* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, August 4, 2012

ငြိမ်းချမ်းခြင်း တရားတော်


ငြိမ်းချမ်းနေတယ်၊ 

ငြိမ်းချမ်းနေတယ်။

ငြိမ်းချမ်းတာပဲ ရှိတော့တယ်၊

ငြိမ်းချမ်းတာပဲ ရှိတော့တယ်။

ငါစိတ်ချမ်းသာသလို အားလုံး စိတ်ချမ်းသာကြပါစေ။

ငါ့အတွက်လည်း အကျိုးရှိတာ၊ အများအတွက်လည်း အကျိုးရှိတာကို လုပ်မယ်။

ငါတစ်ယောက်တည်း အကျိုးရှိပြီးတော့ အများအကျိုး ထိခိုက်တာကို မလုပ်ဘူး။

ရိုးရိုးသားသား၊ မှန်မှန်ကန်ကန်၊ ကြိုးကြိုးစားစား လုပ်မယ်။

မရိုးသားတာ၊ မမှန်ကန်တာကို မလုပ်ဘူး။

ဘယ်လောက်ပဲ အခက်အခဲတွေရှိရှိ အမှန်ကန်ဆုံး၊ အကောင်းဆုံး၊ အရိုးသားဆုံး နည်းလမ်းကို ရအောင်ရှာပြီးတော့ အခက်အခဲတွေကို ဖြေရှင်းသွားမယ်။

ငြိမ်းချမ်းနေတာ သဘာဝပါ။

ငြိမ်းချမ်းတဲ့စိတ်ဟာ လွတ်လပ်တဲ့စိတ် ဖြစ်တယ်။

ငြိမ်းချမ်းတဲ့စိတ်ဟာ အမှန်ကို လိုလားတဲ့စိတ် ဖြစ်တယ်။

ငြိမ်းချမ်းတဲ့စိတ်ဟာ တကိုယ်ကောင်းမဆန်ဘူး။

ငြိမ်းချမ်းတဲ့စိတ်ဟာ တန်ဖိုးအရှိဆုံးအရာ ဖြစ်တယ်။

ငြိမ်းချမ်းမှုမရှိရင် ပစ္စည်း၊ ဥစ္စာ၊ ရာထူး၊ အာဏာ ဘယ်လောက်ပဲရှိရှိ ဘ၀ဟာ အဓိပ္ပာယ် မရှိနိုင်ဘူး။

ငြိမ်းချမ်းတဲ့သူဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတယ်။

ငြိမ်းချမ်းတဲ့သူဟာ မြင့်မြတ်တဲ့သူ ဖြစ်တယ်။

မြင့်မြတ်တဲ့သူဟာ သဘောထားကြီးတဲ့သူ ဖြစ်တယ်။

သဘောထားကြီးတဲ့သူဟာ မျှတတဲ့သူ ဖြစ်တယ်။

သဘောထားကြီးတဲ့သူဟာ ခွင့်လွှတ်တတ်တဲ့သူ ဖြစ်တယ်။

ငြိမ်းချမ်းတဲ့သူဟာ မိတ်ဆွေကောင်းဖြစ်တယ်။

ငြိမ်းချမ်းတဲ့သူဟာ မိမိကိုယ်ကို လေးစားတဲ့သူဖြစ်တယ်။

မိမိကိုယ်ကို လေးစားတဲ့သူဟာ သူတစ်ပါးကို လေးစားတဲ့သူ ဖြစ်တယ်။

ငြိမ်းချမ်းတဲ့စိတ်ဟာ အမှန်ကို လိုလားတဲ့စိတ်ဖြစ်တယ်။

ငြိမ်းချမ်းနေတဲ့သူဟာ အောင်မြင်နေတဲ့သူ ဖြစ်တယ်။

ငြိမ်းချမ်းနေတဲ့စိတ်ဟာ ကျေနပ်နေတဲ့စိတ် ဖြစ်တယ်။

ငြိမ်းချမ်းနေတဲ့စိတ်မှာ စာနာမှုရှိတယ်။

ငြိမ်းချမ်းနေတဲ့ စိတ်မှာ ဂုဏ်သိက္ခာ ရှိတယ်။

ငြိမ်းချမ်းနေတဲ့စိတ်မှာ သတ္တိတွေ၊ အင်အားတွေ ပြည့်နေတယ်။

စိတ်ရဲ့  ငြိမ်းချမ်းမှုဟာ အပျော်အပါးထက် ပိုပြီး ကျေနပ်စရာ ကောင်းတယ်။

မိမိစိတ်ကို ပြန်ကြည့်ပါ။

ငြိမ်းချမ်းနေပါတယ်၊

မြင့်မြတ်နေပါတယ်။

ကောင်းတဲ့နည်း၊ မှန်ကန်တဲ့နည်းနဲ့ အောင်မြင်တဲ့သူ၊ ကြီးပွားတဲ့သူ ဖြစ်ရမယ်။

ငါ့မှာ အရည်အချင်းကောင်းတွေ အများကြီးရှိတယ်။

နေ့စဉ် ကြိုးစားသွားမယ်။

ငါဟာ ငါ့အကျိုးကိုရော၊ အများအကျိုးကိုပါ အများကြီး ဆောင်ရွက်နိုင်တဲ့သူ ဖြစ်တယ်။

ငါဟာ တစ်နေ့ထက်တစ်နေ့ စိတ်ဓါတ်ရော၊ အသိဉာဏ်ရော၊ လုပ်ရည်ကိုင်ရည်ရော တိုးတက်နေတယ်။

ငြိမ်းချမ်းနေတယ်၊

ငြိမ်းချမ်းနေတယ်။

ငြိမ်းချမ်းကြပါစေ၊

ငြိမ်းချမ်းကြပါစေ။

အားလုံး ငြိမ်းချမ်းကြပါစေ၊

အားလုံး ငြိမ်းချမ်းကြပါစေ၊

အားလုံး ငြိမ်းချမ်းကြပါစေ၊

အားလုံး ငြိမ်းချမ်းကြပါစေ၊

အားလုံး ငြိမ်းချမ်းကြပါစေ။



Typed By: Monica Pyone
 







ဆက်လက်ဖတ်ရှုရန်

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP