* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, May 2, 2009

အံ့သြဖွယ်ရာ ရှင်ဘုရင် တစ်ဦး၏ ဆန္ဒ...

ပဗ္ဗဇ္ဇာသုတ်- (ရှင်အဖြစ်၊ ရဟန်းအဖြစ်)

၁...
စက္ခုငါးပါးရှိတော်မူသော မြတ်စွာဘုရားသည် အကြင်အခြင်းအရာအားဖြင့် ရဟန်း ပြု၏၊ အကြင် အခြင်းအရာအားဖြင့် စုံစမ်းသည်ဖြစ်၍ ရဟန်းအဖြစ်ကို နှစ်သက် တော်မူ၏၊ ထိုအခြင်းအရာ အားဖြင့် (မြတ်စွာဘုရား၏) ရဟန်းအဖြစ်ကို ပြောကြား ပေအံ့။408

၂...
ဤအိမ်ရာထောင်သော လူ့ဘောင်၌ နေရခြင်းသည် ကျဉ်းမြောင်းလှ၏၊ ရာဂစ သော မြူ၏ဖြစ်ရာ အာရုံတည်းဟူ၍ လည်းကောင်း၊ ရဟန်းအဖြစ်သည် ဟင်းလင်း ပြင်ကဲ့သို့ (ကျယ်ပြန့်သည်)သာ တည်းဟူ၍ လည်းကောင်း ဤသို့ မြင်သော ကြောင့် ရဟန်း ပြုတော်မူ၏။409

၃...
ရဟန်းပြုပြီးလျှင် ကိုယ်ဖြင့် မကောင်းသော အမှုကို ကြဉ်ရှောင်၏၊ ဝစီ ဒုစရိုက်ကို ပယ်စွန့်၍ အသက်မွေးမြူမှု ကို သုတ်သင်၏။410

၎...
မြတ်စွာဘုရားသည် မဂဓတိုင်းသူတို့၏ တောင်ငါးလုံး ကာရံသည့် ရာဇဂြိုဟ်မြို့သို့
ကြွတော်မူ၏၊ ကိုယ်တော် အလုံး၌ ပျံ့နှံ့တည်နေသော မြတ်သော လက္ခဏာ ရှိသည်ဖြစ်၍ (ထိုရာဇဂြိုဟ်မြို့၌) ဆွမ်းခံကြွတော်မူ၏။ 411

၅...
ဗိမ္ဗိသာရမင်းသည် ပြာသာဒ်ထက်၌ ရပ်တည်လျက် လက္ခဏာတော်တို့နှင့် ပြည့်စုံ သော ထိုဘုရားအလောင်းတော်ကို မြင်သောကြောင့် ဤဆိုမည့် အကြောင်း အရာ ကို မိန့်ကြား၏။ 412

၆...
အချင်းတို့ ဤသူကို ရှုကြကုန်လော့၊ ရုပ်အဆင်းလှ၏၊ အလုံးအရပ်နှင့် ပြည့်စုံ၏၊ သန့်ရှင်း စင်ကြယ်၏၊ သိမ်မွေ့သော သွားခြင်းနှင့်လည်း ပြည့်စုံ၏၊ ရထား ထမ်းပိုး တစ်ပြန်မျှသာ ကြည့်ရှု၏။ 413

၇...
အောက်သို့ ချသော မျက်လွှာရှိ၏၊ သတိရှိ၏၊ ဇာတ်နိမ့်မှ ရဟန်းပြုသူ ဟုတ်ဟန် မတူ၊ ဤရဟန်းသည် အဘယ်အရပ်သို့ သွားလိမ့်မည်နည်း၊ မင်းစေတမန်တို့ လျင်လျင်မြန်မြန် လိုက်ကြကုန်လော့။ 414

၈...
စေလွှတ်လိုက်ကုန်သော ထိုမင်းစေတမန်တို့က ရဟန်းသည် အဘယ်အရပ်သို့ သွားလိမ့်မည်နည်း ဟု နှလုံး သွင်းလျက် ထက်ချပ်မကွာ လိုက်ကြကုန်၏။ 415

၉...
အိမ်စဉ် မပြတ် ဆွမ်းခံကြွတော်မူသော ဘုရားလောင်းသည် ဣနြေ္ဒတို့၌ လုံခြုံ သော တံခါးရှိသည် ဖြစ်၍ လက်ခြေတို့ကို စောင့်စည်းလျက် ဆင်ခြင်ဉာဏ် 'သမ္ပဇဉ်' အောက်မေ့မှု 'သတိ' ရှိကာ လျင်စွာ သပိတ်ကို ပြည့်စေတော် မူ၏။ 416

၁၀...
မုနိဟု ဆိုအပ်သော ဘုရားလောင်းသည် ဆွမ်းခံ လှည့်လည်၍ မြို့မှ ထွက်ပြီးလျှင် ဤတောင်၌ နေမည်ဟု နှလုံးသွင်းလျက် ပဏ္ဍဝတောင်သို့ ရှေးရှုကြွတော်မူ၏။417

၁၁...
မင်းစေတမန် သုံးယောက်တို့သည် တောင်သို့ နေရန်ကပ်သော ဘုရားလောင်းကို မြင်၍ ဘုရားလောင်းအနီးသို့ ချဉ်းကပ်ကြကုန်၏၊ ထိုသုံးယောက်တို့တွင် တစ် ယောက်သော သူသည်သာလျှင် ပြန်လာ၍ မင်းအား ကြားလျှောက်၏။418

၁၂...
မင်းကြီး ဤရဟန်းသည် ပဏ္ဍဝတောင်၏ ရှေ့ကမျက်နှာ တောင်ခေါင်း လိုဏ်ဂူ၌ ကျားနှင့် နွားလားဥသဘ ကဲ့သို့ လည်းကောင်း၊ ခြင်္သေ့ကဲ့သို့ လည်းကောင်း နေ တော်မူ၏။ 419

၁၃...
ဗိမ္ဗိသာရမင်းသည် စေတမန်၏ စကားကို ကြားလျှင် ကောင်းမြတ်သော ယာဉ်ဖြင့်
လျင်မြန်သော သဘော ရှိသည် ဖြစ်၍ ပဏ္ဍဝတောင်သို့ ထွက်တော်မူ၏။ 420

၁၄...
ထိုဗိမ္ဗိသာရမင်းသည် ယာဉ်ဖြင့် သွားနိုင်သော အရပ်တိုင်အောင် ယာဉ်ဖြင့် သွားပြီးလျှင် ယာဉ်မှ သက်ဆင်း၍ ခြေကျင်သာလျှင် ထိုဘုရားလောင်း အနီးသို့ ချဉ်းကပ်ထိုင်နေ၏။421

၁၅...
မင်းသည် ထိုင်နေလတ်ပြီးသော် အသက်ထက်ဆုံး အောက်မေ့ထိုက်သော စကား ကို ဝမ်းမြောက်ဝမ်းသာ ပြောဆို ပြီးဆုံးစေပြီးလျှင် ဤအကြောင်းအရာကို လျှောက်ကြား၏။422

၁၆...
အသျှင်ဘုရား အသျှင်ဘုရားသည် ပျိုလည်းပျို၏၊ ငယ်လည်းငယ်၏၊ ပဌမ အရွယ် လည်းဖြစ်၏၊ နုလည်း နု၏၊ လုံးရပ် သဏ္ဌာန်နှင့်လည်း ပြည့်စုံ၏၊ အမျိုးဇာတ် နှင့် ပြည့်စုံသော မင်းနှင့်တူပါ၏။423


၁၇...
အသျှင်ဘုရား အသျှင်ဘုရားအား တပည့်တော်သည် ဗိုလ်ပါအပေါင်းကို အစပြု၍ စည်းစိမ်ဥစ္စာတို့ကို ပေးပါအံ့၊ အသျှင်ဘုရားသည် ဗိုလ်ပါ ဆင်မြင်း အပေါင်းခြံရံ လျက် တင့်တင့်တယ်တယ် ခံစားပါလော့၊ အမျိုးဇာတ်ကို မေးမြန်းအပ်သည် ဖြစ်ရ ကား အသျှင်ဘုရားသည် ဖြေကြားပါလော့။ 424

၁၈...
မင်းကြီး ဟိမဝန္တာတောင်နံပါးမှ ဖြောင့်ဖြောင့်ဖြစ်၍ ကောသလတိုင်းတို့၌ အပါ အဝင်ဖြစ်သော ခုနစ်ပါးသော ဥစ္စာရတနာ ရဲရင့်သော ယောက်ျားကောင်းတို့နှင့် ပြည့်စုံသော ဇနပုဒ်သည် ငါ၏ အမြဲနေရာတည်း။ 425

၁၉...
ငါသည် အနွယ်အားဖြင့် နေမျိုးနွယ်ဖြစ်၏၊ ဇာတ်အားဖြင့် သာကိယဇာတ်ဖြစ်၏၊ ထိုအမျိုးဇာတ်မှ ထွက်၍ ရဟန်းပြုခဲ့၏၊ ကာမဂုဏ်တို့ကို ငါမတောင့် တတော့ပေ။ 428

၂၀...
ငါသည် ကာမတို့၌ အပြစ်ကို မြင်၍ ကာမမှ ထွက်မြောက်ခြင်းကို ဘေးကင်းသော အားဖြင့် ရှုပြီးလျှင် (နိဗ္ဗာန်ကိုတောင့်တလျက်) တရားအားထုတ်ရန် သွားအံ့၊ ဤ တရားအားထုတ်မှု၌ ငါ၏ စိတ်သည် နှစ်သက်၏ ဟု (မိန့်တော် မူ၏)။ 429

၁ - ပဗ္ဗဇ္ဇာသုတ်၊ မဟာဝဂ်၊ သုတ္တနိပါတ်ပါဠိတော်။


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP