နှစ်သက်ဖွယ်ရာ ...
သန္ထာရဝဂ်-၁၆၁
ရဟန်းတို့ နှစ်သက်ဖွယ်ရာ ရတနာတို့သည် ဤနှစ်မျိုးတို့တည်း။
အဘယ်နှစ်မျိုးတို့နည်းဟူမူ-
၁။ ပစ္စည်းတည်း ဟူသော နှစ်သက်ဖွယ်ရာ 'အာမိသရတနာ' လည်းကောင်း၊
၂။ တရားတည်း ဟူသော နှစ်သက်ဖွယ်ရာ 'ဓမ္မရတနာ' လည်းကောင်းတို့တည်း။
ရဟန်းတို့ နှစ်သက်ဖွယ်ရာ ရတနာတို့သည် ဤနှစ်မျိုးတို့ပေတည်း။
ရဟန်းတို့ နှစ်သက်ဖွယ်ရာ ဤရတနာနှစ်မျိုးတို့တွင် အကြင် ဓမ္မရတနာသည်ရှိ၏၊
ထိုဓမ္မရတနာသည် မြတ်ပေသတည်း ဟု (မိန့်တော်မူ၏)။ ၁၀
သန္ထာရဝဂ်-၁၆၁၊ ဒုကနိပါတ်၊ အဂုင်္တ္တိုရ်။ ပါဠိတော်
သာဓု... သာဓု... သာဓု...။
သန္ထာရဝဂ်-၁၆၀
ရဟန်းတို့ ကြီးပွါးခြင်းတို့သည် ဤနှစ်မျိုးတို့တည်း။
အဘယ်နှစ်မျိုးတို့နည်းဟူမူ -
၁။ ပစ္စည်းဖြင့် ကြီးပွါးခြင်း 'အာမိသဝုဒ္ဓိ' လည်းကောင်း၊
၂။ တရားဖြင့် ကြီးပွါးခြင်း 'ဓမ္မဝုဒ္ဓိ' လည်းကောင်းတို့တည်း။
ရဟန်းတို့ ကြီးပွါးခြင်းတို့သည် ဤနှစ်မျိုးတို့ပေတည်း။
ရဟန်းတို့ ဤကြီးပွါးခြင်း နှစ်မျိုးတို့တွင် အကြင်တရားဖြင့် ကြီးပွါးခြင်းသည် ရှိ၏၊
ထိုတရားဖြင့် ကြီးပွါးခြင်းသည် မြတ်ပေသတည်း ဟု (မိန့်တော်မူ၏)။(၉)
သန္ထာရဝဂ်-၁၆၀၊ ဒုကနိပါတ်၊ အဂုင်္တ္တိုရ်။ ပါဠိတော်
သာဓု... သာဓု... သာဓု...။

0 comments:
Post a Comment