အမြင့်ဆုံး လူ့ ဂုဏ်ရည်သိက္ခာလမ်းညွန် ဘုရာ့တရား ကူးယူရခြင်းအကြောင်း အကျွန်ုပ်တို့ ၏ ပန်ကြားလွှာ

“ဗုဒ္ဓေါ ဓမ္မော စ သံဃော စ မေ သရဏံ အညံ နတ္တိ၊
ဗုဒ္ဓံ ဓမ္မံ စ သံဃံ စ သရဏံ ဂစ္ဆာမိ။”
“ကျွန်ုပ်သည် ဘုရား တရား သံဃာကို ကိုးကွယ်ပါသည်။
တခြား ကိုးကွယ်ရာ မရှိပါ။”
သို့ သော် ဘုရား တရား သံဃာမရွေးကို မကိုးကွယ်ပါ။
ကမ္ဘာလောက၌ ဘုရား တရား သံဃာ သည် အမျိုးမျိုး အစားစား များပါသည်။ မဟာယန ဗုဒ္ဓဘာသာ ဂိုဏ်းအမျိုးမျိုးနှင့် ထေရ၀ါဒ ဗုဒ္ဓဘာသာ ဂိုဏ်း အမျိုးမျိုး ရှိကြောင်း အများသိကြပါသည်။
“ဂိုဏ်း” ဟူသည် “ဒဿနတူသူများ စုပေါင်းမှု၏ အမည်” ဖြစ်ပါသည်။
“ဒဿန” သည် “ဓမ္မ၏ မုခ်ဦး အင်္ဂါ” ဖြစ်ပါသည်။
ထို့ ကြောင့် ဒဿနပြားက ဓမ္မခြားပြီး၊ ထိုဓမ္မကို ဟောသော ဘုရားနှင့် တပည့် သံဃာလည်း ခြားပါသည်။ ဤသို့ ပင် ဘုရား တရား သံဃာများ အမျိုးမျိုး များပါသည်။ ဤ အမျိုးမျိုးသော မဟာယနနှင့် ထေရ၀ါဒ ဂိုဏ်းအပြင် အခြားဂိုဏ်းတို့ ရှိ အောက်ပါ ဒဿန ရှိသူ ဘုရား တရား သံဃာများကို-
“ကျွန်ုပ် အလျဉ်းမကိုးကွယ်ပါ။”
• လူမဖြစ်မီကံက လူနှင့် လူဆင်းရဲ ချမ်းသာအပြင် လူ့ အဖြစ် အထွေထွေများကို ဖြစ်စေ သည်- ဟူသော “ ပုဗ္ဗေကတဟေတုက ဒဿန”
• အုပ်စိုးသူနှင့် ဖန်ဆင်းသူတို့ က လူနှင့် လူဆင်းရဲ ချမ်းသာ အပြင် လူ့ အဖြစ် အထွေထွေများကို ဖြစ်စေသည်- ဟူသော “ ဣဿရ နိမ္မနဟေတုက ဒဿန”
• အကြောင်းတရား မရှိဘဲ လူနှင့် လူဆင်းရဲ ချမ်းသာ အပြင် လူ့ အဖြစ် အထွေထွေ များ ဖြစ်ကြပြီး “ ပြုသူနှင့် ဖြစ်သူပင် မရ၊ ဓါတ်သဘောမျှ” - ဟူသော“ အဟေတုက ဒဿန”။
ကျွန်ုပ်သည်-
ဤဒဿနများ အလျဉ်းကင်း၍ ဗျာမပ္ပမတ္တ တစ်လံမျှကိုယ် တည်ဆဲဆဲ ပစ္စုပ္ပန်၌-
လူ့ ကိုယ် နှုတ် နှလုံး အမှုကံနှင့်၊ ထိုကံတို့ ၏ အကျိုး၊ အကြောင်း၊ ဖြစ်ပျက်မှု၊ ထိုကံတို့ ၏ လက္ခဏာမှန်ကို သိရှိ ငြီးငွေ့  ငြိမ်းအေးမှု ဒဿနရှိသူ ဘုရား တရား သံဃာ ရတနာမွန် များကိုသာ အလေးအနက် ကိုးကွယ်ပါသည်။
ဤရတနာမွန်များသည် ရှိသော်လည်း ရှားလှပါသည်။
အတိတ်နှစ်ပေါင်း နှစ်ထောင်သုံးရာ ကျော်ကျော် ဤမှာဘက်၌ ဤရတနာများသည် ပုံပြင် တွင်းမှ ရတနာများအလား ဖြစ်ပါသည်။ ဤရတနာများ ပုံပြင်အတွင်း သက်ဆင်းသွားရခြင်း သည် လူ့ လောက နေ၀င်ခြင်းပင် ဖြစ်ပါသည်။ များစွာ မလိုလားအပ်သော အဖြစ်ပင် ဖြစ်ပါသည်။
ဤရတနာများ ပုံပြင်အတွင်း သက်ဆင်းမသွားရန် ကျွန်ုပ်တို့ ၏ ဆရာတော် ဗုဒ္ဓသာသန ပစ္စုပ္ပန်ကမ္မဒဿန အာဒိကမ္မိက-
“ ဓမ္မဝိဟာရီ ဉာဏ ” -သည်
“ အမြင့်ဆုံး လူ့ ဂုဏ်ရည်သိက္ခာလမ်းညွန် ဘုရားတရား - များ ဟောပြောညွန်ပြပြီး ကြိုးစား နေပါသည်။
ကျွန်ုပ်သည် ဆရာတော်၏ ရည်ရွယ်ချက်တော်နှင့် လုံ့ လတော်ကို မမှိတ်မသုန် ယုံကြည်ပြီး စာမျက်နှာတစ်ထောင် ၀န်းကျင်ရှိ ဤမူတော်-
“ မဟာပေါဌက ”
စာအုပ်ငါးစုမှ ပဌမအစုကို ကျွန်ုပ်၏ အသိဉာဏ်အကျိုး၊ ဆွေမျိုးတို့  အကျိုး၊ လူသား အားလုံးတို့  အကျိုးငှာ ကျွန်ုပ်အမြဲ လေ့လာရန် ခက်ခဲပင်ပန်းစွာ ကျွန်ုပ် ကိုယ်တိုင် ကူးယူ အပ်ပါသတည်း။ ။

0 comments:
Post a Comment