* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, September 8, 2011

စာတွေ့ နှင့် လက်တွေ့ 

ကင်းတောရဆရာတော် အမိန့် ရှိသော ဈာန်မဂ်ဖိုလ် တရားများနှင့် စပ်၍လာတိုင်း

ပါဠိ၊ အဋ္ဌကထာ နှင့် တိုက်ရိုက်ညီညွှတ်မှသာလျှင် ထောက်ခံပြောဆို၍ မညီညွှတ်ဟု

ထင်မြင်သောအရာ၌ ကန့် ကွက်၏။ ငြင်းဆန်၏။ ပဋိပတ် အလုပ်စခန်းတွင် အချို့ နေ

ရာ၌ ချွတ်စွပ်အံမဝင်သောအရာ များလည်း ရှိနိုင်ကြောင်း ကင်းတောရ ဆရာတော်က

ရှင်းပြ၏။

ကိုသီးလုံး ဥတ္တရိ နုဿဓမ္မ (လောကုတ္တရာစခန်း) အရာ၌ ထင်မြင်တွေ့ ရှိသည်များမှ အ

ချင်းခပ်သိမ်း ကျမ်းဂန်အဆိုနှင့် တကြံတည်း ညီညွှတ်မှ မှန်ကန်သည် မဟုတ်ချေ။ ကျမ်းဂန်

တွင် မလာသောအရာတို့  ကားများစွာ၏။ ကျမ်းဂန်ဟူသည် ပုဂ္ဂိုလ်အစားစား စရိုက် အစား

စား ဉာဏ်အစားစားသို့ လိုက်၍ ယေဘုယျ နည်းမျှသာ ဖြစ်ပေ၏။ ကျမ်းဂန်ကို မှားသည်ဟု

ကား ဆိုဘွယ်မရှိ။

သုတ္တဟူသည် တံမျဉ်းချည် ဟူသည့်အတိုင်း လက်သမားတို့ စူးဆောက်ဖောက်ရန် သာမန်အလျား

အတားမျှဖြစ်၍ အမှန်တကယ် ဖောက်ထွင်းသောအခါ အကွေ့ အကောက် အတိမ်အနက် တသမတ်

တည်း မတူရာချေ။ တံမျဉ်းချည်ရာကို လွှတ်၍လည်း မဖောက်ထွင်းသကဲ့သို့  ဘုရားရှင်၏ သုတ္တများ

လည်း ထို့ အတူပင်ဖြစ်သည်။ စရိုက်အားလုံး ခြုံငုံမိရုံ သဘောအချုပ်မျှသာ ရှိပေ၏။ မှားသောအရာ

လည်း မရှိစကောင်း။

ကျမ်းဂန်နှင့် အလုံးစုံမညီညွှတ်လျှင် ဈာန် အဘိညာဉ် မဂ်ဖိုလ်နိဗ္ဗာန်မရနိုင်ပြီဟု မယူသာချေ။ ဘုရား

ဟော ဒေသနာသည်ကား စင်စစ်အားဖြင့် ဖြည့်စွက်ပယ်နုတ်ရန်မလို။ အလုံးစုံ ပြည့်စုံ၏။ မိမိကိုယ်တွေ့ 

ကိုစာနှင့်ညှိနှိုင်းသည့် အသိဉာဏ်သာလိုပေသည်။

ကိုသီလုံး မြတ်စွာဘုရား၏ ပါဠိတော် ဒေသနာတော်တွေကတော့ စစ်မှန်ရုံမျှသာမက ပူပူနွေးနွေးမျှသာ

ရှိပေသေး၏။ သဒ္ဒါ ဝီရိယသာလိုပေသည်။ ကိုသီးလုံးကိုလည်း သာသနာတော်နှင့် ကြုံကြိုက်တဲ့အခါ သဒ္ဒါ

ပညာ ညှိ၍ မြဲမြံသော သတိကို ဝီရိယကြီးကြီးနှင့် ထူးထောင်ရစ်ပေတာ့.........ဟုမိန့် တော်မူ၍ ပြောပြော

ဆိုဆို သင်္ကန်းတော်ကို ခါတွက်၍ ထိုနေရာမှပင် ကောင်းကင်သို့  တက်ကြွတော်မူလေ၏။

အားထုတ်ပုံနှင့် ကျမ်းဂန်မတူ ဟူရာ၌လည်း အမည်ဝေါဟာရ မျှကိုသာ စွဲဆိုသည်ဖြစ်ရာ၏။ သဘောအနက်

အားဖြင့်ကား တူညီသည်ဟူ၍သာ ယူသင့်ပေသည်။

ဥူးခေမာစာရ (ကင်းတောရ ဆရာတော်)

(သီးလုံးတောရ ဆရာတော် ဘုရားကြီး အရှင် စန္ဒိမာ ထေရုပ္ပတ္တိမှ)


by Ukhin Crays on Wednesday, September 7, 2011 at 2:04pm

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP