* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, October 6, 2009

*ေနကေမြးတဲ့လ*



အလို…
ဝင်း ၀ါရောင်အဆင်းနဲ့
ဟိုးအ
မြင့် ထက်မှာ
လင်းအားကောင်းလှချည်လား
ရှင်နေမင်းရယ်။

အကျွန်ုပ်လေ
အရှင့်ဆီက
အလင်းဓါတ်တွေ
အပူစွမ်းအားတွေ
စတဲ့ စတဲ့
အကျိုးကျေးဇူးတွေ
ရရှိခံစား စံစားနိုင်လို့
အကျွန်ုပ်ကို
ပေးဝေငှ ထွန်းလှစေလို့
ပျက်သုဉ်းမသွားတဲ့
လက်သုံးစကားလေးနဲ့
ရှေးရှုကာ ဖြေရှင်းလိုက်တော့
ကျေးဇူးပါ နေမင်း…။

အို…
ဖိုး ရွှေလမင်း
ငွေ
သား အဆင်းနဲ့
ရှင်းသန့်သန့် တင့်လိုက်တာ
အသင်လည်း
ဝင်းဝါနေမင်းလို
ဟိုးအမြင့်မှာပဲနော်။

အသင့်ကိုလည်း
ဘေးမခစေတဲ့
အေးမြဆောင်ကျဉ်း
အလင်းတွေပေးနေလို့
အလေးဂရုပြုကာ ပြနှင်းတော့
ကျေးဇူးပါ လမင်း...။

စိတ်ကူးစေရာသို့
ဝေဒနာ နောက်ကလိုက်ရင်း
(အကျွန်ုပ်) ဖြေရှာတွေးကြည့်ရသော်
အော်…
နေ ကမွေးသည့် ပါလား…။ ။


++++++++++++++++++++++++++++++++++++++++++++++++++++++++++++


နေမင်း = လက်ဦးဆရာ မိဘနှစ်ပါးနှင့် သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာအပေါင်း။
လမင်း = အကျွန်ုပ်

>>> မွေးကျေးဇူး၊ ကျွေးကျေးဇူးရှင် လက်ဦးဆရာ မိဘနှစ်ပါး၊ ၀ိပဿနာအလင်း ဖြန့်ခင်းပေးခဲ့သော၊ ဖြန့်ခင်းပေးဆဲဖြစ်သော၊ ဖြန့်ခင်းပေးလတ့္တံသော
ကိုဝင်းမြင့် မသိသေးသည်များ သိအောင် သွန်သင်ဆုံးမ နည်းပြပေးခဲ့သော၊ သွန်သင်ဆုံးမ နည်းပြပေးဆဲဖြစ်သော၊ သွန်သင်ဆုံးမ နည်းပြပေးလတ္တံ့သော ဘုန်းဘုန်း ဦးကောဝိဒ ဘုန်းဘုန်း သာဓိန၊ ဘုန်းဘုန်း ဦးကုမာရ၊ ဘုန်းဘုန်း ဦးနာယကာလင်္ကာရ ဦးဇင်း ၀ိဇ္ဇောတကိုဥပါသကာ ကိုလေလွှင့်သူ ကိုအလှတရား နှင့်တကွ အကျွန်ုပ်၏ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာ အပေါင်းတို့အား ဤကဗျာလေးဖြင့် ၀ပ်တွားခယ မာန်ကိုချလို့ တလေးတစား ဦးတင်လျက် ပူဇော်လိုက်ပါရစေ။


+++++++++++++++++++++++++++++++++++++++++++++++++++++++++++++


ဒီကဗျာလေးက ကျွန်တော် ဒီဘလော့မှာ ဖော်ပြပြီးသားပါ။ သို့ပေမယ့်လည်း ကျေးဇူးရှင်တို့၏ ဂုဏ်၊ ကျေးဇူးတို့ကို ပြန်လည် အောက်မေ့မိလို့ ဒုတိယအကြိမ် ထပ်မံ ဖော်ပြလိုက်ရ ပါတယ်...။ ပထမတစ်ခါ ရေးထားတဲ့ မူရင်းအတိုင်း ဖော်ပြတာဖြစ်လို့ ဒီနေရာမှာတော့ ကျွန်တော့်ကို သွန်သင် ဆုံးမပေးနေတဲ့ ကျေးဇူးရှင်တွေ အကုန်လုံးရဲ့ အမည်နာမတွေတော့ မပါဝင်ပါဘူး ခင်ဗျာ... အဲဒါကိုလည်း ကျေးဇူးရှင် ဆရာသမားတို့ အနေနဲ့ နားလည်ခွင့်လွှတ်ပေးဖို့ ဒီနေရာကနေပဲ ရိုသေစွာ ဦးညွတ်ရင်း တောင်းပန်လိုက် ပါရစေ။


လေးစားရိုသေစွာဖြင့်
ဖိုးသား



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP