* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, April 19, 2009

စီးပွားဥစ္စာ မတည်ကြောင်း အပေါက်ခြောက်ပါး ...

နဇီရတိသုတ်- (မဆွေးမြေ့)


အဘယ်အရာသည် ဆွေးမြေ့ပါသနည်း၊
အဘယ်အရာသည် မဆွေးမြေ့ပါသနည်း၊
အဘယ်အရာကို လမ်းမှားဟု ဆိုအပ်ပါသနည်း၊
အဘယ်အရာသည် တရားတို့၏ ဘေးရန် မည်ပါသနည်း၊
အဘယ်အရာသည် ညဥ့်နေ့တို့၌ ကုန်ပါသနည်း၊
အဘယ်အရာသည် မြတ်သော အကျင့်၏ အညစ်အကြေးပါနည်း၊
ရေမဟုတ်သော ဆေးကြောဖွယ်သည် အဘယ်နည်း၊
အကြင်အပေါက်၌ စီးပွားဥစ္စာသည် မတည်၊
လောက၌ ထိုအပေါက်တို့သည် အဘယ်မျှတို့ပါနည်း၊
မြတ်စွာဘုရားကို မေးလျှောက်ခြင်းငှါ လာပါကုန်၏၊
ထိုအကြောင်းကို အဘယ်သို့လျှင် အကျွန်ုပ်တို့သည် သိရပါကုန်အံ့နည်း...။

သတ္တဝါတို့၏ ရုပ်သည် ဆွေးမြေ့တတ်၏၊
အမည်အနွယ်သည် မဆွေးမြေ့တတ်၊
စွဲမက်မှု 'ရာဂ'ကို လမ်းမှား ဟု ဆိုအပ်၏၊
လိုချင်မှု 'လောဘ'သည် တရားတို့၏ ဘေးရန်မည်၏၊
အရွယ်သည် ညဥ့်နေ့တို့၌ ကုန်၏၊
မိန်းမသည် မြတ်သော အကျင့်၏ အညစ်အကြေးတည်း၊
ဤမိန်းမ၌ သတ္တဝါအပေါင်းသည် ကပ်ငြိ၏၊
ကိလေသာကို ပူပန် နှိပ်စက်တတ်သော အကျင့်သည် လည်းကောင်း၊
မြတ်သော အကျင့်၊ မေထုန်မှ ရှောင်ကြဉ်ခြင်းသည် လည်းကောင်း
ရေမဟုတ်သော ဆေးကြောဖွယ် ဝတ္ထုမည်၏။

လောက၌ စီးပွားဥစ္စာ မတည်ကြောင်း အပေါက်တို့သည် ခြောက်ပါး တို့တည်း။
၁... ပျင်းရိခြင်း လည်းကောင်း၊
၂... မေ့လျော့ခြင်း လည်းကောင်း၊
၃... ထကြွလုံ့လ မရှိခြင်း လည်းကောင်း၊
၎... မစောင့်စည်းခြင်း လည်းကောင်း၊
၅... အအိပ်ကြူးခြင်း လည်းကောင်း၊
၆... အလုပ်၌ မပျော်မွေ့ခြင်း လည်းကောင်း၊

ဤသို့ ...
ထိုခြောက်ပါးသော အပေါက်တို့ကို ...
အချင်းခပ်သိမ်း ပိတ်ဆို့ရာ၏ဟု မိန့်တော်မူ၏။76

၆ - နဇီရတိသုတ်၊ ဆေတွာဝဂ်၊ သဂါထာဝဂ္ဂသံယုတ်ပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP