* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, April 20, 2009

ရှိခိုးထိုက်စွာ အရပ်ခြောက်မျက်နှာ

လောကတွင်ကြီးပွားချမ်းသာတိုးတက်ဖို့အတွက် အရှေ့၊ တောင်၊ အနောက်၊ မြောက်၊ အောက်၊ အထက် အရပ် ခြောက်မျက်နှာကို ရှိခိုး ရပါတယ်ဟု မြတ်စွာဘုရားရှင်က ဂိဟိဝိနိယသုတ္တန် သို့မဟုတ် သိင်္ဂါလောဝါဒသုတ္တန် တွင်ဟောကြားတော်မူခဲ့ပါသည်။သိင်္ဂါလသုတ္တန်တွင်-


၁။ ကမ္မကိလေသလေးပါး၊
၂၊ အဂတိတရားလေးပါး၊
၃။ စီးပွားဥစ္စာပျက်ကြောင်းခြောက်ပါး၊
၎။ အရပ်ခြောက်မျက်နှာရှိခိုးခြင်း အကြောင်းဟူ၍ အခန်းလေးမျိုးခွဲ၍ မြတ်စွာဘုရားရှင်က ဟောကြားတော်မူခဲ့ပါသည်။
မြတ်စွာဘုရားရှင်က ဤသုတ္တန်ကို သိင်္ဂါလသတို့သားအား အကြောင်းပြု၍ ဟောကြားခဲ့ခြင်းဖြစ်ပါသည်။ မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ် အခါက မဂဓတိုင်း ရာဇဂြိုဟ်မြို့တော် သူဌေးတန်းရပ်ကွက်တွင် ကုဋ္ဋေလေးဆယ် ချမ်းသာကြွယ်ဝသော မိသားစုတစ်ခုတွင် သားယောင်္ကျာလေးတစ်ယောက်ဖွားမြင်၍ ချစ်စနိုးဖြင့် သိင်္ဂါလ (မောင်ခွေး) ဟုခေါ်ဝေါ်ကြသည်။ တစ်ဦးတည်းသော သားဖြစ်၍ မျိုးထားမတတ်ချစ်သောကြောင့် အလိုလိုက်ထားရာ အရွယ်ရောက်လာသောအခါဆိုးသွမ်းနေ၏။ မိဘနှစ်ဦး အသက်အရွယ်ကြီးရင့်လာသောအခါ မိမိတို့ ယုံကြည်ကိုးကွယ်ရာ ဗုဒ္ဓသာသနာအပေါ်သားဖြစ်သူအား ယုံကြည်စေလို၍ အမျိုးမျိုးစည်းရုံးသော်လည်းမရပေ။ နောက်ဆုံး သေခါနီးအချိန်မှာ သားကိုအနားခေါ် အမွေလွဲအပ်ရင်း “ ငါ့သား၊ အဖေ မသေခင်စကားတစ်ခွန်းလောက်မှာခဲ့ချင်တယ်၊ ရတနာသုံးပါးကို ရှိမခိုးချင်နေပါ၊ငါ့သားလောကမှာကြီးပွားတိုးတက်အောင် အရပ်ခြောက်မျက်နှာနေ့တိုင်းလူမြင်ကွင်းမှာရှိခိုးပါဟု” မှာကြားပြီးကွယ်လွန်သွားသည်။ သိင်္ဂါလသတို့သားလည်းဖခင်မှာကြားခဲ့သည့်အတိုင်း အရပ်ခြောက်မျက်နှာကို နေ့စဉ်ရှိခိုးနေသည်ကို မြတ်စွာဘုရားရှင် ရွေဥာဏ်တော်၌ မြင်တော်မူ၍ ကြွရောက်တော်မူလာပြီး မေးတော်မူလျှင် သင်္ဂါလသတို့ သားလည်းသူ၏ ရည်ရွယ်ချက်ကိုလျောက်ထားတော်မူသောအခါ မြတ်စွာဘုရားရှင်က “ အို…သူကြွယ်သား သိင်္ဂါလ ငါဘုရားရှင်ရဲ့ သာသနာတော်တွင်းသားဖြစ်တဲ့ သင့်အဖေကပကတိ အရပ်ခြောက်မျက်နှာကို ရှိခိုးစေလို၍မှားကြားခဲ့ ခြင်းမဟုတ်”
၁။ အရှေ့အရပ်ဟူသည် မိဘနှစ်ပါးကိုဆို လိုတယ်။
၂။ တောင်အရပ်ဟူသည် ဆရာသခင်ကိုဆိုလိုတယ်။
၃။ အနောက်အရပ်ဟူသည် သားမယားတို့ကိုဆိုလိုတယ်။
၎။ မြောက်အရပ်ဟူသည် အဆွေခင်ပွန်းတို့ကိုဆိုလိုတယ်။
၅။ အောက်အရပ်ဟူသည် အလုပ်သမားအစေအပါးတို့ကိုဆိုလိုတယ်။
၆။အထက်အရပ်ဟူသည် သူတော်သူမြတ်၊ ရသေ့ရဟန်း တို့ကိုဆိုလိုတယ်။ အဲဒီအရပ်ခြောက်မျက်နှာလို့ သတ်မှတ်လို့ရတဲ့ ပုဂ္ဂိုလ်ခြောက်မျိုးတို့အပေါ် ၀တ္တရားကျေပွန်အောင် ပြုစုရခြင်းကို အရပ်ခြောက်မျက်နှာကို ရှိခိုးပါလို့ ဆိုလိုတယ် ဟုမြတ်စွာဘုရားရှင်၏ ရွေနှုတ်တော်မှ ကမ္ဘာ့လူသားအားလုံးတို့အတွက် အဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးကြီးမားလှသော ဤ သုတ္တန်တော်ကြီးကို ဟောကြားတော်မူခဲ့ပါသည်။
ဓမ္မ မိတ်ဆွေ သူတော်ကောင်းအပေါင်းတို့လည်း လောကတွင်ကြီးပွားတိုးတက်ချမ်းသာအောင် မသမာသောနည်းများဖြင့်စီးပွားရှားခြင်းများကိုရှောင်ရှာပြီး မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့သောတရားတော်များအတိုင်း လိုက်နာဆောင်ရွက်လျှင် ယခုဘ၀အတွက်သာမက နောင်သံသရာ အတွက်ပါ ကောင်းကျိုးများကိုခံစားရမည်ဖြစ်ပါသည်။ လာတုန်းကလည်းတစ်ယောက်တည်း ပြန်လျှင်လည်းတစ်ယောက်တည်းဖြစ်၍ ရခဲလှစွလူဘ၀မှာ လက်ချည်းဗလာမပြန်သင့်ပါ။ ထို့ကြောင့် ပထမအရွယ်၊ ဒုတိယအရွယ်၊ တတိယအရွယ် ဟူ၍ မခွဲခြားဘဲ ရသမျှ အချိန်လေးမှာ မြတ်စွာဘုရားရှင် ဟောကြားခဲ့သောတရားတော်များ၊ ဆရာတော်ကြီးများ၏ ဆုံးမလမ်းညွန်ချက်များကို လိုက်နာကျင့်ကြံအားထုတ် ခြင်းဖြင့်မိမိနောက်ကို ကောင်းမှုကုသိုလ်အထုတ်လေးပါအောင်ဆောင်ရွက်ကြပါစို့ဟု စာရေးသူအနေဖြင့်တိုက်တွန်းနှိုးဆော်လိုက်ပါသည်။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP