* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, November 12, 2009

ဒီအတိုင်းလေး...

10:31 PM | Author: Dhamma Yanant

လုပ်တိုင်းဆင်ပြေ ၀င်ငွေထွားလို့
လာဘပွါးလည်း မကြွားနဲ့လေ…။
အလာဘဆုံ ရှားပါးကြုံလို့
အကုန်များလည်း မဖျားနဲ့လေ…။
ကျော်စောပိုင်နိုင် ခြံရံလှိုင်လို့
သတင်းကြိုင်လည်း မပြိုင်နဲ့လေ…။
ကျော်စောမဲ့ယိုင် မခြံနိုင်လို့
အရံမပိုင်လည်း မငိုင်နဲ့လေ…။
ပြစ်ရှာကားချဲ့ မဲ့ရွဲ့မုန်းလို့
ကဲ့ရဲ့ဖုံးလည်း မနုံးနဲ့လေ…။
ကောင်းမွန်တော်ရာ စာစီကုံးလို့
ချီးမွမ်းတုန်းလည်း မပြုံးနဲ့လေ…။
ကိုယ်စိတ်ကျန်းမာ သုခါထုံလို့
ချမ်းသာပုံလည်း မခုန်နဲ့လေ…။
အနာပေါကာ ရောဂါစုံလို့
ဆင်းရဲကြုံလည်း မဖြုံနဲ့လေ…။
သင်္ချေ သင်္ချာ ကမ္ဘေ ကမ္ဘာမှာ
ကောင်းဆိုးနှစ်တန်
လောကဓံပစ်ကွင်းထဲက
ဘယ်သူများလွတ်ကင်းခဲ့ဖူးလို့လဲ…။
ဒီတော့... နိမ့်မြင့်ဓမ္မတာ ဆုံလေရာ
စိတ်တက်ကြွ ဘ၀င်ကိုင်
မရွှင်နိုင် လက်မှိုင်ချ
သားကောင်ဘ၀ ရုန်းခါထပြီး
ဥပေက္ခာ အတွေးသစ်နဲ့
စာသိအညီ စိတ်မရိုင်းစေဘဲ
တာဒိလေ ဒီအတိုင်းစွဲရင်း
အမွှေမဖက် အနေတတ် အသေမြတ်အောင်
ကြိုးစားဖြတ်သန်းကြစို့လေ…။
(တာဒိ = ဒီအတိုင်း)


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP