ကူးမြောက်နိုင်သူ တွေ့ဖူးတယ်
အနားယူရင်း ၊ ဖော့လိုက်ရင်းဖြင့်
မြစ်တွင်းကိုရောက် ၊ အသက်ပျောက်သူ
တစ်ယောက်မက တွေ့ဖူးတယ် ။
မာန်ဟုန်ပြင်းထန် ၊ ကာရံမညှိ
ဝိရိယတစ်ခု ၊ လက်ကိုင်ပြုရင်း
အတင်းလှော်ခတ် ၊ နစ်မြုပ်လတ်သူ
တစ်သူမက တွေ့ဖူးတယ် ။
လှိုင်းလေအကြောင်း ၊လှေအကြောင်းကို
ကောင်းစွာတတ်သိ ၊ ကူးနိုင်ဘိ၍
မိမိမျှော်မှန်း ၊ တစ်ဖက်ကမ်းသို့
ရွှင်လန်းဝမ်းမြောက် ၊ လှမ်းတက်ရောက်သူ
မြောက်များစွာလည်း တွေ့ဖူးတယ် ။
မြစ်တွင်းကိုရောက် ၊ အသက်ပျောက်သူ
တစ်ယောက်မက တွေ့ဖူးတယ် ။
မာန်ဟုန်ပြင်းထန် ၊ ကာရံမညှိ
ဝိရိယတစ်ခု ၊ လက်ကိုင်ပြုရင်း
အတင်းလှော်ခတ် ၊ နစ်မြုပ်လတ်သူ
တစ်သူမက တွေ့ဖူးတယ် ။
လှိုင်းလေအကြောင်း ၊လှေအကြောင်းကို
ကောင်းစွာတတ်သိ ၊ ကူးနိုင်ဘိ၍
မိမိမျှော်မှန်း ၊ တစ်ဖက်ကမ်းသို့
ရွှင်လန်းဝမ်းမြောက် ၊ လှမ်းတက်ရောက်သူ
မြောက်များစွာလည်း တွေ့ဖူးတယ် ။


0 comments:
Post a Comment