* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, April 7, 2011

မဟာသင်္ကြန် အစီစဉ်



ကုသိုလ်လုပ်ရမှာ မကြောက်ကြနဲ့ ။
ချမ်းသာရမှာ ကြောက်သလို ဖြစ်သွားမယ်။
မြတ်စွာဘုရားရှင်အား
စိတ်ထားကြည်ကြည်လင်လင်လေးနဲ့ 
ရေပူဇော်ကြမယ်နော်။




ဒီလိုလေး ရေပက်ချင်ရင်တော့ လူစုလာခဲ့ကြပါ။
လာတဲ့ လူအချင်းချင်း ရေပက်ကြပေတော့။

ဝါ၀ါပန်းတွေတော့ရှိတယ်။တွေ့ တယ်။
ပိတောက်ရွှေဝါတော့ မဟုတ်ဘူး။
( လွမ်းမိသေးတယ်၊ ပန်းရွှေဝါ )




ဟိုး ရှေး အခါက ဟောသလိုမျိုး
ယဉ်ကျေးသိမ်မွေ့ စွာ
အ၀တ်လုံခြုံစွာနဲ့ ပဲ
မြန်မာ မဟာသင်္ကြန်မှာ
ရေပက်ရေလောင်း ပြုလုပ်ကြတယ်။
( တကယ်တော့ ကိုယ်လည်း အဲဒီခေတ်ကိုမမီ။
ပုံတွင်သာ မြင်ဖူး၏)။



သင်္ကြန်ပွဲတော်ကို အောက်ပါအစီစဉ်အတိုင်း ကျင်းပ သွားပါမည်။


သင်္ကြန်ပွဲတော် အစီစဉ်


ဧပြီလ ၁၃ရက် အတွက် အထူး အစီစဉ်
မဟာသင်္ကြန် အကြိုနေ့ 

၁။ မနက် ၈ နာရီမှ ၉ နာရီ အထိ မြတ်ဘုရားကျမ်းဂန်များကို ရွတ်ဖတ်ပူဇော်ခြင်း

၂။ မနက် ၉ နာရီမှ ၁၀ နာရီခွဲ မြတ်စွာဘုရားအား ရေသပ်ပါယ် လှူဒါန်းခြင်း

၃။ မနက် ၁၀နာရီခွဲမှ ၁၁နာရီအထိ ပရိတ်တရား ရွတ်ဖတ်ခြင်းနှင့်
သင်္ကြန်အနုမောဒနာ ဟောကြားခြင်း

၎။ မနက် ၁၁ နာရီမှ ၁၂ နာရီအထိ ဆွမ်းအလှူခံ၊ နေ့ ဆွမ်းဘုဉ်းပေးခြင်း

၅။ မနက် ၁၂နာရီမှ နေ့ လည် ၁ နာရီတွင်
လာရောက်ကြသော လူပရိသတ်များ နေ့ လည်စာ သုံးဆောင်ခြင်း

၆။ နေ့ လည် ၁ နာရီမှ ၂ နာရီအထိ သန့် ရှင်းရေး ပြုလုပ်ကြခြင်း

၇။နေ့ လည် ၂ နာရီမှ ၃ နာရီအထိ မြတ်စွာဘုရားအား ရေသပ်ပါယ် လှူဒါန်းခြင်း

၈။ည ၇နာရီခွဲမှ ၈ နာရီခွဲ အထိ မြတ်ဘုရားကျမ်းဂန်များကို ရွတ်ဖတ်ပူဇော်ခြင်း

မှတ်ချက်။ ။ နေ့ စဉ် ညစဉ် ၁၃ရက်မှ ၁၇ရက် မြန်မာနှစ်ဆန်း တစ်ရက်နေ့ အထိ
မနက် ၈နာရီ တစ်ချိန် ည ၇ နာရီခွဲ တစ်ချိန် ပုံမှန် တစ်နေ့  နှစ်နာရီနှုန်း
ပူဇော်သွားမည် ဖြစ်ပါသည်။


အသိပေး ဖိတ်ကြားလွှာ


ရပ်ဝေးရပ်နီး နိုင်ငံရပ် အသီးသီးမှ မှီတင်းနေထိုင်ကြကုန်သော
သူတော်စင် မြန်မာ မိသားစုတို့ အား တရားတော် နာယူနိုင်ရန်အတွက်
တိုက်တွန်းနှိုးဆော် အသိပေး ဖိတ်ကြားလိုက်ပါသည်။

ဗောဓိဝိဟာရကျောင်းတိုက်
ဖရိုက်ဇင်းမြို့ ၊ ဂျာမဏီနိုင်ငံ
အသင်းဂေါပက
(ကိုယ်စား)

အရှင်တေဇောဘာသ ( မြင်းခြံ)


မြတ်ရောင်နီ
( ၀၆ ၊ ၀၄ ၊ ၂၀၁၁ )

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP