* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, September 7, 2011

ပြောင်းလဲခြင်းများအတွက်

ပြောင်းလဲခြင်းများအတွက်

[B]သူ့ နန္ဒ[/B]

တစ်ချိန်က ပိုင်ဆိုင်သမျှ အရာရာတွက်

ရင်ကော့ကာ နေတတ်တဲ့ ငါ

ခုအခါ အိုဇရာ ဖိလာပြီမို့ 

မာနတွေ အလိုလိုပြိုကျ

ခါးကိုင်းကာ ဦးညွှတ်စ ပြုလာပြီ။



အရင်တုံးက မပြုံးတတ်တဲ့ ငါ

တစ်ယောက်တည်းသာ အားကိုးရာ မဲ့ပြီမို့ 

မြင်သူကို မျက်နှာချိုချိုပေး

ပြုံးစစလေး ပြုတတ်လာပြီ။



အမြဲတမ်း ခပ်သန့် သန့်  ဆင်တတ်တဲ့ ငါ

ကိုယ်တိုင်သာ အ၀တ်တွေဖွပ်နေရပြီမို့

ညစ်ပေပေ အဟောင်းနွမ်းတွေနှင့်

ကိုယ့်ကိုယ်ကို စဆင်မြန်းလာပြီ။



သကြားဆို အဖြူကိုမှ နှစ်သက်တဲ့ ငါ

သွေးချိုတွေ တရိပ်ရိပ်တက်ပြီမို့

အညိုရောင်ရှူးဂါးတွေကိုမှ

ပြောင်းလဲကာ စသုံးနေရပြီ။



ကော့နေတဲ့ ခပ်ဖွေးဖွေး ထမင်းမှ

လက်လေးနဲ့  နယ်ဆုပ်ကာ

လွေးတတ်တဲ့ ငါ

ဘရောင်းရိုက်စ်ကို မကြိုက်ပါသော်လဲ

မှိုင်တွေကာ ထိုင်စားနေရပြီ။



အငန်ကြော် နဲ့  ဆီပြန်ဟင်း

ခံတွင်း အလွန်တွေ့ ခဲ့တဲ့ ငါ

သွေးခုန်တာ ပြောင်းလဲလာပြီမို့ 

သက်လွတ်လု ဟင်းလျာတွေနဲ့ 

စိတ်ထဲမှာ အဓိဋ္ဌာန်မပါဘဲ

မစားချင်စားချင်နဲ့ လဲ နွှဲလို့ သာနေရပြီ။

အမေရိကကနေ ထုတ်လုပ်တဲ့

ကလပ်စ်ခ် ကိုကာကိုလာရဲ့ 

ချိုမြမြအရသာမှ အလွန်လျှာတွေ့ ခဲ့တဲ့ ငါ

ရှူးဂါးမပါ ဒိုင်ယက်ကုတ်များကို

ရွေးထုတ်ကာ သောက်သုံးနေရပြီ။



ဆဲဗင်းတီးဒီဂရီ ဖာရင်ဟိုက်(70ံF)ကိုမှ

ဆန်းမား(summer)ရဲ့ ပူအိုက်အိုက် ညများကို

ကဗျာတွေ သီကာလေ စပ်ဆိုရင်း

အေးဆေးစွာ ကျော်ဖြတ်ဆင်းလာတဲ့ ငါ

အချမ်းဒဏ် မခံနိုင်ပြီမို့ 

အိတ်တီးဒီဂရီဖာရင်ဟိုက်(80ံF)ကျော်ထိ

ဟိတာ(heater)ကို ပူအောင်တင်ညှိထားရပြီ။



အော် ငါ့ကိုယ်ငါ

ဒါတွေဟာ ဘာသဘောပါလဲလို့ 

စစ်ကြောကာ မေးနေဖို့ မလို

သဘာဝရဲ့ ပြောင်းလဲခြင်းကို

ဘယ်လိုလူ တန်ခိုးရှင်ကမှ

ဖန်ဆင်းကာ တသမတ်ထဲရအောင်

လုပ်ရင်တောင် မပြေလည်နိုင်ဘူး။



ဇရာအို

အသင် ဘယ်လိုပင် တတ

ပြောင်းလဲတဲ့ သဘာဝကို

တားဆီးကာ ရပ်မရနိုင်လို့ 

ရှေ့ မှာလေ သေအချာစောင့်နေတဲ့

မရဏဆိုတဲ့ ဓမ္မကို

နောက်တစ်ခါ ပြန်မတွေ့ ရအောင်

သတိလေး အမြဲဆောင်ပြီး

ကောင်းသထက် ကောင်းအောင်သာ

လုပ်ဆောင်ကာ နေပေလော့။



မေတ္တာများဖြင့်

မေတ္တာဥယျာဉ်


2011-ခု၊ စက်တင်ဘာလ(၆)ရက်၊အင်္ဂါနေ့။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP