* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, August 7, 2009

ကုသိုလ်ကိုနယ်လေးပါးနှင့်ပိုင်းခြားခြင်း

ဘဝတစ်ခု ရလာခြင်းသည် ငါးနှစ် ဆယ်နှစ် တစ်ပြိုင်တည်းရလာခြင်းမဟုတ်ပါဘူး။ တစ်လ တစ်ရက် တစ်မိနစ်လည်း တစ်ပြိုင်တည်း ရလာခြင်းမဟုတ်ပါဘူး။ တစ်စက္ကန့်ချင်း တစ်စက္ကန့်ချင်း ရလာရတာဖြစ်ပါတယ်။တစ်စက္ကန့် ကိုပင် ကုဋေ တစ်သိန်းစိတ်လိုက်ပြီး ထိုတစိစိတ်သည် ပင် အသက်ရှည်ခြင်းဖြစ်ပါတယ်။

တစ်စက္ကန့်ကို ဘာကြောင့် ကုဋေ တစ်သိန်းစိတ်ရလဲဆိုရင် (လျှပ်တစ်ပြက် မျက်စိတစ်မှိတ်အတွင်း ရုပ်ပါင်း ကုဋေငါးထောင်ဖြစ်ပျက်တယ်။ နာမ်ပေါင်ကုဋေ တစ်သိန်း ဖြစ်ပျက်တယ်။)ဟုဘုရားဟောထားသောကြောင့် ဖြစ်ပါတယ်။

ထိုတစ်စက္ကန့် ကုဋေတစ်သိန်း အစိတ်ထဲမှ တစိတ်ကို ဘဝလို့ခေါ်ပါတယ်။ (မွေးသေ) ဟုလည်းကောင်း (သဘောမျှ သက်သက်) ဟု လည်းကောင်း နာမည်တပ် ပြောဆိုကြပါတယ်။

ကုသိုလ်တရားဟူသည် စိတ်မှာမှီ ပြီးဖြစ်ရသောကြောင့် စိတ်ဖြစ်ပျက်တိုင်း သူလည်းဖြစ်ပျက်နေရမည်။ တစ်စက္ကန့်တွင် စိတ်သည် ကုဋေ တစ်သိန်း ဖြစ်ပျက် သောကြောင့် ကုသိုလ်တရားသည်လည်း စိတ်နည်းတူ ကုဋေတစ်သိန်း သာလျှင် ဖြစ်ပျက်နေမည်။

ရှာ၍ တွေ့နိုင်သော တရားမဟုတ်။ နားလည် သဘောပေါက်ရမည့် တရား သာဖြစ်ပါတယ်။ ကုသိုလ်စိတ်သည် ထိုကုဋေ တစ်သိန်းသော အစိတ်များထဲမှ တစ်ခုသာ အသက်ရှည်ပါတယ်။ ထိုကုသိုလ်စိတ် ၏ ဖြစ်ပျက်မှု သဘောကို နားလည် သဘောပေါက် လိုက်လျှင် အဆင်းသန္တန် အထည်အထင်ကြီး ပျောက်ငြိမ်းသွားပါတယ်။

ဤသို့ အမှန်အတိုင်း သိမြင်ခြင်းကို (ဝိဇ္ဇာဉာဏ်လို့ ခေါ်ပါတယ်)။ဤ ဉာဏ်အားကောင်းရင် ကောင်းသလောက် အဟုတ်ထင်ခြင်း အဝိဇ္ဇာ ကြောင့် ဆူခြင်း ပူခြင်း များ ငြိမ်းအေး သွားပါတယ်။ ဤ ဝိဇ္ဇာဉာဏ်သည် ဝိဇ္ဇာမာန ပညတ်နယ်ကို ကျော်လွန်ပြီး (သဘောနယ်)ကို သက်ဝင်သိမြင်လာပါတယ်။

တစ်စက္ကန့်အတွင်း ကုဋေတစ်သိန်း စိတ်ပြီး ထိုဖြစ်ပျက် တစ်စိတ်ဖြစ်သော ကုသိုလ်စိတ်ထဲတွင် အကြောင်းအကျိုး တရားပါဝင်နေပါတယ်။ စွန့်လွှတ်ခြင်း အမှတ်အသားလက္ခဏာ သည် အကြောင်းဖြစ်ပြီး ချမ်းသာခြင်းအမှတ်အသား လက္ခဏာသည် အကျိုးတရား ဖြစ်ပါတယ်။

ချမ်းသာခြင်း အကျိုးတရားသည် စွန့်လွှတ်ခြင်း အကြောင်းတရား မပါပဲ လုံးဝ မဖြစ်နိုင်ပါဘူး။ အတိတ်တုံးကလည်း မဖြစ်ခဲ့ပါဘူး။ ပစ္စုပ္ပန်မှာလည်း မဖြစ်နိုင်ပါဘူး။ အနာဂတ်မှာ လည်း အကြောင်း မပါပဲလုံးဝ ဖြစ်နိုင်မှာမဟုတ်ပါဘူး။

ကိုယ်ပိုင်စွမ်းအား အနှစ်သာရ ဖြင့် ဖြစ်နိုင်ခြင်းမှ မူလက ပျက်နေတဲ့သဘော ပဲရှိပါတယ်။ မူလပျက် သဘောတရား ပဲရှိပါတယ်။

စွန့်လွှတ်ခြင်း လက္ခဏာ သဘောသည်လည်း နှလုံးသွင်းမှန်ခြင်း ယောနိသောမနသိကာရ ကြောင့်ဖြစ်ရပါတယ်။ အကြောင်းတရား မပါဘဲ စွန့်လွှတ်ခြင်း သဘောသည် ကာလသုံးပါးလုံးမှာ လုံးဝ မဖြစ်နိုင်ပါဘူး။ မူလပျက် သဘောသာရှိပါတယ်။

ဤ မူလပျက်သဘောကို နားလည် သဘောပေါက်လျှင် သုညနယ်ကို အသိဉာဏ် ရောက်ပါတယ်။ တစ်စက္ကန့် အတွင်းမှာ ကုဋေတစ်သိန်း သော အစိတ်ထဲမှတစ်ခုသော ကုသိုလ်စိတ်၏ ဘာမှမဟုတ်ခြင်း သဘောတစ်ခုနှင့် ကိုယ်ပိုင်စွမ်းအားအနှစ်သာရ မှ မူလကပျက်နေသာ မူလပျက် သဘောတစ်ခုသာ ရှိတယ်ဟု အသိဉာဏ် ဖြစ်လာပါတယ်။

ဥပမာ–လူတစ်ယောက်မှာ ငွေတစ်ပြား ရှိတယ်ဆိုပါတော့။ ထို ငွေ တစ်ပြားဟာ ယခုခေတ် အနေနှင့် ဘာမှတန်ဘိုး မရှိပါဘူး။ ဘာမှတန်ဘိုး မရှိသော ငွေတစ်ပြား သည်ပင်လျှင် သူတစ်ပါးဆိက ချေးထားရတာပါ ဆိုလျှင် ပိုပြီး အသုံးမကျတော့ပါဘူး။

ထို့အတူ ကုသိုလ်တရား တစ်ခုမှာ—- တစ်စက္ကန့် ၏ ကုဋေတစ်သိန်း အစိတ်ထဲမှ တစ်ခုသာဖြစ်၍ ဘာတန်ဘိုးမှ မရှိသည့် အပြင် အကြောင်းမပါရင် လုံးဝမဖြစ်နိုင်သော ကြောင့်ပို၍ တန်ဘိုး မရှိခြင်းဖြစ်ပါတယ်။

သိလို့ရသောအသေးဆုံး ကုသိုလ်စိတ် တစ်ခုကို ဖြစ်ပျက်နိုင်သော ကိုယ်ပိုင် အနှစ်သာရ ရှိတယ်ဟု အဟုတ်ထင် နေသေးရင် (ငါသိတာပဲဟုတ်တယ်၊ ကျန်တာမဟုတ်ဘူး) ဟူသော အဓိပ္ပါယ်ပါနိုင် သေးသောကြောင့် အဝိဇ္ဇာ ဖြစ်ပါ တယ်။ အလွန်သိမ်မွေ့ပါတယ်။ မူလပျက် –လို့သဘောပေါက်ရင်တော့ဝိဇ္ဇာ ဉာဏ်ဖြစ်ပါတယ်။

အကျဉ်းချုပ်လိုက်လျှင် —အဝိဇ္ဇာမာန ပညတ်နယ်နှင့် ဝိဇ္ဇာမာနပညတ်နယ် (၂)ခုသည် ဝိဇ္ဇာဉာဏ် ဖြင့် စိစစ်သောအခါ စိတ်မှာ ထင်ရုံမျှသာဖြစ်၍ အမှန်တကယ် အားဖြင့် မရှိသောကြောင့် ဘာမှ မဟုတ်ပါဘူး။

သဘောနယ်နှင့် သုညနယ် နှစ်ခုသည် အမှန်တကယ် အားဖြင့်ရှိသော်လည်း အသုံးမကျ အနှစ်သာရ လုံးဝ မရှိသောကြောင့် ဘာမှမဟုတ်ပါဘူး။ နယ်(၄)ပါးလုံး (ဘာမှ မဟုတ်ဘူး)ဟုသိမြင်ခြင်းသည် ဝိဇ္ဇာဉာဏ် ဖြစ်ပြီး ကိုယ်သိတာ အဟုတ်ထင် နေခြင်းသည် (အဝိဇ္ဇာ)ဖြစ်နေပါတယ်။ စိတ်မှာထင်လာသော အထည် အထင်ကို ပယ်ရမှာ လုံးဝမဟုတ်ပါဘူး။ ထိုအထည် ကို မှီပြီး အဟုတ်ထင်ခြင်း အဝိဇ္ဇာ ကိုသာ ပယ်ရမှာဖြစ်ပါတယ်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP