* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, September 6, 2009

မွတ္သားဖြယ္ရာ ၀၂


စေတီတည်ထား၍ ကိုးကွယ်မှုနှင့်ပတ်သက်သော သိမှတ်ဖွယ်ရာကို သိလိုသူတို့အတွက်
“မှတ်သားဖွယ်ရာ အမှတ် ၀၂” အနေနဲ့ တင်ပြလိုက်ပါတယ်။ ဘယ်လို ပုဂ္ဂိုလ်ထူး/ ပုဂ္ဂိုလ်မြတ်ကို စေတီတည်ထား ကိုးကွယ်သင့်/ပူဇော်သင့်သလဲဆိုတာ သိစေချင်တဲ့ ဆန္ဒနဲ့ပါ။ ခေတ်အမြင်သဘောကို မလိုက်ဘဲ... ဓမ္မအမြင်သဘောအရ စေတီတည်ထား ကိုးကွယ်ထိုက်သူများကို မသိသေးသူတို့အတွက် တင်ပြခြင်းဖြစ်ပါတယ်။


စေတီတည်ထား ကိုးကွယ်ထိုက်တဲ့ ပုဂ္ဂိုလ် ၄-ဦး

ဒီဃာနိကာယ်၊ မဟာပရိနိဗ္ဗာနသုတ် အဋ္ဌကထာ၌ ပြဆိုထားတဲ့ စတီတည်ထား ကိုးကွယ်ထိုက်တဲ့

ပုဂ္ဂိုလ်-၄-မျိုး--

၁။ ပူဇော်အထူးကိုခံတော်မူထိုက်သောဘုရားရှင်၊

၂။ ဘုရားငယ်ခေါ်=ပစ္စေကဗုဒ္ဓါအရှင်မြတ်များ၊

၃။ သီလဝန္တဖြစ်သော မြတ်စွာဘုရား၏ တပည့်သားများ၊

၎။ စကြာဝတေမင်း။


တခြားပါဠိတော်၊ အဋ္ဌကထာတို့မှာ ပြဆိုထားတဲ့ စေတီထိုက်သော ပုဂ္ဂိုလ်မြတ် ၄-ပါး---

အင်္ဂုတ္တရ။ ပါဠိတော်နှင့် ၄င်း အဋ္ဌကထာတို့၌ပြဆိုထားသော စေတီတည်ထားထိုက်တဲ့ ပုဂ္ဂိုလ် -၄-ယောက်-

၁၊ သမ္မာသမ္ဗုဒ္ဓဘုရား၊ ၂ ပစ္စေကဗုဒ္ဓါ၊ ၃ ရဟန္တာ၊ ၄ စကြာဝတေးမင်း။

ဒီစကား -၂-ရပ်ကို ချုံငုံကြည့်လိုက်မယ်ဆိုရင်.. စေတီတည်ထား ကိုယ်ကွယ်ပူဇော်ထိုက်တဲ့ ပုဂ္ဂိုလ်ထူး/ ပုဂ္ဂိုလ်မြတ်များဟာ

သမ္မာသမ္ဗဒ္ဓဘုရားရှင်၊ ပစ္စေကဗုဒ္ဓါဘုရား၊ ရဟန္တာ၊ စကြာဝတေမင်း- ၄-ဦးပဲ ဖြစ်ပါတယ်။

သာမန် ဘယ်ပုဂ္ဂိုလ်မျိုးကိုမှ စေတီတည်ထားပြီး မကိုးကွယ်ထိုက်ဘူးဆိုတာ သိနိုင်ပါတယ်။


အသိတရားအတိုင်း အမှန်တရားလက်ခံနိုင်ကြပါစေ


မေတ္တာဖြင့် မေမေ့လပြည့်ဝန်းလေး





0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP