ပင့်လျှောက်လွှာပါဘုရား
ရိုသေစွာလျှောက်ထားအပ်ပါသည် သံဃာတော် အရှင်သူမြတ်တို့ဘုရား၊
၃၀-၁၂-၂၀၀၉၊ နေ့တွင် မဟာချိုင်ရှိ မြန်မာနိုင်ငံအရပ်ရပ်မှ လာရောက် အလုပ်လုပ်ကိုင်နေကြသော အလုပ်သမားများမှ စုပေါင်းကာ ဆွမ်းကြီးလောင်းလှူပွဲ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ပြီး၊ နေ့ဆွမ်းဆက်ကပ် လှူဒါန်းမည်ဖြစ်ပါသောကြောင့်။ မြန်မာကျောင်းသားရဟန်းတော်များ အားလုံး ကြွရောက်တော်မူကြပါရန်၊ စေတနာရှင်များကိုယ်စား ပြန်ကြားရေးမှ ရိုသေစွာပင့်လျှောက်အပ်ပါသည်၊ အရှင်သူမြတ်တို့ဘုရား။
ကားကြို / ပို့ အစီအစဉ်။
ဝပ်တလုမ်ကျောင်းမှ နံနက်- ၀၈း၀၀၊နာရီ ဟီးနိုးကားကြီးတစ်စီးထွက်မည်။
ဝပ်မဟာထမှ နံနက်-၀၈း၀၀၊ နာရီ လုတုပ်ကားတစ်စီးထွက်မည်။
မိမိတို့နှင့် နီးစပ်ရာသို့ကြွရောက် စီနင်းလိုက်ပါနိုင်ပါသည်။
မှတ်ချက်။ ။ ဒကာ ဒကာမများတို့၏ တောင်းဆိုချက်အရ( ဖြစ်နိုင်လျှင်) မြန်မာသင်္ကန်များဝတ်ရုံ၍ ကြွရောက်တော်မူကြပါရန် နှင့် သပိတ်များကိုလည်း တပါတည်းယူဆောင်တော်မူလာကြပါရန် ရိုသေလေးစားစွာဖြင့် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည် အရှင်မြတ်တို့ဘုရား။
ပင့်လျှောက်သူ
ဒကာ ဒကာမများကိုယ်စား ပြန်ကြာရေးအဖွဲ့(M.S.M.O)

0 comments:
Post a Comment