* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, April 11, 2009

အမြတ်ဆုံးလမ်း

အမြတ်ဆုံးလမ်း


ကိုဒေါင်းမင်းကဗျာ တစ်ပုဒ်ရေးပေးလိုက်ပါတယ်။လွန်ခဲတဲ့ ခုနစ် နှစ်ကျော် ကရေးထားတာပါ ။ဓ္မရံသီကဗျာ မှာလည်းပါပြီးသားပါ။

ကဗျာ က စကားပြေ ပြန်စရာ မလိုအောင်ရှင်းနေပါတယ်။ ၄ ၃ ၂ စပ်နည်းနဲ့စပ်ထားတာပါ။ဘ၀ အခြေအနေနဲ့ ဖြစ်ပေါ်လာတဲ့ အတွေးတွေကို အခြေခံပြီးရေးထားတာပါ။ ဦးဇင်း အမေ က ဦးဇင်း ငယ်ငယ် တုံးက ဦးဇင်းကို ဆရာဝန်ဖြစ်စေခြင်းကြောင်း ခန ခနပြောဘူးပါတယ်။ဦးဇင်းလည်း ဖြစ်ချင်ပါတယ်။( ၇))တန်းထိ အတန်းအားလုံးမှာ အဆင့်တစ် အမြဲတန်းရခဲ့ပါတယ်။ ဒါပေမယ့်မထင်မှတ်ပဲ ဘုန်းကြီးဖြစ်လာခဲ့ပါတယ်။ကိုယ်နဲ့ အတူတူ ကျောင်းတက်ခဲ့တဲ့သူငယ်ချင်းတွေက ဆယ်တန်းအောင် ၊ဘွဲ့တွေရ ၊ အလုပ်တွေလုပ် ၊ တချို့ဝန်ထမ်း၊တချို့ စီးပွါးရေးလုပ်၊နဲ့ လောကထဲမှာ ကျင်လည်နေကြုပေါ့ အဆင်ပြေတဲ့ လူတွေ ကို တွေ့လာရတဲ့ အခါ အမှန်အတိုင်းပြောရရင်အားကျမိတယ်ပေါ့။အဲဒီတော့ သာသနာ့ဘောင်ကို ရွေးချယ်လိုက်တာ ငါမှားသွားသလားဒီလို တွေးမိတာတွေလည်း ရှိတယ်။ဒါနဲ့ ကိုယ့်လက်ရှိဘ၀ က ဘာတွေအားသာချက်ရှိလဲ ။ဘာတွေ အားနည်းချက်ရှိလဲ စဉ်းစားရင်းနဲ့ ဒီကဗျာလေးကိုရေးဖြစ်သွားတာပါ။ကိုယ်နဲ့ ဘ၀တူရှိနေတဲ့ သူငယ်ချင်းတွေကိုလည်း အားပေးရင်းကိုယ့် ကိုကိုယ်လည်း အားပေးနိုင်ဖို့ ဒီကဗျာလေးကို ခနခန ဖတ်မိနေပါတယ်။ကိုယ်ဒေါင်းမင်းရဲ့ ဘလော့ ပရိတ်သတ်တွေကို မျှဝေပေးလိုက်ပါအုံး။
...................................................................

ဦးဇင်း ဦးပဏ္ဍိတ ( ဂန္ထလုလင် ဘိုကလေး )
..................................................................

အမြတ်ဆုံးလမ်း။
ငါသည်ကား
ဘိုင်အို ကမ် မ်စီ၊ ပထ၀ီဆိုင်းရင့် စ်
အဆင့်မြင့်ခေတ်မှာ၊ တန်းဆင့်စာကို
လေ့လာခွင့်ရေး ၊ လှည့်မပေးရ၊
ငါ့ဘ၀။
ဂျီတီအိုင်ဟာ၊ ရေအိုင်ပြာလား
အာအိုင်တီဟာ၊ ရေကြည်ပြာလား
မေဂျာကိုမျှ၊ မသိခဲ့ရ
ငါ့ဘ၀။

ဘီအေ အမ်မ်အီး၊ ဘွဲ့သီးသီးကို
အနီးပင်မသီ ၊ သွေဖီဝေးတော့
ပိုင်းလော့ဒေါက်တာ၊ ဖြစ်မလာရ
ငါ့ဘ၀။
ငါသည်ကား
ရှင်တော်မြွက်ဟ၊ ပိဋကကို
စာချမဟာ ၊ ထေဆရာနှင့်
သေချာကျန၊ သင်ကြားရ၏။
ဘ၀နေနည်း၊ နိဿျည်းနှင့်
လောင်မီးလွတ်ရန်၊ မြတ်နိဗ္ဗာန်၏
အမှန်လမ်းအား၊ ငါသိထား၏။
သံယောဇဉ်တန်း ရှင်းပယ်ခန်းကာ
ရဟန်းဘ၀၊ ပြုခွင့်ရ၍
နှေင်မှဝေးစွ၊ အေးချမ်းလှ၏။
ငါသည်ကား
လောကအလယ်၊ စည်းစိမ်ကြွယ်လျက်
ချစ်ဖွယ်ဇနီး ၊ သားသမီးနှင့်
ယှဉ်ပြီးနေရ၊ ထိုဘ၀ထက်
ဗုဒ္ဓသားစစ်၊ ရဟန်းဖြစ်သည်
အနှစ်သာရ ၊ ပြည့်ဝလွန်ကောင်း
ယုံကြည်ကြောင်းဖြင၊့် နှစ်ထောင်းအားရ
ရှိပေလှ၏။

ဂန္ထလုလင် ( ဘိုကလေး ) 18.9.2001

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP