* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, March 1, 2011

*ပုထုဇဉ်တို့ မသိနိုင်သော အရာငါးမျိုး*

/01/2011 တောသားလေး , Posted in , 0 Comments

ဇီဝိတံ ဗျာဓိ ကာလောစ၊ ဒေဟနိက္ခေပနံဂတိ-
ဟူသော ဒေသနာအတိုင်း ပုထုဇဉ်တို့ ကြိုတင်မသိနိုင်သော အရာငါးမျိုးတွင် သေခြင်းနှင့် သက်ဆိုင်သောအရာက ငါးမျိုးလုံး ဖြစ်နေသောကြောင့်ဟု ဖြေပါမည်။ ၎င်းငါးမျိုးမှာ-
၁။ ဘယ်အသက်အရွယ်မှာ သေမည်ဟု မသိနိုင်၊
၂။ ဘယ်အနာရောဂါနှင့် သေမည်ဟု မသိနိုင်၊
၃။ နံနက်၊ နေ့လည်၊ ည ဘယ်ကာလ မှာသေမည်ဟု မသိနိုင်၊
၎။ ဘယ်င်္သချိုင်းမှာ ချမည်ဟု မသိနိုင်၊
၅။ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ လူ၊ နတ်၊ ဘယ်ဘုံရောက်မည်ဟု မသိနိုင်ခြင်းတို့ ဖြစ်ပေသည်။
ထို့ကြောင့်လည်း မြတ်စွာဘုရားရှင်က ကွေးသောလက် မဆန့်ခင်၊ ဆန့်သောလက် မကွေးခင်၊ သေခြင်းတရားသည် ရုတ်တရက် ဆိုက်ရောက်လာနိုင်သည်ဟူ၎င်း၊ မရဏံ မေ ဓုဝံ၊ ဇီဝိတံ မေ အဓုဝံ၊ “ငါ့အား သေခြင်းတရားသည် အမြဲရှိ၏။ ငါ့အား အသက်ရှင်ခြင်းသည် အမြဲမရှိ” ဟူ၍၎င်း ဟောကြားခဲ့ခြင်း ဖြစ်ပေသည်။
မေတ္တာရှင်(ရွှေပြည်သာ) အသေမြတ်ချင် သေနည်းသင် စာအုပ်မှ-
အားလုံးသော ဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
တောသားလေး

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP