* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, September 9, 2011

တစ်နေ့ချင်း စာရင်းရှင်းပါ

~တစ်နေ့ချင်း စာရင်းရှင်းပါ~



ကျေးဇူးရှင် မိုးညှင်းဆရာတော်ဘုရားကြီး



၁၉၃၄ ခုနှစ်ထုတ် ၀ိသုဒ္ဓိကျင့်စဉ်-မှ



မည်သည့်အရာမဆို ထွက်ဝင်နှစ်ဝ မချိန်ဆဘဲ ပြုလုပ်သမျှ အမှုများ မကြီးပွားဘဲ ဆုတ်ယုတ်သွားမြဲ ဓမ္မတာဖြစ်ကြပါ၏။ မိမိတို့၏ နေ့စဉ်ဘ၀မှာ ဒုစရိုက် သုစရိုက်နှစ်ပါး ချိန်ဆ၍ သွားရာ၏။ ဒါန သီလ ဘာဝနာ မေတ္တာ စသည် ကောင်းမှုတစ်ခုခုကို စိတ်သန်သန်ဖြင့် အဓိဋ္ဌာန်၍ပြုရာ၏။ တစ်နေ့တာ လုပ်ခဲ့သမျှ ကောင်းဆိုးနှစ်သင်း စာရင်းရှင်း စဉ်း...စားဝေဖန် သုံးသပ်အပ်၏။ ကောင်းဆိုးစာရင်း ရှင်းပုံကား..



ရှေးရှေးကပြုခဲ့သမျှသော ထင်ရှားသည့် ဒါနစုနှင့်တကွ ယနေ့ နိစ္စဒါနပြု-မပြုကို စဉ်းစားကြည့်၍ ပြုမိက ၎င်းဒါနစုကို အထူးအာရုံ ပြု၍ (ငါသည် အကျိုးကြီးမြတ်သော ဤကောင်းမှုကို ပြုရပေစွတကား) ဟူ၍ အနည်းဆုံး ၁၀ ခေါက်လောက်ရှုပါမူ စာဂါနုဿတိဘာဝနာကို ပွားသည်မည်၏။ ယနေ့ နိစ္စဒါန မပြုခဲ့မူ (ဟဲ့ သူတော်ဗလချာ ငါယုတ်မာ)ဟု သုံးခါလောက် မိမိကိုယ်ကို သတိပေး၍ ချက်ခြင်းပင် ရေသုံးခွက် ဘုရားလှူ၍ ဒါနစာရင်း နေ့စဉ်ရှင်းပါလေ။



သီလနှင့် ပတ်သက်လျှင်လည်း ရှေးက စောင့်ခဲ့ဖူးသော ဥပုသ် သီလနှင့်တကွ ယနေ့ နိစ္စသီလ လုံ မလုံ သုံးသပ်၍ လုံခြုံပါက ၎င်းင်းသီလစု အထူးအာရုံပြု၍ (ငါသည် အကျိုးကြီးမြတ်သော ဤ ကောင်းမှုကို ပြုရပေစွတကား)ဟု အနည်းဆုံး ၁၀ ခေါက်လောက် ရှုဆင်ခြင်သော် သီလာနုဿတိဘာဝနာ ပွားသည်မည်၏။ နိစ္စသီလ မလုံကြမူ ကြောင်ကြောင်ကြီး မိုက်မှားနေသည်များကို ဉာဏ်နှင့်မိမိ ပြုးပြုးကြည့်၍ (ငါသည် သီလမလုံ ဘုံဘ၀မှာ ခက်လှပါပေါ့လား) ဟူ၍ အနည်းဆုံး သုံးခေါက်ရှုကာ သီလစာရင်း နေ့စဉ်ရှင်းပါလေ။



(သမထ၊ ၀ိပဿနာ ဘာဝနာခန်း၌လည်း ထိုသို့ပင် စာရင်းရှင်း လေ။)



Credited to MoMo Aung

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP