* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, October 17, 2009

ဇာတိမလာရေးနှင့်နိဗ္ဗာန်အမြင်-၁၀ (ပိုင်းလော့ဆရာတော်)

တရားကျင့်မည့်သူတို့ အဓိက သိရန်
---------------------------------------

အရှုခံဖြစ်တဲ့ နံပါတ် (၂) အကွက်သည် ဘုရားရှင် ဉာဏ်တော် နဲ့ အခက်ခဲဆုံး ကျက်စားခဲ့တဲ့ အလုပ် ၊ဒါ ကိုဘုန်းဘုန်းတို့ ဘုရားဟော အတိုင်းပြန်သင်ရမှာ။ ဒီလိုသင်တဲ့အခါ အဘိဓမ္မာကျမ်းကို အခြေခံရတယ်။ အဘိဓမ္မာကျမ်း ဟာ မပါလို့ မရဘူး။
ဘုရားက အမိန့်ရှိပြီးသား။ ဒါဟာ ငါဘုရားကိုယ်စား ထားခဲ့တာလို့နော်။ စာပေ ကျမ်းဂန်ကို လက်လွှတ်လို့မရဘူး။ စာမတတ် လို့လည်းမဖြစ်ဘူး။ တတ်စရာ မလိုဘူးလို့ပြောတဲ့ ပုဂ္ဂိုလ်ဟာ အမှားပဲ။ အရေးကြီးတယ်နော်။ ဒါတွေဟာ ဘုရားဟောတွေပဲ၊ အဓိက ကျမ်းဂန်တွေကို အခြေခံရတယ်နော်။ ဘုရားရှင်ကိုယ် တော်မြတ်ကြီးကို အာနန္ဒာ မထေရ် က မေးတယ်။ အရှင်ဘုရား… ဘုရားမရှိတဲ့နောက်မှာ (အိန္ဒိယ ဆိုတာ သိတဲ့အတိုင်းပါပဲ )။ ကျင့်စဉ်တွေအများကြီးပေါ်လာ လိမ့်မယ် ဘုရားတဲ့။ ရှုပ်ယှက်ခတ် ကုန်မှာ သိတယ်နော်။

ဒီတော့ဘယ်ကျင့်စဉ်ဟာ ဘုရားဟော အစစ်ဆိုတာကို တပည့်တော် တို့ခံယူရင် ကောင်းမလဲ ဘုရားလို့ အရှင်အာနန္ဒာ မထေရ်က ကြိုမေးထားတယ်။ ဘုရားရှင် က အာနန္ဒာတဲ့ ၊ ဘယ်နေရာ ကလာလာ ၊ဘယ် ကမ္မဋ္ဌာန်းရိပ်သာ ကလာလာ ၊ပြောချင်တာက ဘယ်လောက် နာမည်ကြီး ပစေ ပေါ့နော်။

သူတို့ နိုင်ငံ မှာ အစုံရှိတာကိုး။ ဒီလိုလာပြီး နည်းပေးပါစေ။ သူပေးတဲ့နည်းတွေကို ချက်ချင်းလည်း မငြင်းလိုက်ပါနဲ့။ ချက်ချင်းလည်း လက်မခံလိုက်ပါနဲ့တဲ့။ လက်ခံပြီးတော့လည်း မကျင့်နဲ့။ ငြင်းလည်း မငြင်းနဲ့ အုံးတဲ့။ ငါဘုရားဟောခဲ့တဲ့ ကျမ်းစာတွေ ရှိတယ်။

သုတ္တံရယ် ၊ဝိနည်း နဲ့ အဘိဓမ္မာ ရယ် ရှိတယ်။ ညီတယ် ဆိုရင် ငါဘုရားတရားလို့မှတ်ပြီး ကျင့်ပါတဲ့။ မညီရင် မကျင့်ပါနဲ့တဲ့နော်။ နားလည်ပြီနော် ။ ဝိပဿနာလည်းသည် အတိုင်း မှတ်ရမယ်။ ကျမ်းနဲ့ညီမှ ဝိပဿနာဖြစ်ရမယ်။ မညီ ရင် မမှန်ဘူးလို့မှတ်လိုက်ပါ။ ရဲရဲတင်းတင်းပဲ ကိုင်ရလိမ့်မယ်။

အခု ဘုန်းဘုန်း တို့ကြည့်ရမှာ ကျမ်းနဲ့ အညီ နိဗ္ဗာန် ဆိုတာဘာလဲဆိုတော့ နိ-ဝါန ။ ဒါဟာကျမ်းနဲ့ ညီ ပြီးသား။ သူက တဏှာ မရှိ ခြင်းသဘော ၊တဏှာ မရှိဘူးဆိုတော့ တဏှာ မရှိအောင်လည်း ရှေ့မှာပေါ်တဲ့ အာရုံအသိမှာ စိတ်-စေတသိတ် ရုပ်တွေ ပေါင်းစပ်ထားတယ် ဆိုတာ သိရင် ဒီ အာရုံအပေါ်မှာ အမှန်သိရင် တဏှာ မရှိဘူး။
အမှန်သိဘို့ အရေးကြီးတယ်။ အဲဒါကို သမ္မာဒိဋ္ဌိခေါ်တယ်။ မဂ္ဂင် ခေါင်းဆောင်ဆိုတာ အမြင်မှန်ကိုပြောတာ။ တစ်နည်းအားဖြင့် ဒီ ငါး ခုဟာ ဝိဉာဏ်၊ နာမ် ရုပ်၊ သဠာယတန၊ ဖဿ ၊ဝေဒနာ အဲဒီ ငါးခုကို တစ်နည်းအားဖြင့် ခန္ဒာငါးပါးလို့ခေါ်တယ်။ ဘယ်လိုခေါ်လဲ ခန္ဓာ ငါးပါး ပါဘုရား။ ) အဲဒီ ခန္ဓာငါးပါး ဆိုတဲ့ စကား မှာပဲလည်တော့တာပဲ။ ခန္ဓာ ဆိုတဲ့စကားရှေ့မှာခံထားတော့ လူတွေ မျက်စိလည် နေကြတယ်။
********************************************************************
ခန္ဓာရှင်းတမ်း
------------------
ဘုန်းဘုန်းမေးမယ် ၊ ခန္ဓာဆိုတာ မြန်မာစကားလို့ ထင်မနေဘူးလား။ (ထင်ပါတယ်ဘုရား)။ မဟုတ်ဘူး။ ပါဠိစကားပါ ။ ခန္ဓာဆိုတာ အပေါင်းအစုလို့ အဓိပ္ပါယ်ရတယ်။ အစုမှန်ရင် ခန္ဓာလို့သုံးတယ် ။ပြတယ်။ အဘိဓာန်ကျမ်းမှာ ခန္ဓာ = အစုအပေါင်းလို့ပြတယ်။
ဥပမာ== ဓမ္မက္ခန္ဓာ ဆိုတာ ကြားဘူးတယ်နော် ။ တရား အစုတဲ့ ဘယ်လိုဟာလဲလို့ ဆရာတော်ကြီးများမေးကြည့်တော့ မင်္ဂလသုတ်မှာ ဆိုရင် ( ပဋိရူပ ဒေသ ဝါသောစ ၊ ပုဗ္ဗေစ ကတ ပုညတာ အတ္တ သမ္မာ ပဏီဓိစ ----ဧတံမင်္ဂလ မုတ္တမံ) ဆိုရင် တစ်စု ၊အဲဒါကို တစ်ခန္ဓာ ခေါ်တယ် ။

ဂါထာလေးတွေ စုထားတယ် မဟုတ်လား။ အဲဒီလို တစ်ခန္ဓာလေးတွေ တစ်ခန္ဓာလေးတွေကို စုပြီး ဘုရားဟောထားတာ (၈၄၀၀၀) ရှိတယ်တဲ့။ ဒီတော့ခန္ဓာဆိုတဲ့စကားသည် အပေါင်းအစု မှန်ရင် သုံးခွင့်ရှိတဲ့စကား။

ဒီကိုယ်လုံးကြီး ကလည်းခန္ဓာပဲ ဆံပင် ကနေ ကျင်ကြီး ကျင်ငယ်အထိ အကုန်ပါပါတယ်။ ၃၂ပါးသော ကောဋ္ဌသတွေ ပေါင်းစုထားတာ ၊ ထသွားရင်ရော ကွဲ ပါ့မလား ( မကွဲပါ ဘုရား..) ဟုတ်တယ်။ ဒါကြောင့်ခန္ဓာလို့ပြောတာ။ ၂- အကွက် ဒုက္ခသစ္စာတဲ့ ၊ ခန္ဓာ ငါးပါးဆိုတာ ဒီကိုယ်လုံးကြီးကိုပြောတာ မဟုတ်ပါဘူး။ဒီဘက်က ငါးပါးအစုကိုပြောတာပါ။

ဒီကိုယ် လုံး ကြီးနဲ့ ဒီငါးပါး ရောရင်တောာ့မ ရဘူး။ ဒီကိုယ် လုံးကြီးကို ခန္ဓာ ငါးပါးထင်ရင်လွဲပြီ။ မိုးကုတ်ဆရာတော် ဘုရားကြီး က အချို့ကျမ်းတွေမှာ ခန္ဓာ ငါပါး တုံးကြီးလို့ သုံးတယ်။ တကယ်တမ်းဆရာတော် ဘုရားကြီးသုံးတဲ့အခါကျတော့ ဒီလိုမဟုတ်တော့ဘူး။

အာရုံဒွါရ မွေးတဲ့ ခန္ဓာ လို့သုံးသွားတယ်။ ခင်ဗျားတို့ တရားရှုပါဆို တော့ ကျုပ်က ရှုခိုင်းတာ က ခွေးဟောင်တဲ့ခန္ဓာကို ရှုခိုင်းတာ မဟုတ်ဘူး လိုလဲ သုံးသွားတယ်။ တချို့ကျမ်းတွေမှာ ဆရာတော်ဘုရားက ခန္ဓာငါးပါးတုံးလို့ သုံးတဲ့ အခါ သုံးတယ်။ အဓိက လိုရင်းကို နောက်ပိုင်းမှာဟောသွားတာက နည်းနည်းတော့ ဉာဏ်ကစားရမယ်နော်။ ရှေ့ပိုင်းဟောသွားတာနဲ့မတူဘူး။

နောက်ပိုင်းခန္ဓာဝန်ချကာနီး ဟောတဲ့တရားတွေက တအားမြင့်တယ်။ ခန္ဓာ ငါးပါးတုံးလို့ မသုံးတော့ပဲ အာရုံ-ဒွါရမွေးတဲ့ ခန္ဓာ ၊ ခွေးမဟောင်တဲ့ ခန္ဓာ လို့ခေါ်တယ်။ ဒါဟာ ဒီ ခန္ဓာ ငါးပါးကို ရှုခိုင်းတာပဲ။ ဒီခန္ဓာငါးပါးနဲ့ ဒီကိုယ်လုံးကြီးဟာ မတူဘူး။ တူတယ် ထင်ရင် မှားလိမ့်မယ်။ နားလည်ပြီလား။ (မှန်ပါ့ဘုရား..)။

စဉ်စား စကားကို က ခန္ဓာချုပ်တာ မြင်ရင် နိဗ္ဗာန်၊ ခန္ဓာ နိရောဓော နိဗ္ဗာန် ဆိုတော့ စဉ်းစား၊ မသေခင် မှာမြင်ရမဲ့ နိဗ္ဗာန် ဖြစနေတာကိုး ။ ဒါကြီးသေမှ မြင်မယ်ဆိုရင် ဟုတ်ပါ့မလား။(မဟုတ်ပါဘူး ဘုရား..)။ သဘောပေါက်ပြီနော်။

မသေခင် ထဲက နိဗ္ဗာန် မြင်ရမယ်လို့ ပြောထားတယ် မဟုတ်လား ၊ဒီတော့ခန္ဓာ နိရောဓ ကို တွေ့မှ မသေခင် နိဗ္ဗာန်တွေ့ မှာပေါ့ ။ တွေ့ လိုတယ်နော်။
ဒါဖြင့် ဒီ ခန္ဓာသည် ဘယ်လို သဘော ပေါ်သလဲဆိုတောာ့ အာရုံ ဒွါရ တိုက်ချိန်မှာ ပေါ်တာ။ အဲဒီ အချိန်ကို ဘုရားက ဘဝလို့ ခေါ်တယ်နော်။

သစ္စာသည် ဒုက္ခသစ္စာ လို့ ခေါ်တယ်။ အဲဒီ ခန္ဓာ ကို ဘုန်းဘုန်း တို့သဘော ပေါက်အောင် မှတ်ရမှာနော်။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP