* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, October 22, 2010

“ဆီဖြစ်သွားမဲ့ နှမ်းတစ်စေ့”

Wednesday, 20 October 2010 14:30 | PostAuthorIconWritten by Administrator | PDF | | Print | | E-mail


ငြိမ်းချမ်းလက်(ဓမ္မပီတိ)

ယနေ့  မှတ်မှတ်ရရ မြန်မာနိုင်ငံမှာ မောင်နာဂစ်ဝင်မွှေသွားခဲ့ပြီး သိပ်မကြာခင်ပဲ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် ဖရီးမောက် မေတ္တာနန္ဒကျောင်းတိုက်မှာ နာဂစ် ဒုက္ခသည်များအတွက် ကူညီဖို့  စွမ်းနိုင်သလောက် လှူဒါန်းကြတဲ့ စုပေါင်း ကုသိုလ်ပြုပွဲကြီးကျင်းပတဲ့ အခွင့်အခါ သမယမှာ ဆရာတော်ကြီး များကိုလည်း ပင့်ဖိတ်ပြီး အလှူရှင်များက ဆွမ်းအစရှိတဲ့ လှူဖွယ်ဝတ္ထု အစုစုတို့ ကို သဒ္ဒါတရားထက်သန်စွာ ပါဝင်လှူဒါန်း ကြတာကို မြင်ရတော့ ကြည်းနူးဝမ်းသာ ပီတိဖြစ်မိပါတယ်။

မြန်မာလူမျိုးတွေရဲ့ မွန်မြတ်တဲ့ ချစ်စရာဓလေ့လို့ ပြောရမလားမသိဘူး ၊ အခုလို အတိဒုက္ခ ရောက်နေတာ တွေကို တွေ့ ရမြင်ရတဲ့ အခါကိုယ်နဲ့ သိသိ, မသိသိ နည်းများမဆို နိုင်တဲ့ ဘက်ကနေ ကူညီပေးကြတာလေးတွေက တော်တော်လည်း ကြည်းနူးစရာကောင်းသလို အတုလည်း ယူစရာ ကောင်းလှပါတယ်။ အခုလို တွေ့ ရမြင်ရ တော့ ကိုယ်တိုင်လည်း နာဂစ်ဖြစ်ဖြစ်ခြင်း နောက်တစ်နေ့ ပဲ အင်တာနက် သတင်းမှာကြည့်လိုက်ရလို့ အဲဒီမနက် အရုဏ်ဆွမ်း ကို ကျောင်းရှိဆရာတော်များနဲ ဘုန်းပေးပြီးချင်း နာဂစ် ဒုက္ခသည်များကို ကိုယ့်နိုင်သလောက် သံဃာ့ဥသျှောင်ရဲ့ တာဝန်ခံ ဆရာ တော်တစ်ပါးကို န၀ကမ္မ ချက်ခြင်းလှူလိုက်ခဲ့တာကို အမှတ်ရပြီး ထပ်ဆင့် ၀မ်းမြောက်ပီတိဖြစ်ပြီး ကုသိုလ်စိတ်တွေ ထပ်ပွားနေမိပါတယ်။

ဒါပေမဲ့ ကိုယ့်ရဲ့ ၀မ်းသာပီတိဖြစ်မူက ကြာရှည်တော့ မခံနိုင်ပါဘူး၊ အစီအစဉ်ကျင်းပတဲ့ စာရင်းထဲမှာ ကြွရောက်လာတဲ့ ဆရာတော်ကြီးများကို တစ်ပါးစီကျ သြ၀ါဒပေးဖို့ လျှောက်ထားတောင်းပန်တဲ့ ဒကာရဲ့ အသံကိုကြားရတဲ့ အခါမှာတော့ ရင်ထဲမှာဖြစ်နေတဲ့ ၀မ်းသာပီတိလေးတွေခင်မျာ ကြက်ပျောက် ငှက်ပျောက်လို့  ပြောရမလား၊ သံပူပြားပေါ်ချလိုက်တဲ့ ရေစက်လို ရှဲးခနဲး အသံသာကြားလိုက်တယ် ရေစက်ရှာမရတော့ သလို ကိုယ့်ရဲ့ ဖြစ်ပုံမှာ ထပ်တူပါပဲ။ ( ဒီထက်မကလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ အဲဒီ အချိန်တုန်းက အခြေအနေကို အခုမှ ပြန်ပြောင်းပြီး စဉ်စားမိတယ် )။

ဟုတ်တယ်လေ------ ကိုယ်က ရဟန်ဝါ အနေနဲ့ ရော စာပေအနေနဲ့ ပါ ဘာမှပြောစရာမရှိအောင်ကို ကွာခြားလွန်းတဲ့ ဆရာတော်ကြီးများကြားထဲ မှာ အခုလို ဆရာတော်ကြီးများနဲ့  အတူသြ၀ါဒပေးဖို့  လျှောက်ထား လာတာကို ကြားရတော့ ကိုယ့်လို့ ပါးမွှားမှ တကယ့် ပိစိလေး ရဲ့ အဖြစ်က ထပြေးလို့ ရရင် ထပြေးချင်တဲ့ စိတ်တွေပေါ်လာတော့တာပေါ့။ ခုနက ပျော်ရွှင်နေတဲ့ စိတ်တွေလည်း အခုတော့ ဆန့် ကျင်ဖက် အခြေအနေ ရောက် သွားတာပေါ့။ ပြီးတော့ လျှောက်ထားလိုက်ပုံက ငြင်းလို့ မရ ရှောင်လို့ မရ ဆရာတော်များ တစ်ပါးကြစီ ဆုံးမသြ၀ါဒ ပေးသနားဖို့ အတွက်တဲ့ လေ။

“ ဆရာတော်များမှ တစ်ပါးကျစီ ဆုံးမသြ၀ါဒ ပေးသနားဖို့ လျှောက်ထားတောင်ပန်းပါတယ် အရှင်ဘုရာ” ဆိုတဲ့ အသံလည်းကြားလိုက်ရော ….. အင် အဲဒီအသံ ကြားကြားခြင်းတော့ ကိုယ်နှလုံးခုန်သံ ကိုယ်ပြန်ကြားရယုံတင်မကဘူး၊ နံဘေးက ဆရာတော်များကြားသွားမလားလို့  ထင်မိ လောက် အောင် တော်တော်လေးပြာသွားတယ်။ နောက်တော့ သေခြာစဉ်စားကြည့်ရင် အဲဒီလျှောက်ထားတဲ့ ဒကာကိုပဲ ကျေးဇူးတင်ရတော့မလို့ ဖြစ်သွားသေး တယ်၊ ဟုတ်တယ်လေ ဆွမ်းဘုန်းပြီးမှ ဒီအစီအစဉ်ကို လျှောက်ထား လို့ ပေါ့။ နို့ မဟုတ်လို့ ကတော့ ဆွမ်းများမဘုန်းရသေးဘူးဆိုရင် အင်း…. အဲဒီနေ့ ကဆွမ်းဟင်းမျိုးစုံရဲ့ အရသာပေါင်းစုံကို စိုးရိမ်စိတ်တဖွားဖွားနဲ့ ဘုန်းပေးရမဲ့ ကိုယ့်အဖြစ်ကိုယ်တွေးကြညြ့်ပီးတော့ အခုလို ဆွမ်းဘုန်းပြီးမှ စီစဉ်ကြတဲ့ ဒကာတော်တွေကိုပဲ အထူးကျေးဇူးတင်ရတော့မလို ။

ကိုယ့်အဖြစ်က ဆရာတော်ကြီးများမှ တစ်ပါးကြစီ အထိုက်အလျောက် ဆုံးမသြ၀ါဒပေးနေတဲ့ စကားတွေကို ကြားပေမဲ့ မခံယူနိုင်တော့ပါဘူး။ ကိုယ့်အလှည့်ရောက်ရင် ဘာပြောရမလည်းဆိုတာကို အပြေးအလွှားတွေးရင်း ဆရာတော်ကြီးများရဲ့ ဆုံးမစကားသံတွေကို မကြားတစ်ချက် ကြား တစ်ချက်နဲ့  သေသေခြာခြာ နှလုံးမသွင်းနိုင်ခဲ့ဘူး။ ကဲအခုမှတော့ မထူးတော့ဘူးလို့ စိတ်ကိုဒုန်းဒုန်း ချလိုက်တော့မှ ခေါင်းထည်း ဖတ်ထားမှတ်ထား သမျှတွေထည်းက အကြောင်းအရာလေး တစ်ခု လက်ခနဲးပေါ်လာတော့တယ်။ ဒီတော့မှ စိတ်ထည်းမှာရော အပြင်မှာပါ နေသာထိုင်သာ ရှိသွား တော့တယ်။

အဲဒီလိုနဲ့ ဆရာတော်များ အလှည့်ကျပြောလာခဲ့တာ ကိုယ့်အလှည့်ရောက်လို့ မိုက်ကရိုဖုန်း လာထိုးပေးတော့ ………“ ဦးဇင်း အနေနဲ့ အခုလို ဆရာတော်ကြီးများရဲ့ ရှေမှောက်မှာ ကိုယ့်ရဲ့ အသက်အရွယ် အတွေ့ အကြုံ မဆိုစလောက်လေးနဲ့ မောင်နာဂစ်ကြောင့် မြန်မာပြည်မှာ ကုသိုလ် သွားလုပ်ကြမဲ့ ကုသိုလ်ရှင် များကို စကားပြောဖို့ အတွက်က တော်တော်လေး အပန်းကြီးပါတယ်။ ဟုတ်ပါတယ် အခုလို ဆရာတော် ဘုရားကြီးများ ရှေးထားပြီး ကိုယ့်အနေနဲ့ ဘယ်လိုနှလုံးသွင်းပြီး ဒကာဒကာမတွေကို ပြောရပါမလဲ လို့ လည်း စိုးရိမ်း နေခဲ့ပါတယ်။ အမှန်အတိုင်းပြောရရင် ဦးဇင်းက မြန်မာပြည်မှာဆိုရင် စာသင်သားအရွယ်ပါ။

ကျန်းမာရေးဆိုတဲ့ အခြေအနေကြောင့် အမေရိကန်ကိုရောက်လာခဲ့ရတော့ စာပေအနေနဲ့ လည်း အားနည်းပါသေးတယ်။ မြန်မာပြည်မှာတုန်းက ဦးဇင်းအနေနဲ့ ဆရာတော်ကြီးများရဲ့ ဆုံးမသြ၀ါဒကိုပဲ ခံယူခဲ့ရတာပါ၊ ကိုယ်ကနေသြ၀ါဒ ပေးဖို့ ဆိုတာကလည်း ဒီလို အခြေအနေမျိုးလည်း မကြုံ မဆုံခဲ့ရပါဘူး။ အဲဒီ သြ၀ါဒ ဆိုတဲ့ စကားလုံးကိုလည်း ကိုယ်ကနေသူများတွေကိုပေးဖို့  အရွယ်လည်း မဟုတ်တော့ ကိုယ်နဲ့ မဆိုင်သလိုနေနေခဲ့တာ အခုတော့ “ မမြင်ချင်မှ ထိပ်တိုက်ကိုတိုး” ဆိုသလို ဖြစ်နေတော့တာပဲပေါ့။

အခုတော့လည်း “ ပေါက်တဲ့ နဖူးမထူးတော့ပါဘူး” ဆိုပြီး ဦးဇင်း သိမှတ်မိသလောက်နဲ့  ပြောရရင် မြန်မာစကားပုံ တစ်ခုရှိပါတယ်၊ ဘာတဲ့လည်း….“ ဆင်ပါးစပ်နှမ်းပက်” ဆိုတာ မြန်မာစကားတတ်သူတိုင်း ကြားယုံနဲ့ တင် နားလည်သဘောပေါက်ကြပါတယ်။ အဓိပ္ပါယ်အလွယ်ဆုံး ကတော့ ဆင်လိုသတ္တ၀ါအတွက် သူပါးစပ်ထည်းကို နှမ်းပတ်ခြင်းက မပြောလောက်အောင် နည်းပါးတယ်လို့  ဆိုလိုတာကို နားလည်သဘောပေါက် လွယ်ကြပါတယ်။

အခုလည်း ဒီကနေ့ မြန်မာပြည်ကို ကုသိုလ်ရှင်များစုပေါင်းပြီး နည်းများမဆို ကုသိုလ်သွားပြုတဲ့ ပွဲက မောင်နာဂစ်ရဲ့ တိုက်ခက်ခဲ့တဲ့ အစွန် အဖျား လောက် ကိုယ်ပဲသွားပြီး ကူညီနိုင်မှာဆိုတာ သိနိုင်ပေမဲ့ ခုနမြန်မာစကားပုံလိုပေါ့ “ ဆင့်ပါးစပ်နှမ်းပတ် “ရတဲ့ အဖြစ်မျိုးပေါ့၊ ဒါပေမဲ့ ဘာမှ မရှိတာ ထက်စာရင် နှမ်းဆိုတဲ့အရာဝတ္ထု တစ်ခုခုတော့ ရှိနေပါသေးတယ်။ အခုလည်း နာဂစ်လက်ချက် ဘယ်လောက်ကြီးမားတယ်ဆိုတာ အားလုံး အသိပါ။ ဒါကြောင့်လည်း Bay Area ကမြန်မာနိုင်ငံသူ/သား ကုသိုလ်ရှင်တွေရဲ့ နည်းများမဟူ ပါဝင်ကုသိုလ်ပြုကြတဲ့ ဒီပွဲကလည် မြန်မာ နိုင်ငံမှာ တိုက်ခိုက်ခဲ့တဲ့ နေရာဒေသအားလုံးကို မကူညီနိုင်ပေမဲ့လည်း နေရာဒေသ အနည်းလေးတော့ ကူညီနိုင်လိမ့်မယ်ဆိုတာတော့ ယုံကြည့်မိပါတယ်။ နေရာဒေသအားလုံးရှိ လူများအတွက် မဟုတ်ပေမဲ့ သွားရောက်မဲ့ နေရာဒေသအနည်းငယ်မှာရှိတဲ့ လူတစ်ချို့ အတွက်ကတော့တန်းဖိုး သိပ်ကြီးပါတယ်။

ပုံပြင်လေးတစ်ပုဒ်လို့ ပေါ့ ။ တစ်ခါတုန်းက ပင်လယ်ကမ်းစပ်မှာ လူငယ်တစ်ယောက်ရေစပ်မှာရှိတဲ့ သဲသောင်ပြင်မှာ လိုက်ပြီး တစ်စုံတစ်ခုကို ကောက်လိုက် ရေစပ်ဆီသွား ရေထဲးသို့ ပစ်လိုက်နဲ့ လုပ်နေတာကို လူတစ်ယောက်က လမ်းလျှောက်နေရင်း အဲဒီလူငယ်လေး လုပ်နေတာကိုမြင်လို့ သေခြာကြည့်တဲ့အခါ ……. ကမ်းစပ်မှာ သောင်တင်နေတဲ့ ခရုတွေ ငါးငယ်လေးတွေကို လိုက်ကောက်ပြီး ရေထဲးပြန်လွတ်နေတာကို တွေလိုက်တော့ အဲဒီလူက ကောင်လေးကိုပြောတယ် “ မင်းအခုလိုလုပ်ပေးတာ ပင်ပန်းရုံပဲရှိမယ် ဒီကမ်းစပ် တစ်လျှောက်မှာ အခုလိုသောင်တင်နေတဲ့ ခရုတွေ ငါးတွေကအများကြီးရယ် ဘယ်လိုလုပ်ပြီး မင်း အကုန် လုပ်နိုင်ပါမလည်းကွာ မထူးခြားသွားပါဘူး” လို့ ပြောတော့ လူငယ်က နောက်ထပ် ငါးငယ် လေး တစ်ကောင်ကို လက်နဲ့ ဖွဖွလေးဖမ်းပြီး ရေထဲပြန်လွတ်ရင်းအခုလိုပြန်ပြောလိုက်တယ်။ “ ဒီ ငါးကလေးအတွက်ကတော့ ထူးခြားသွားပါတယ် ဗျာ”လို့ ပြန်ပြောလိုက်သလိုပေါ့။

အခုလည်း ဆင့်ပါးစပ်နှမ်းပတ်မှု က ဘာမှ မရှိတာထက်စာရင် အထိုက်အလျှောက်တော့ ထိရောက်မှုရှိသွားမှာဖြစ်သလို ဒီလိုပဲ မောင်နာဂစ်ရဲ့ ကြီးမားကျယ်ပြန်တဲ့ ဒုက္ခသည်နယ်နမိတ်ကို Bay Aera မှကုသိုလ်ရှင်များရဲ့ ကူညီမူက နေရာဒေသ အားလုံးကို မကူညီနိုင်တောင် သွားရောက်မဲ့ နေရာဒေသလေး အတွက်တော့ ထူးခြားအကျိုးကြီးသွားမှာကို တွေး မြင်ရောင်မိပါတယ်လို့ ပြောရင်း ဦးဇင်းရဲ့ တိုက်တွန်းစကားကို ဒီမှာပဲ နိဂုံးချုပ်လိုက် ပါတယ် “ အဲဒီလိုလည်း နိဂုံးချုပ်လိုက်တော့ အားလုံး သာဓု ( ၃ ) ကြိမ်ခေါ်ဆိုလိုက်တော့မှရင်ထဲရှိတဲ့ ဘာမှန်းမသိတဲ့ အလုံးကြီးလည်း ပျောက်ကွယ် သွားပါတော့တယ်။

ဟုတ်ပါတယ် … သည်နည်းတူပဲ ကောင်းမှုဆိုတာလည်း ဆင့်ပါးစပ်နှမ်းပတ် သလိုပေါ့ ၊ကိုယ်လည်း သူများတွေလို တရားစခန်းတွေဝင်၊ ရာသက် ပန် ယောဂီတွေလုပ် ပြီး တရားတွေအားထုတ်၊ ၇ရက်စခန်း ၁၀ရက်စခန်း ၁ လ စခန်းစတာတွေမှာ စွမ်းနိုင်သလောက် အားထုတ်နေကြတဲ့ အချိန်မှာ ကိုယ်အနေနဲ့  အခြေအနေမပေးလို့  တရားစခန်းတွေဘာတွေ ရက်ရှည် မ၀င်နိုင်ရင်တောင်မှ အိမ်မှာနေရင်း ၅ပါးသီလကို ခါးဝတ်ပုဆိုးလို မြဲအောင် စောင့်ထိန်းလို့ ၊ လစဉ် ကိုယ်စွမ်းနိုင်သလောက် လပြည့်လကွယ်တွေမှာ ဥပုသ်သီလတွေယူ၊ အချိန်မှန် ဘုရားရှိခိုး သောက်တော်ရေ ၊ ပန်း၊ ဆီမီး၊ ဆွမ်း တော်ကပ် အစရှိတဲ့ ဗုဒ္ဓဝေယျာဝစ္စတွေကို လေးလေးနက်နက်နဲ့ ကုသိုလ်စိတ်အပြည့်ထား အားထုတ်ရင်း အိမ်ရဲ့ အမှုကိစ္စများနှင့် အတူ မိဘလည်း မိဘတာဝန်ကျေ၊ သားသမီးလည်း သားသမီးတာဝန်ကျေအောင် လုပ်ကြမယ်ဆိုရင်ဘာမှ မလုပ်တာထက်စာရင် အခုလိုလုပ်နိုင်တာလေးက ပြောပ လောက်ပါတယ်။ ဟုတ်ပါတယ်နော်…

ဆင့်ပါးစပ်နှမ်းပတ်ခြင်းက ဘာမှ မရှိတာထက်စာရင် နှမ်းဆိုတဲ့ တစ်ခုခုတော့ ရှိသွားပါတယ်။ အရင်ဘာမှမရှိတာထက်စာရင် အခုနည်းနည်း ရှိသွား တာကလည်း ထူးခြားသွားပါတယ်။

စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍ ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ။

ငြိမ်းချမ်းလက် ( ဓမ္မပီတိ )

10.20.10

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP