* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, October 12, 2009

အနာကြီးရောဂါသည်များအတွက် အလှူ

အလှူခံ ရောက်လာသော အဘွားတစ်ဦးကို တွဲထူပေးနေစဉ်

အနာကြီးရောဂါဒဏ် ခံစားခဲ့ရသည့် အဘွားများ


ရောဂါခံစားခဲ့ရသည့် ဦးကြီးများအား လှူဒါန်းသည့် မုန့်ထုပ်များနှင့်အတူ
မြရတနာကျောင်းမှ ကျောင်းထိုင်ဆရာတော်

အနာကြီးရောဂါဝေဒနာ ခံစားခဲ့ရသူ အဘိုးအဘွားများအတွက် စက်တင်ဘာ ၆ ရက်နေ့က စစ်ကိုင်း မြရတနာ ကျေးရွာမှာ အလှူဒါန ပြုခဲ့ပါတယ်။ ပြည်ပမှ အလှူရှင်များကိုယ်စား ဆရာတော် ဦးကောဝိဒ၊ ကိုထက် (ရွှေအိမ်ဖြူ တယ်လီဖုန်း ရောင်းဝယ်ရေး)နဲ့ မိတ်ဆွေများက သွားရောက် စီစဉ် လှူဒါန်းပေးခဲ့ပါတယ်။

အနာကြီးရောဂါ ပျောက်ကင်းသွားပေမယ့် ဝေဒနာကြောင့် ကိုယ်အင်္ဂါ ထိခိုက်ခံစားခဲ့ရသူ အဘိုးအဘွား ၉ ဦးကို တစ်ဦး ငွေ ကျပ် တစ်သောင်းစီနဲ့ စားစရာ မုန့်ထုပ်များ ဒါနပြု ဝေငှပါတယ်။
''မုန့်ထုပ်တွေ၊ စားစရာတွေ၊ ပိုက်ဆံ တစ်သောင်းစီ ပါတယ်။ အားလုံးပေါင်း လူကြီး ၉ ယောက်၊ အနာတွေနဲ့ဟာပေါ့။ နောက်ထပ် အပြင်မှာေ၇ာက်နေတဲ့ ဟာတွေရော အိမ်ထောင်စုဦးရေရယ်၊ ဆေးလက်ရှိ သောက်နေရတဲ့ ဦးရေရယ် စာရင်းတောင်းထားတယ်''
ကား ကိုယ်တိုင်မောင်းပြီး မိတ်တွေများနဲ့ သွားရောက် လှူဒါန်းပေးခဲ့တဲ့ ကိုထက်က ပြောပြတာပါ။ မြရတနာ မူလတန်းကျောင်းက ဆရာဆရာမများကိုလဲ တစ်ဦး တစ်သောင်းကျပ်စီ လှူဒါန်းခဲ့ပါတယ်။
''သူတို့ စားဝတ်နေရေးကတော့ အပြင် ကြုံရာ သွားလုပ်စားနေရတယ်။ ကျောင်းဖွင့်ရက်ဆိုတော့ ကျောင်းသားလေးတွေကို ချိုချဉ်တွေ မုန့်ထုပ်တွေ ဝေလိုက်တယ်။ ကျွန်တော်တို့ မိတ်ဆွေတွေ ပါလာတော့ သူတို့ကလဲ ၅ သောင်း ထပ်လှူတယ်''
မြရတနာ ရွာမှာ အနာကြီးရောဂါ ခံစားခဲ့ရတဲ့ ဝေဒနာသည်များနဲ့ မိသားစုဝင်များ နေထိုင်ကြပါတယ်။ အသီးအနှံတွေ စိုက်ပျိုးကြပေမယ့် သူတို့ခြံထွက် အသီးအနှံတွေကို ဝယ်ယူစားသုံးမယ့်သူ မရှိပါဘူး။ ရွာဦးကျောင်းက ဆရာတော်လဲ ရဟန်းဘဝမှာ ဒီဝေဒနာ စွဲကပ်လာလို့ အမျိုးမျိုး ကုသပေမယ့် နှစ်ရှည် ဝေဒနာဒဏ် ခံစားခဲ့ရပြီး ဒီရွာကို ရောက်ရှိ ကျောင်းထိုင်နေတဲ့ ဘဝတူ ဆရာတော် ဖြစ်ပါတယ်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP