* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, May 14, 2009

ဝေးသောသူ နဲ့ နီးသောသူ ...

သင်္ဃာဋိကဏ္ဏသုတ်

ဤဒေသနာကို ...
ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည် ဟောတော်မူ၏၊
ပူဇော်အထူးကို ခံတော်မူထိုက်သော မြတ်စွာဘုရား ဟောတော်မူ၏ဟု
အကျွန်ုပ် ကြားနာခဲ့ရပါသည်-

ရဟန်းတို့ ရဟန်းသည် အဘိဇ္ဈာများသူ ကာမတို့၌ အားကြီးသော ရာဂရှိသူ ဖောက်ပြန်သောစိတ်ရှိသူ ပြစ်မှားလို သော စိတ်အကြံရှိသူ လွတ်သော သတိရှိသူ ဆင်ခြင်ဉာဏ် မရှိသူ မတည်ကြည်သူ တုန်လှုပ်သော စိတ်ရှိသူ မစောင့်စည်းသော ဣနြေ္ဒရှိသူ ဖြစ်ခဲ့မူ ထိုရဟန်းသည် ငါဘုရား၏ သင်္ကန်းစွန်းကို ကိုင်၍ ငါဘုရား ခြေရာ၌ ခြေကို ချနင်းလျက် နောက်မှ နောက်မှ လိုက်ပင် လိုက်သော်လည်း ထိုရဟန်းသည် ငါဘုရားမှ ဝေးသည်သာတည်း၊ ငါဘုရားသည်လည်း ထိုရဟန်းမှ ဝေးသည်သာတည်း၊ အကြောင်းကား အဘယ်နည်း၊ ရဟန်းတို့ ထိုရဟန်းသည် တရားကို မမြင်၊ တရားကို မမြင်သည်ရှိသော် ငါဘုရားကို မမြင်သောကြောင့် ပင်တည်း။

ရဟန်းတို့ ရဟန်းသည်လည်း အဘိဇ္ဈာမများသူ ကာမတို့၌ အားကြီးသော ရာဂမရှိသူ ဖောက်ပြန်သော စိတ်မရှိသူ ပြစ်မှားလိုသောစိတ် အကြံမရှိသူ ထင်သော သတိရှိသူ ဆင်ခြင်ဉာဏ်ရှိသူ တည်ကြည်သူ မတုန်လှုပ်သော စိတ်ရှိသူ စောင့်စည်းသော ဣနြေ္ဒရှိသူ ဖြစ်ခဲ့မူ ထိုရဟန်းသည် ယူဇနာတစ်ရာ ဝေးသောအရပ်၌ နေပင်နေသော်လည်း ငါဘုရားနှင့် နီးသည်သာတည်း၊ ငါဘုရား သည်လည်း ထိုရဟန်းနှင့် နီးသည်သာတည်း၊ အကြောင်းကား အဘယ်နည်း၊ ရဟန်းတို့ ထိုရဟန်းသည် တရားကိုမြင်၏၊ တရားကို မြင်သည်ရှိသော် ငါဘုရားကို မြင်သောကြောင့်ပင်တည်း၊
ဤအနက် သဘောကို မြတ်စွာဘုရား ဟောတော်မူ၏၊

ထိုသုတ်၌ ဤအနက်သဘောကို -

((အနေနီး၍ ဝေးနေသောသူ))

''အလိုကြီး၍ ညှဉ်းဆဲတတ်သော တဏှာအလိုသို့ အစဉ်လိုက်နေသူသည် တုန်လှုပ်မှု တဏှာကင်းသော ထိုမြတ်စွာဘုရားသို့ အစဉ်လိုက်နေသော် လည်းကောင်း၊ ကိလေသာ မငြိမ်းသူသည် ကိလေသာ ငြိမ်းအေးပြီးသော ထိုမြတ်စွာဘုရား သို့ အစဉ်လိုက်နေသော် လည်းကောင်း၊ မက်မောသူသည် မက်မောခြင်းကင်းသော ထိုမြတ်စွာဘုရားသို့ အစဉ်လိုက်နေသော် လည်းကောင်း ထိုမြတ်စွာဘုရားနှင့် အလွန့် အလွန်ဝေးသည်သာတည်း၊
(ထိုအခြင်းအရာကို) ရှုပါလော့။

((အနေဝေး၍ နီးနေသောသူ))

အကြင်ပညာရှိသည် သစ္စာလေးပါးတရားကို ဝိပဿနာဉာဏ် အထူးဖြင့် သိ၍ သစ္စာလေးပါးတရားကို မဂ်ဉာဏ်ဖြင့် သိ၍ လေငြိမ်ရာ၌ တည်ရှိသော ရေအိုင် ကဲ့သို့ တုန်လှုပ်မှု တဏှာကင်းသည်ဖြစ်၍ ငြိမ်သက်၏။ တဏှာ ကင်းသော ထိုပုဂ္ဂိုလ်သည် တဏှာ ကင်းသော မြတ်စွာဘုရားနှင့် (ဌာနအားဖြင့် ဝေးနေ ငြားသော် လည်းကောင်း) ငြိမ်းအေးသော ထိုပုဂ္ဂိုလ်သည် ငြိမ်းအေးသော မြတ်စွာဘုရားနှင့် (ဌာနအားဖြင့် ဝေးနေငြားသော် လည်းကောင်း) မက်မောမှု ကင်းသော ထိုပုဂ္ဂိုလ်သည် မက်မောမှုကင်းသော မြတ်စွာဘုရားနှင့် (ဌာနအားဖြင့် ဝေးနေငြားသော် လည်းကောင်း) အလွန့် အလွန် နီးသည်သာတည်း။
(ထိုအခြင်းအရာကို) ရှုပါလော့'' ဟု ဤဂါထာဖြင့် ဆိုအပ်၏။

ဤအနက်သဘောကိုလည်း ...
မြတ်စွာဘုရား ဟောအပ်၏ဟု အကျွန်ုပ် ကြားနာခဲ့ရပါသည်။92

၃ - သင်္ဃာဋိကဏ္ဏသုတ်၊ ပဉ္စမ၀ဂ်၊ ဣတိဝုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP