* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, March 29, 2011

MAHABODHI SCHOOL



ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဗုဒ္ဓရက္ခိတမဟာထေရ် တည်ထောင်တော်မူသော Mysore မြို့ရှိ - မဟာဗောဓိ ပရဟိတကျောင်း တွင်...ဗောဓိပင်၊ ဘုရားစေတီ၊ စာသင်ကျောင်းဆောင်၊ ကျောင်းသားများ နေထိုင်သည့်အဆောင်တို့ဖြင့် ဖွဲ့စည်းထားပါသည်။ ဤကျောင်းတွင် ကျောင်းအုပ် (၁)ယောက်၊ လက်ထောက်ကျောင်းအုပ် (၁)ယောက်၊ ဆရာဆရာမ (၂၀)ယောက်၊ ရုံးဝန်ထမ်း (၅)ယောက်နှင့် Switzerland မှ အကူအညီရုံးဝန်ထမ်း (၁)ယောက် တာဝန်ထမ်းဆောင်လျှက်ရှိပါသည်။ အဆောင်နေ ကျောင်းသား (၁၈၀)ယောက်ရှိပြီး အတွင်း+အပြင် ကျောင်းသားကျောင်းသူ စုစုပေါင်း (၃၂၀)ယောက် တက်ရောက်သင်ကြား လျှက်ရှိပါသည်။

စတင်တည်ထောင်စတွင် အဆောင်နေကျောင်းသား (၅၀)ခန့် လက်ခံပြီး နီးစပ်ရာစာသင်ကျောင်းများတွင် ပညာသင်ကြားစေခဲ့ သည်ဟု သိရပါသည်။ တစ်နှစ်လျင် ကျောင်းသား (၂၀)ခန့်အား အိန္ဒိယနိုင်ငံသား လူမျိုးစုံပါဝင်စေလျက် လက်ခံသင်ကြားပေး ပါသည်။ ပထမတန်းမှ ဆယ်တန်းအထိ သင်ကြားပေးပါသည်။ ဆယ်တန်းအောင်မြင်ပြီးသောကျောင်းသူကျောင်းသားများမှာ အိန္ဒိယနိုင်ငံရှိ မည်သည့်တက္ကသိုလ်မဆို ဆက်လက်ပညာသင်ယူနိုင်ပါသည်။ ယခုအခါ အပြင်ကျောင်းသားများကိုပါ သင့်လျော်သောငွေကြေးပမာဏကို ထည့်ဝင်စေလျက် သင်ကြားပေးနေသည်မှာ နှစ်နှစ်ခန့်ရှိပြီးဟု သိရှိရပါသည်။

ကျောင်းသူကျောင်းသားများမှာ နေ့စဉ် နံနက်ပိုင်းတစ်ကြိမ်- ညနေပိုင်းတစ်ကြိမ် ၁၀-မီနစ် ကမ္မဌာန်းထိုင်ကြရပါသည်။ အထူးအားဖြင့် ဗုဒ္ဓဟူးနေ့တွင် ၄၀-မီနစ် တရားထိုင်ကြရပါသည်။ ကမ္မဋ္ဌာန်းနည်းပြဆရာမှာ ဆရာကြီးဂိုအင်ကာထံတွင် ၁၀-နှစ်ခန့်မျှ တရားထိုင်ခဲ့ဘူးပါသည်။

လှုဒါန်းထောက်ပံ့သည့် နိုင်ငံများမှာ - Germany- Switzerland- Belgium- France- Spain- Netherlands- Austria- China- တို့မှ ဖြစ်ပါသည်။ စပွန်ဆာအလှုရှင် တစ်ဦးချင်းအလိုက် ကျောင်းသားတစ်ဦးစီကို တာဝန်ယူထားပါသည်။ စုစုပေါင်း စပွန်ဆာအလှုရှင် (၃၇၄)ဦးက ကျောင်းသူကျောင်းသား (၃၇၄)ယောက်ကို တာဝန်ယူထောက်ပံ့လျက်ရှိကြောင်း သိရှိရပါသည်။ ကျောင်းသူကျောင်းသားအားလုံး English Medium ဖြင့်သာ သင်ကြားကြရပါသည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP