သူတော်ကောင်းတရားတို့၌သော်လည်း (မရဘဲရပြီဟု) အထင်ကြီးသူ ဖြစ်၏၊
၅။ မမွေ့လျော်ဘဲသော်လည်းမြတ်သော အကျင့်ကို ကျင့်သုံးရ၏၊
၆။ ညစ်နွမ်းသော အာပတ် တစ်ခုခုသို့သော်လည်း ရောက်ရ၏၊
၇။ ပြင်းပြသော ဆေးကုခက်သော ရောဂါသို့သော်လည်း ရောက်ရ၏၊
၈။ ရူးသွပ်ခြင်း စိတ်ပျံ့လွင့်ခြင်းသို့သော်လည်း ရောက်ရ၏၊
၉။ တွေတွေဝေဝေ သေရ၏၊
၁၀။ ကိုယ် (ခန္ဓာ) ပျက်စီး၍ သေသည်မှ နောက်၌ ချမ်းသာကင်းသော မကောင်း သော သူတို့လားရာ ဖရိုဖရဲ ကျရောက်ရာ ငရဲသို့ ကပ်ရောက်ရ၏။

ရဟန်းတို့ သီတင်းသုံးဖော်တို့အား ဆဲရေးသူ၊ ရေရွတ်သူ၊ အရိယာတို့အား (အန္တိမဝတ္ထုဖြင့်) စွပ်စွဲသူ ရဟန်းသည် ဆယ်မျိုးသော ပျက်စီးခြင်းတို့တွင် တစ်မျိုးမျိုးသော ပျက်စီးခြင်းသို့ ရောက်ရာသော အကြောင်းအခွင့် ရှိသည်သာ တည်း ဟု (မိန့်တော်မူ၏)။88

၈ - အက္ကောသကသုတ်၊ ထေရ၀ဂ်၊ ဒသကနိပါတ်၊ အင်္ဂုတ္တိုရ်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။




0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP