နိုင်ငံခြားသာသနာပြု ခေါင်းဆောင်ဆရာတော်များကို ဖူးတွေ့ရခြင်း
အမှတ်စဉ်(၁၆)
စာပေတာဝန်ကို ထမ်းဆောင်မည့်ဆရာတော်ကြီးသည် စာပေတာဝန်ကိုများစွာဆောင်ရွက်ခဲ့သည်တွင် ပိဋကတ်သုံးပုံကို စီဒီခွေတွင် ထည့်သွင်းခြင်း တာဝန်တစ်ခုလည်း ပါဝင်ပါသည်။ ဆရာတော်ကြီးသည် စာရေးသူတို့ ဆရာငယ်များကို အားကိုးအားထားပြုသည့်အနေဖြင့် ၀ိသုဒ္ဓိမဂ် အင်္ဂလိပ်ဘာသာပြန် စာအုပ်ကို ဖတ်စေပါသည်။ စာရေးသူကို အင်္ဂလိပ်စာအပိုင်းတွင် ဖတ်စေခဲ့ပြီး ဦးသာသန၀ရအား ပါဠိအပိုင်းတွင် ဖတ်စေခဲ့ပါသည်။ စာပိုဒ်လိုက် ဘာသာပြန်ခြင်း ကိစ္စများကိုလည်းသေသေချာချာချာလေ့လာကြရန် မိန့်ပါ သည်။ ဆွမ်းစားဝိုင်းနှစ်ဝိုင်းရှိရာတွင် စာရေးသူတို့ဝိုင်းမှ အင်္ဂလိပ်လိုကြားညှပ်ပြီးပြောလေ့ရှိရာ ဆရာတော် ကြီးသည် များစွာနှစ်သက်တော်မူပါသည်။
ဆရာတော်ကြီးနှင့်ပတ်သက်ပြီး ယခုလက်ရှိထေရ၀ါဒတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်က ဆရာတော် ကြီးသည် စာပေပညာရှင် အစစ်ဖြစ်တော်မူသည့် အကြောင်းစာရေးသူကို ပြောပြခဲ့ပါသည်။ ထို့နောက် သူ၏ဆောင်းပါးတွင်လည်း အမှားကိုမြင်တတ်ပြီးပြုပြင်ပေးတတ်သည့် ပညာရှင်ဖြစ်ကြောင်းရေး သားထား ပါသည်။ ဆရာတော်ကြီး၏ထေရုပ္ပတ္တိစာအုပ်တစ်နေရာတွင် သဇ္ဇနောဒယဆရာတော်ကြီးမှ လည်းဆောင်း ပါးရေးပြီး ဆရာတော်ဦးသီလာနန္ဒ၏ ပါဠိစာပေတတ်ကျွမ်းလွန်းသည်ကို ချီးမွမ်းပါသည်။ မဟာစည် ဆရာတော်ကြီးသည်ပင် ပညာရှင်ကို အလေးထားတတ်သည့် သူတော်ကောင်းစိတ်ကြောင့် ဆရာတော်ဦးသီ လာနန္ဒကို ကိုယ်တိုင်သွားတွေ့သည်ကို ဖတ်ရသောအခါ သူတော်ကောင်းကြီးများ၏ သူတော်ကောင်း ပညာ ရှင်အပေါ် ရိုသေလေးစားစိတ်ကို အကြိမ်ကြိမ် ဦးတိုက်မိပါသည်။
ဤသည်နှင့်ပတ်သက်ပြီးပေါက်မြိုင်ဆရာတော်ကြီးမိန့်သည့် အကြောင်းအရာ သည်ဖျတ်က နဲပေါ် လာပါသည်။ ဆရာတော်ဦးဗုဒ်ကိုမြန်မာပြည် ဗုဒ္ဓဘာသာဝင်များ လူတိုင်းနီးပါး သိကြပေမည်။ ဆရာတော် ကြီးသည် သီလနှင့်ပြည့်စုံသလိုပင် သမာဓိမှာလည်း ခိုင်မာသည်၊ ပညာအရာတွင်လည်း ဗုဒ်အစ၊ ဗုဒ်အလ ယ်၊ ဗုဒ်အဆုံးဟုခေါ်ဆိုရလောက်အောင်ပင် ဗုဒ်အလယ်ဆရာတော်ကြီးဖြစ်ပေသည်။ ရှင်ဘု ရင်၊ မိဘုရားတို့ ၏အထူးကိုးကွယ်ပူဇော်ခြင်းကို ခံတော်မူခဲ့ရသည်။ သို့သော် မည်သူ့မျက်နှာကိုမျှ မထောက် ထားပဲ ဓမ္မလမ်းကြောင်း သက်သက်ကိုသာ မျက်နှာမူတတ်သော ဆရာတော်၏ စိတ်ထားသည်ကား ရှာမှ ရှားပင်ဖြစ်တော့သည်။ပြောစရာရှိလျှင် တည့်တည့်ပင်ပြော သည်၊ဆောင်ရွက်စရာ ရှိလျှင်ပြတ်ပြတ်သား သားဆောင်ရွက်တတ်သည့် ဆရာတော်ကြီးပါပေ။ ထိုဆရာတော်ကြီးက အနောက်ပြင်တွင် သီတင်းသုံး သည် မြို့ပြင်ကြီးအရကောက်ကျမ်းကိုရေးသားသော ဆရာတော် ကိုမောင်ခွေးဟု ကွယ်ရာတွင်ပြောဆိုလေ့ ရှိသည်။မောင်ခွေးဘယ်ကျမ်းစာတွေရေးနေသလဲ၊စသဖြင့်ပြောဆိုပါသည်။မောင်ခွေးဟု အခေါ်ခံရသော ကျမ်းပြုဆရာ ရဟန်းတော်ကြီးသည် မခံမရပ်နိုင်ဖြစ်ရသည်။ သူကဲ့သို့သော ကျမ်းပြုဆရာတော်ကြီး တစ်ပါး အားဆရာတော်ဗုဒ်ကမောင်ခွေးဟုခေါ်သည်မှာ ရိုင်းစိုင်းညည့်ပြင် ပညာရှင်ကို မလေးမစား လုပ်သည်ဟု အထင်ရောက်ခဲ့သည်။ သို့အတွက် လက်စားချေရန်ကြံစည်လျက်ရှိခဲ့သည်။ အခြားမဟုတ် ပညာစမ်းလိုခြင်း ပင်ဖြစ်သည်။ သို့အတွက် တစ်နေ့သော် မဟာမြတ်မုနိဘုရားသို့ (ဘုရားကြီး) သို့ ပူဇော်ရန် သူသီ တင်းသုံးသည့် အနောက်ပြင် ခင်မကန်ကျောင်းတိုက်မှ ကြွလာခဲ့ပေသည်၊ တစ်နာရီခန့်မျှ လမ်းလျောက် ခဲ့ရသည်။ ဆရာတော်ဗုဒ် သီတင်းသုံးသည့်ညောင်ကန်တိုက်သည်တောင်ပြင်တွင်ရှိသဖြင့် ဘုရားကြီးနှင့် လည်း ငါးမိနစ်လမ်းလျောက်ကာမျှဖြင့်ရောက်ပေသည်။ စာရေးသူသည် ထိုညောင်ကန်ကျောင်း တိုက် တွင်နှစ်ဝါမျှ သီတင်းသုံးခဲ့ဖူးပါသည်။ မောင်ခွေးအခေါ်ခံရသည့် ဆရာတော်ကြီးသည် ဆရာတော်ဗုဒ်ရှိရာသို့ ကြွတော်မူပြီး စာပေနှင့် ပတ်သက်သည့်မေးခွန်းများကို များစွာမေးလေတော့သည်။ အဋ္ဌသာလိနီ (ဓမ္မသင်္ဂနီ) အဋ္ဌကထာ၏ အဖွင့်ကျမ်း မဏိဒီပကျမ်းစာအကြောင်းကို အထူးသဖြင့်မေးမြန်း ခဲ့ပါသည်။ အလွန်ခက်သည့် ကျမ်းဟု စာချဆရာတော်ကြီးမှမိန့်တော်မူဖူးပါသည်။ စာရေးသူသည် အဋ္ဌသာလိနီ နိဿယတွင်ပါသော မှတ်စုမျှကိုသာ ဖတ်ဖူးပါသည်၊ မူရင်းကျမ်းကို မမြင်ဖူးပါ။ ဆရာတော်ဗုဒ်သည် မြို့ပြင်ကြီး အရကောက်ကျမ်းကိုရေးသော ဆရာတော်မေး သမျှကိုကျေနပ်သည်အထိဖြေဆိုနိုင်စွမ်း ရှိခဲ့ပေသည်။မေးခွန်းရှင် နားမလည်ခဲ့သောပြဿနာများကိုပါဖြေရှင်းနိုင်ခဲ့ပေသည်။ သို့အတွက် ပညာရှင်ြ ဖစ်သော ဆရာတော်ခွေးသည် ဆရာတော်ဗုဒ်ကို လွန်စွာမှလေးစားသည့်အပြင် ကြည်ညိုစိတ်လည်း ပွါးခဲ့ပေသည်။ကျေကျေနပ်နပ်နှင့်ညောင်ကန်တိုက်မှအပြန်တွင် မဟာမုနိဘုရားကြီးအား ၀င်ရောက် ဖူးမျှော် ခဲ့ပြီးနောက် သီတင်းသုံးသည့် စကုတိုက်သို့ပြန်ခဲ့လေသည်။ ထို့နောက် ဆရာတော်ခွေးက ပြောသည်မှာ ယနေ့ကစ၍ ဆရာတော်ဗုဒ်က သူ့အား မောင်ခွေးမကလို့ ငခွေးဟုပဲခေါ်ခေါ်ကျေနပ်သည်ဟူသတည်း။ ပညာရှင်ကို လေးစားသည် ဇာတ်လမ်း လေးပင်ဖြစ်သည်။
ဆရာတော်ဦးသီလာနန္ဒသည် ဆရာတော်ဗုဒ်ကဲ့သို့သော ဆရာတော်ကြီးတစ်ပါးဖြစ်ပေသည်။ ထိုဆရာတော်ကြီးကိုခြောက်လတာမျှ ဆရာတော်ခဲ့ရသည်မှာ စာရေးသူအနေနှင့် ဂုဏ်ယူမိပါသည်။ ဆရာတော်ခဲ့ရရုံမျှမက စာပေအယူအဆအချို့ကို အနည်းငယ်မျှသောက်သုံးခွင့် ကြားနာခွင့် ရခဲ့သည်မှာ လည်းတွေးမိတိုင်းကျေနပ်မိပါသည်။ ဆရာတော်၏ စာပေအယူအဆမှာ ဘာသာပြန်စာပေများကို ဖတ်ကြားသောအခါတွင် ပါဠိနှင့်တိုက်ဆိုင်ပြီး ဂရုတစိုက်ဖတ်ရန်ဖြစ်ပါသည်။ တစ်နေ့တွင် ချမ်းသာသော ဒကာမတစ်ဦးက ဆရာတော်ကြီးအား ဒေါ်လာတစ်သောင်းလှူလိုသည်ဟုဆိုပြီး ဤတစ်သောင်းနှင့် ပြည့်စုံ၊ မပြည့်စုံလျောက် ထားခဲ့ပါသည်။ ဆရာတော်ကြီးမှ လှူဒါန်းသူ ဒကာမကြီးအား မိန့်တော်မူသည်မှာ သုံးစွဲမယ်ဆိုပါက အသုံးတွေက ရှိနေတာပါပဲဟု မိန့်တော်မူပါသည်။ လိမ္မာပါးနပ်သော အဖြေကိုသဘော ကျမိပါသည်။ တစ်ခါက ဆရာတော်ကြီးနှင့် စမ်းချောင်းမြို့နယ် အငြိမ်းစားအရာရှိကြီး၏ အိမ်တစ်အိမ်သို့ တစ်ခြား သံဃာတော်များနှင့်အတူနေ့ဆွမ်းစားလိုက်ခဲ့ပါသည်။ အရာရှိကြီးမှ သူနှင့်ဆွေမျိုးတော်စပ်သူ အား လုံး၏ ဂုဏ်ပုဒ်များကိုထုတ်ပြီး ဤသူက တပည့်တော်၏ ဖခင်အရာရှိကြီးပါဘုရား စသဖြင့် မိတ်ဆက်ပေး ခဲ့ရာ ရာထူးသေးငယ်သောသူ တစ်ဦးမျှပင် မပါခဲ့ပေ။ ဆရာတော်ကြီးမှလည်း အရာရှိအမျိုးသမီးကြီးကဲ့သို့ ကြွလာသော သံဃာတော်များတွင် တစ်ပါးစီ၏ ဂုဏ်ကို ထုတ်ဖေါ်ပြီး ဤရဟန်းတော်ကဖြင့် မည်သည့်ဋ္ဌာနမှ ပါမောက္ခစသဖြင့် ပြန်လည်ဂုဏ်ထုတ်ပြီး မိန့်တော်မူခဲ့ရာ ရာထူးကြီးကြီး ရဟန်းတော်များ ကုန်သလောက် ရှိသွားခဲ့ပါသည်။ သို့သော် မိတ်ဆက်ပေးရန် စာရေးသူနှင့် အခြားရဟန်းတော်သုံးပါးမျှ ကျန်နေခဲ့ပါသည်။ မည်သို့ မိတ်ဆက်ပေးမလဲ ဒကာမကြီးမှလဲ မျှော်လင့်နေခဲ့သလို စာရေးသူတို့ကလဲ စိတ်ဝင်စားနေခဲ့ပါသည်။ ဆရာတော်သည်ခေတ္တမျှနုတ်ဆိတ်သွားခဲ့ပါသည်။ ခဏကြာမျှ စာရေးသူတို့သုံးပါးကိုပေါင်း၍ သူတို့ လဲကျောင်းက ဆရာတွေပါပဲဟုနုတ်ဆက်ပေးခဲ့ပါသည်။ ဤသို့ဖြစ်ရသည်မှာ အရည်အချင်းပြည့် စုံပါလျက် ထိုက်တန်သည့်ရာထူးကို မပေးခဲ့ဘဲ အသက်ငယ်သည်ဟု ဆိုပြီး အချိန်ဆွဲထားကြသော စနစ်တစ်ခုကို မလွန်ဆန်နိုင်ခဲ့သော ဆရာတော်က မတန်သောရာထူးကိုရနေကြသော ရဟန်းငယ်များအတွက် အားနာသောကြောင့် အဆင့်အတန်းကို သိပါလျက် မပြောတော့ဘဲ သူတို့လဲ ဆရာတွေပါပဲဟု အားနာနာဖြင့် မိတ်ဆက်ပေးခဲ့ပါသည်။ သို့သော်ပေးချင်သူများ ကျပြန်တော့လဲ ဆန္ဒရှိသလို လုပ်နေကြသည် ကို တွေ့ ရပြန်ရာ ကံတရား၏ ဆန်းကြယ်ပုံကို ဆင်ခြင်မိပါတော့သည်။
ဒေါက်တာအရှင်နန္ဒက ဓမ္မဒူတကျောင်း၊ အင်ချွန်းမြို့၊ တောင်ကိုရီးယားနိုင်ငံ။

0 comments:
Post a Comment