* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, April 26, 2009

ဝေဿန္တရမင်းအကျင့်...

အကြင်ဖုဿတီမည်သော မင်းသမီးသည် ငါ၏ မယ်တော် ဖြစ်လေ၏၊ ထိုမင်းသမီး သည် အတိတ်ဘဝတို့၌ သိကြားမင်း၏ ချစ်မြတ်နိုးအပ်သော မိဖုရား ဖြစ်လေ၏။ 67

ထိုမိဖုရား၏ အသက် ကုန်ခါနီးသည်ကို သိ၍ သိကြားမင်းသည် ''မိဖုရားမြတ် သင် သည် အကယ်၍ အလိုရှိမူ သင့်အား ဆုဆယ်ပါးတို့ကို ငါ ပေးအံ့'' ဟု ဤစကားကို ဆို၏။68

ဤသို့ ဆိုလတ်သော် ထိုမိဖုရားသည်လည်း သိကြားမင်းအား တစ်ဖန် ဤစကား ကို ဆို၏- အကျွန်ုပ်အား အဘယ်အပြစ် ရှိပါသနည်း၊ အကျွန်ုပ်သည် အရှင်၏ မချစ်မနှစ် သက်အပ်သူ ဖြစ်ပါသလော၊ 'လေသည် သစ်ပင်ကို ရွေ့ရှားစေသကဲ့ သို့' အကျွန်ုပ်ကို ပျော်မွေ့ဖွယ် ဌာနမှ ရွေကစေလိုပါ သလော။69

ဤသို့ ဆိုလတ်သော် ထိုသိကြားမင်းသည်လည်း တစ်ဖန် ထိုမိဖုရားအား ဤ စကားကို ဆို၏- သင်သည် မကောင်းမှုကို ပြုအပ်သည်လည်း မဟုတ်၊ သင်သည် ငါ၏ မချစ်မနှစ်သက်အပ်သူလည်း မဟုတ်။70

သင်၏ အသက်သည် ဤမျှလောက်သာ ရှိ၍ စုတေအံ့သော အခါသည် ဖြစ်တော့ အံ့၊ ငါသည် ပေးအပ်သော ဆုမြတ်ဆယ်ပါးတို့ကို ခံယူပါလော့။71

ဖတ်လိုလျှင် ဆက်၍တင်ပေးမည် အနည်းငယ်တော့ စာရှည်သည်...။

၉ - ဝေဿန္တရစရိယ (ဝေဿန္တရမင်းအကျင့်)၊ အကိတ္တိဝဂ်၊ စရိယာပိဋကပါဠိတော်။

ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP