အိန္ဒိယတွင် ထူးခြားသည့်ပွဲလေးတစ်ပွဲ
ထူးခြားသည့် ပွဲလေးဆိုတာထက် အထူးခြားဆုံးပွဲကြီးဟု ဆိုရပေတော့မည်။ အဘယ်ကြောင့် ဆိုသော် ကိုရင်လေး အိန္ဒိယနိုင်ငံသို့ရောက်ရှိစဉ်ကစပြီး မိမိအား ရှိခိုးဦးခိုက်လောက်သည့် အိန္ဒိယနိုင်ငံသား ပုဂ္ဂိုလ် ဟူ၍ကား ယခုပြောသည့် အထူးခြားဆုံးပွဲကို ဆုံတွေ့မိချိန်မှသာဟု ပြောလို့ရသည်။
မိမိသည် အိန္ဒိယသို့ရောက်လာသည်နှင့် ဗုဒ္ဓဂယာဆိုက်၊ ဗာရာဏသီဆိုက်သို့ ရောက်ရှိ လည်ပက်ခွင့် များရခဲ့သည်။ ဟိုယခင် ဤမြေသို့ မရောက်ဖူးသည်မှ စာပေများမှတစ်ဆင့် ဗုဒ္ဓ၏ဖွားတော်မူရာ လောက၌ အမြတ်ဆုံးအဖြစ် ခံယူရာဒေသဖြစ်သော်လည်း ဘာသာရေးကား ၀မ်းနည်းဖွယ်ဟု ကြားသိခဲ့ ဖူးသည်။ မိမိရောက်သည်နှင့်လည်း ကိုယ်တိုင်သိတော့ ပို၍နားလည်ခဲ့သည်။
သို့သော်…ယနေ့တွေ့ကြုံလိုက်ရသည် ပွဲတစ်ခုကြောင့် အံ့မခန်းဖြစ်ခဲ့ရသည်။ အိန္ဒိယနိုင်ငံ ချန်နိုင်းမြို့ ကုလားမျိုးမှ ရှင်သာမဏေပြုခြင်း၊ ညနေချမ်းတွင် ကုလားမလေးများ၏ ဘုရားရှိခိုးသံ၊ ပရိတ်တော် ရွတ်ဆိုသံများ မြန်မာတို့၏ရိုးရာ သင်္ကြန်ကာလအတွင်း ပရိတ်တရားတ်ာများ နားယူကြခြင်းသည်ကား ကိုရင်လေးအဖို့တော့ အမိပြည်ကို လွမ်းတသသဖြင့် ရှိနေခဲ့ရပြန်သေးသည်။





0 comments:
Post a Comment