* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, April 20, 2011

*အမှိုက်ပုံးကြီးနဲ့တူသော နှလုံးသား*


ကျွန်တော်တို့တတွေ မြို့ထဲ ဈေးဝယ်သွားတာဘဲဖြစ်ဖြစ်၊ အဆောင်မှာ အမှိုက်များ စွန့်ပစ်ရာမှာ ဖြစ်ဖြစ် အမှိုက်ပုံးတွေ တွေ့ဖူးကြမှာပါ။ မြို့တွေထဲမှာလည်း လမ်းသွားလမ်းလာ ခရီးသွားဧည့်သည်များက စားပြီး သောက်ပြီး မလိုအပ်သော မုန့်အခွံများ၊ အိတ်များ၊ ဗူးခွံများ၊ ကွမ်းတံတွေးထွေး အညစ်အကြေးများကို ထွေးကြပါတယ်။ အဲဒီ အမှိုက်ပုံးကို မြင်တော့ ကျွန်တော် စဉ်းစားမိတယ်။ ကျွန်တော်တို့လို ပုထုဇဉ်တွေရဲ့ နှလုံးသားဟာလည်း ဒီလိုဘဲ ကိလေသာ အညစ်ကြေးတွေနဲ့ ပြည့်နေတဲ့ အမှိုက်ပုံးကြီးလိုပါဘဲလားလို့။ အဲဒီ အမှိုက်ပုံးကြီးကတော့ ဟိုလူလာစွန့်ပစ်၊ ဒီလူလာ စွန့်ပစ်နဲ့ ပြည့်နှက်နေတာဘဲ။
ကျွန်တော်တို့ရဲ့ အမှိုက်ပုံးနဲ့တူသော နှလုံးသားကိုတော့ ဘယ်သူတွေက အညစ်အကြေးတွေ လာစွန့်ပစ်ပါသလဲ။ တခြားတော့ လိုက်တွေးမကြည့်လိုက်ပါနဲ့။ ကိုယ်ကိုတိုင်ဘဲ ဖြစ်ပါတယ်။ လောဘ၊ ဒေါသ၊ မောဟ၊ ဣဿာ မစ္ဆရိယ စတဲ့ ကိလေသာ အမှိုက်တွေကို မသိမသာလေးဖြစ်ဖြစ်၊ သိသိကြီးဘဲ ဖြစ်ဖြစ် ထည့်နေလိုက်တာ နှလုံးသား အမှိုက်ပုံးကြီး ပြည့်လျှံပုပ်သိုးနေတာ မသိလိုက်ကြပါဘူး။ ဘယ်အခါမှ သိကြမလဲဆိုတော့ သေခါမှ သိကြရလိမ့်မည်။
လမ်းဘေးက အမှိုက်ပုံးကိုတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက အချိန်တန်လို့ ပြည့်နေရင် လာပြီးသိမ်းဆည်း သန့်ရှင်းကြပါတယ်။ ကျွန်တော်တို့ နှလုံးသား အမှိုက်ပုံးကြီးကိုတော့ သူများလာသန့်ရှင်းပေးလို့ မရပါဘူး။ ကိုယ်ကိုတိုင်ပဲ သန့်ရှင်းပေးရမှာဖြစ်ပါတယ်။ မြတ်စွာဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ တရားရေအေးတွေနဲ့သာ ဆေးကြောမှ ရမှာဖြစ်ပါတယ်။ သီလတရားများကို စောင့်ထိန်းပြီး ၀ိပဿနာ ဘ၀နာတရားများကို ပွားများအားထုတ်မှသာ နှလုံးသား အမှိုက်ပုံးကြီးက သန့်ရှင်းနေမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ နှလုံးသားထဲမှာ တရားဓမ္မများ ထည့်ထားမှသာလျှင် ကိလေသာအမှိုက်များ ကင်းစင်ပြီး အမြဲတမ်းလမ်းဘေးမှာ မြင်နေရတဲ့ သန့်ရှင်းသော အမှိုက်ပုံးလို ကိုယ်ရဲ့ နှလုံးသာဟာလည်း သန့်ရှင်းစင်ကြယ်နေမှာ ဖြစ်ပါတယ်။ ထို့ကြောင့် ကျွန်တော်တို့တွေ အားလုံးဟာ အိမ်တွေ၊ အခန်းတွေမှာ အမှိုက်တွေ မရှိရအောင် အမြဲတမ်း ဂရုပြုကြည့်နေသလိုဘဲ ကိုယ်ရဲ့ အမှိုက်ပုံးကြီးနဲ့တူသော နှလုံးသားတွေထဲတွင်လည်း ကိလေသာ အမှိုက်များ ရှိမနေရအောင် ကိုယ်ကိုယ်တိုင်ပဲ အမြဲတမ်း ဆန်းစစ်ကြည့်နေသင့်ပါတယ်။ ဒါမှသာ လှပသော နှလုံးသားကို ပိုင်ဆိုင်နိုင်ကြမှာ ဖြစ်ပါတယ်။
ဓမ္မမိတ်ဆွေ သူငယ်ချင်းများအားလုံး သန့်ရှင်းစင်ကြင်သော နှလုံးသား အမှိုက်ပုံးကြီးကို ပိုင်ဆိုင်နိုင်ကြပါစေ။
တောသားလေး

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP