* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, December 16, 2011

သဒ္ဓမ္မရံသီရိပ်သာ ဆရာတော်ဘုရားကြီး ခန္ဓာဇာတ်သိမ်း ငြိမ်းတော်မူခြင်း



မဟာစည်ရတ္တညုနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ သဒ္ဓမ္မရံသီရိပ်သာများအားလုံး၏ အဓိပတိဆရာတော်ကြီး
သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်အထူးပြည့်စုံတော်မူသော
သူမတူအောင် ၀ိနည်းအထူးလေးစားတော်မူသော
မေတ္တာ ကရုဏာအထူးကြီးမား လုံ့လကြီးတော်မူသော
သက်တော်ရှည် သဒ္ဓမ္မရံသီရိပ်သာ ဆရာတော်ဘုရားကြီး
အရှင်ကုဏ္ဍလာဘိဝံသ

သက်တော် (၉၁) နှစ် ၊ ၀ါတော် (၇၂)၀ါသည်



ယနေ့ ဒီဇင်ဘာလ၊ ၁၆ ရက်၊ ၂၀၁၁ ခုနှစ် နံနက် ၇း၃၅ နာရီတွင်
ခန္ဓာဇာတ်သိမ်း ချုပ်ငြိမ်းတော်မူကြောင်း ရပ်နီးရပ်ဝေးမှ တပည့်ဒါကာ ဒါယကာမများအား အသိပေးအပ်ပါသည်။

ရုပ်ကလာပ်တော်ကို (၇)ရက် ပူဇော်ထားရှိမည် ဖြစ်ပြီး ၂၂-၁၂-၂၀၁၁ ခုနှစ် နေ့လည် ၁ နာရီ အချိန်တွင် ရန်ကုန်မြို့ ကျိုက္ကဆံကွင်းတွင် အန္တိမအဂ္ဂိဈာပနပူဇော်ပွဲသဘင်
စ်ီရင်ကျင်းပမည်ဖြစ်ကြောင်း
(၇) ရက်တိုင်တိုင် အထူးတရားပွဲများကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်း
ဆရာတော်ဘုရားကြီး၏ နောက်ဆုံးခရီးမှာ ဒကာ ဒကာမများအနေဖြင့်
နောက်ဆုံး ကျေးဇူးဆပ် ပူဇော်မှုပြုနိုင်ရန် အန္တိမအဂ္ဂိဈာပန တင့်တင့်တယ်တယ် ဖြစ်စေရန် ရည်ရွယ်ပြီး နှိုးဆော်လိုက်ရပါသည်။

ဇေယျာခေမလမ်း၊ ရှစ်မိုင်၊ မရမ်းကုန်းမြို့နယ် ၊ သဒ္ဓမ္မရံသီကျောင်းတိုက်
တယ်လီဖုန်း။ ။ ၀၁.၆၆၁၅၉၇ ၊ ၀၉၄၉၇၇၁၃၅၃


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP